Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတုပြောင်းလဲမှုကြောင့် ဈေးကွက်ဝင်ငါးသလောက် အထိအမိနည်းလာ

ပြည်ပပို့ကုန်လျော့ကျချိန်၌ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ပြင်မှဈေးကွက်ဝင်ငါးသလောက် ဖမ်းဆီးရရှိမှု

ယခုနှစ်ဆန်းပိုင်းတွင် ယမန်နှစ်ထက်ကျဆင်းလာ၍ ငါးအထိအမိနည်းလာရာ ရေလုပ်သားတို့ အခက်အခဲကြားရုန်းကန်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေရေလုပ်သားများထံမှ သိရသည်။

လက်ခုပ်ကုန်းကမ်းခြေနှင့်ကပ်လျက်ရှိသော ဆယ်အိမ်တန်းကျေးရွာတွင် အိမ်ထောင်စု ၅၀၀ ၌ ရေလုပ်ငန်းလုပ်ကိုင်သူ ၄၀၀ ခန့်ရှိရာ စိုက်ပျိုးရေးလုပ်ကိုင်သူ ၃၀ ရာခိုင်နှုန်းရှိကြောင်း ပြာသို၊ တပို့တွဲလတွင် ငါးအထိအမိရှိသောလဖြစ်သော်လည်း ဇန်နဝါရီလဆန်း၌ ပင်လယ်ပြင်မိုးအုံ့ဆိုင်းခြင်းနှင့် ရေဖွဲဖွဲကျဆင်း ခြင်းတို့ကြောင့် နှင်းရေသောက်သော ငါးသလောက်ငါးများနှင့် ပင်လယ်ငါးများကမ်းစပ်ရေတိမ်ပိုင်းသို့ ဝင်ရောက်မှုလျော့နည်းလာရာတစ်ရက်နှစ်ကြိမ်ကမ်းနီးငါးဖမ်းရာ၌ ငါးရရှိမှုလျော့ကျလာခြင်းဖြစ်သည်။ “အခု ၁၁ နာရီခွဲဆိုတော့ ၁၂ နာရီရေတက်ပြီး။ ပင်လယ်မှာ မွန်းလွဲ ၁ နာရီနဲ့နံနက်၂ နာရီ နှစ်ကြိမ်ပိုက်ချတယ်။ တစ်ကြိမ်ပိုက်ချရင် ၃ နာရီကြာတယ်။ နံနက်ပိုင်းမှာပိုရတာက ငါးသလောက်ကနှင်းရေသောက်တယ်လေ။ နှင်းပါးပါးကျရင်ပိုရတယ်။ လဆန်းပိုင်းကစပြီးငါးမတိုးတာက မိုးအုံ့၊ မိုးဖွဲဖွဲကျတော့ကမ်းကိုငါးမဝင်ဘူး။ ဆီဖိုးနဲ့လူအငှားစရိတ် စိုက်နေရတယ်။ ငါးရရင်လည်းနည်းတယ်။ မနှစ်ထက်နည်းလာတယ်လို့ပြောရမယ်။ သဘာဝကြောင့်ဆိုတော့ဘာတတ်နိုင်မှာလဲလေ။ တစ်နှစ်ထက်တစ်နှစ်ငါးရှားလာတာလည်းတွေ့ရတယ်” ဟု ဆယ်အိမ်တန်းရွာမှ ရေလုပ်သားကြီးဦးငယ်က ပြောသည်။

ငါးသလောက်တစ်ပိဿာဆိုဒ်လျင်ကျပ် ၃၀၀၀၀ ခန့်ရှိပြီး တစ်ပိဿာဆိုက်အောက်ဈေးနှုန်းမှာ ကျပ်၂၀၀၀၀ မှ ကျပ် ၈၀၀၀ ထိရှိ၍ ယမန်နှစ်၊ နှစ်ဆန်းပိုင်းက တစ်ပိဿာကျပ် ၄၀၀၀၀ ဈေးရှိခဲ့ရာ ငါးအထိအမိကောင်း၍ ဈေးရသောကြောင့် ရေလုပ်သားများအဆင်ပြေခဲ့ကြောင်း၊ ယခုတစ်ရက်နှစ်ကြိမ်ဖမ်းဆီးရာ၌ကျပ်၂၀၀၀၀ မှ ၄၀၀၀၀ ခန့်သာရရှိပြီး မရသောရေလုပ်သားများလည်းရှိကြောင်း၊ စက်လှေပိုင်ရှင်နှင့်အတူဖမ်းဆီးသည့်အကူ တစ်ဦးလျင် လေးပုံ၊ တစ်ပုံပေးရသောကြောင့် စက်လှေ၊ ပိုက်ပြင်ဆင်စရိတ်နှင့်ဆီဖိုး၊ အလုပ်သမားအကူခစရိတ် ဖြင့် ရေလုပ်သား များရုန်းကန်နေရကြောင်း ၊ ပင်လယ်ပြင်၌ တော်သလင်း၊ သီတင်းကျွတ်လမှာငါးအများဆုံးရသောလဖြစ်၍ ပါးစပ်စိုသောလဖြစ်ပြီး ဇန်နဝါရီလတွင်လည်း ငါးရသောလဖြစ်ကြောင်း၊ တစ်ချိန်က ကပ်သပေါင်း၊ ငါးယောင်၊ ကပ်သမျှင်ငါးများ ပျောက်ကွက်သွားပြီး ငါးသလောက်၊ ငါးပုပ်သင်၊ ငါးတန်၊ ငါးနတ်ကတော်၊ ပင်လယ်ငါးစင်ရိုင်း၊ ပုစွန်၊ ကဏန်းကျန်ရှိရာ ၂ နာရီခန့်မောင်းရသော ကမ်းနီးပင်လယ်ပြင်ရေအနက်ပေ ၃၀ တွင် ၄ လက်မပိုက်ဖြင့် ဖမ်းဆီးလျက် ဈေးအရဆုံးဖြစ်သော ငါးသလောက်ဈေးနှုန်းမှာ ယမန်နှစ်ထက်ဈေးကျကာ ငါးအထိအမိနည်းလာကြောင်း သိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)