Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး ဇုန်၌ ပဲတီစိမ်းမှ လွဲပြီး ပဲအမျိုးမျိုးနှင့် ကုန်စည်တချို့ အရောင်းအဝယ်ရပ်တန့်

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ နယ်စပ်၌ တာဝန်ရှိသူများ၏ စစ်ဆေးမှုများကြောင့် မူဆယ် (၁ဝ၅) မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်တွင် ပဲတီစိမ်းတစ်မျိုးမှ လွဲပြီး

တခြားပဲအမျိုးမျိုးနှင့် ကုန်စည်တချို့ အရောင်းအဝယ် မရှိဘဲ ရပ်တန့်နေကြောင်း အဆိုပါ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။

 

 

''ဒီရက်ပိုင်း တရုတ်နိုင်ငံနယ်စပ်မှာ စစ်ဆေးမှုတွေများနေတယ်။ အရင်ကလို မဟုတ်တော့ဘူး။ ပဲတီစိမ်းကလွဲလို့  ကျန်တဲ့ကုန်စည်တွေက  အရောင်းအဝယ်  ရပ်တန့်ထားရတယ်''  ဟု  မူဆယ်မြို့မှ ကုန်သည် ဦးအိုက်ပေါင်း ကပြောကြားခဲ့ပါတယ်။

 

 

လက်ရှိ  မူဆယ်(၁ဝ၅)မိုင်  နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပဲယဉ်း၊  ပဲကြီး၊ ပဲလွန်းဖြူ၊ ပဲပုပ်စေ့၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ မတ်ပဲ (FAQ)၊ မတ်ပဲ (SQ)နှင့် မြေပဲဆန် စသည့် ပဲအမျိုးအစားများမှာ အရောင်းအဝယ် လုံးဝ ရပ်တန့်ထားရကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရပါတယ်။

 

 

''သူတို့ဘက်က ပဲဈေးကွက်ပြန်ဖွင့်ပေးမှ အရောင်းပြန်သွက်မယ့် သဘောဖြစ်နေတယ်။အခုကုန်သွယ်ရေးဇုန်မှာ   ပဲတွေပုံနေလို့ မန္တလေးနဲ့ မကွေးဘက်က ကုန်သည်တွေကို ထပ်မပို့ကြဖို့ ပြောထားရတယ်။ ဒီပုံစံအတိုင်းဆိုရင် ပဲဈေးကွက်ပြန်ကောင်းလာဖို့ တော်တော်စောင့်ရဦးမယ် ထင်တယ်'' ဟု မူဆယ် (၁ဝ၅)   မိုင်  နယ်စပ်ကုန်သွယ်ရေးဇုန်မှကုန်သည် ဦးထွန်းလူ ကပြောကြားခဲ့ပါတယ်။

 

 

အလားတူ နှမ်းဆိုလျှင်လည်း အခွံချွတ်နှမ်းတစ်မျိုးကိုသာ  အရောင်းအဝယ်ရှိပြီး ကျန်သည့် နှမ်းနက်(စမုန်)၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူတို့မှာ အရောင်းအဝယ်လုံးဝမရှိဘဲ ရပ်တန့်နေသည်။ ပဲဈေးကွက်၊ နှမ်းဈေးကွက်များနည်းတူ သကြားနှင့် ပြောင်းဈေးကွက်တို့သည်လည်း အရောင်းအဝယ် ရပ်တန့်နေသည်မှာ တစ်လကျော်နေပြီဖြစ်ကြောင်း သိရပါတယ်။

 

 

ပြည်တွင်း၌ မကြာမီ ရောက်ရှိလာမည့် ကြံနှင့် ပြောင်းပေါ်ချိန်ဖြစ်သောကြောင့် ဈေးကွက်အတွင်း အခက်အခဲ ဖြစ်လာမည်ကို   တောင်သူများနှင့် ကုန်သည်များက စိုးရိမ်ပူပန်နေကြကြောင်း  သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(1 Vote)