Food & Livestock



ဖိလစ်ပိုင် ဆန်တန်ချိန် ၁၁ သိန်း တင်သွင်း

ဖိလစ်ပိုင် ဆန်တန်ချိန် ၁၁ သိန်း တင်သွင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အယ်နီညို ခြောက်သွေ့ရာသီဥတုကြောင့် စပါးအထွက်နှုန်း ဆုံးရှုံးမှုများကို ကာမိဖို့ မက်ထရစ်တန် ၅၀၀,၀၀၀ ဝန်းကျင် ထပ်မံတင်သွင်းဖို့ ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက အကြံပြုထားကြောင်း စိုက်ပျိုးရေ လက်‌ထောက်အတွင်းဝန် Mercedita Sombilla က ဗုဒ္ဓဟူးနေ့(ဩဂုတ် ၁၆)တွင်  ပြောကြားသည်။ 

 

 ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတစ်ခု ဖြစ်သည့် ဖိလစ်ပိုင်သည် ထပ်တိုး တင်သွင်းမည့် ဆန် တန်ချိန် ၅ သိန်းကို ပုဂ္ဂလိက ကုန်သည်များက တင်သွင်းမည် ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလနှင့် နောက်နှစ် ဇန်နဝါရီလအထိ ကာလအတွင်း ဖိလစ်ပိုင်သို့ ဆန်များ ရောက်ရှိရန် လျာထားသည်။

ယခု  ဆန်တန်ချိန် ၅ သိန်းသည် ယခင်က ပုဂ္ဂလိကကုန်သည်များ တင်သွင်းရန် ခွင့်ပြုထားသည့် ပမာဏအပြင် ထပ်တိုး လိုက်ခြင်း ဖြစ်သည်။

ယခင်ခွင့်ပြုခဲ့သည့် ဆန်တန်ချိန်တွင် တန်ချိန် ၃ သိန်းသည် ယခု ဩဂုတ်လကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာလတွင် နောက်ထပ် တန်ချိန် ၃ သိန်း ထပ်မံရောက်ရှိမည် ဖြစ်သည်။

 

ယခုနှစ်တွင် ယခုအထိ ဖိလစ်ပိုင် ဆန်တင်သွင်းမှုတွင် ၈၉ ရာခိုင်နှုန်းသည် ဗီယက်နမ်မှဖြစ်ပြီး ကျန်သည် ရာခိုင်နှုန်းမှာ  မြန်မာ၊ ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယတို့မှဖြစ်ကြောင်း Sombilla က ပြောသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် တင်သွင်းသည့်ဆန် လက်လီဈေးနှုန်းများ၊ ပြည်တွင်းထုတ်ဆန် လက်လီဈေးနှုန်းများသည် ယခုလအတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစိုးရမှ အချက်အလက် ထုတ်ပြန်သည်။ 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 16 August 2023 23:50
Rate this item
(0 votes)