Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးစျေးကွက်တွင် ပဲနီပြား သုံးတင်းဝင်တစ်အိတ်လျှင် ၁၁၀၀၀၀ ပေါက်စျေးရှိ

မန္တလေးစျေးကွက်တွင် ပဲနီပြား သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ပေါက်စျေးရှိလာကြောင်း

ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) အတွင်းရေးမှူး ကပြောပြ၍ သိရသည်။

 

ယခုအခါ ပဲနီပြားများကို ပြည်ပနိုင်ငံများက ဝယ်ယူမှုများရှိသည့်အပြင် ပြည်တွင်း၌ပါ အရောင်းအဝယ် ကောင်းလာခြင်းကြောင့် ပဲနီပြားများ စျေးကောင်းရရှိလာကြောင်း သိရသည်။

 

“ပဲနီပြားက မန္တလေးစျေးကွက်ထဲမှာ အခုလတ်တလော အရောင်းအဝယ်ကောင်းတဲ့ အမျိုးအစားထဲမှာပါတယ်။ အခုလက်ရှိမှာတော့ ပဲနီပြားတွေ စျေးကောင်းပေးပြီး ဝယ်ယူနေတာကြောင့် စျေးကောင်းပြန်ရနေပါတယ်။ အခု မန္တလေးစျေးကွက်ထဲမှာ ပဲနီပြားက ပဲအမျိုးအစားထဲမှာ အရောင်းအဝယ်အကောင်းဆုံးတော့ မဟုတ်ပေမဲ့ အဝယ်ပြန်လိုက်လာတာကြောင့် စျေးကောင်းပြန်ရလာပါတယ်။” ဟု (မန္တလေး ကုန်စည်ဒိုင်) အတွင်းရေးမှူးက ပြောပြသည်။

 

မန္တလေးစျေးကွက်တွင် နိုဝင်ဘာလ ပထမပတ်က ပဲနီပြား စျေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၉၅၀၀၀ သာပေါက်စျေးရှိလဲ့သော်လည်း ယခုလက်ရှိတွင် စျေးနှုန်းမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ထိပေါက်စျေးရှိပြီး စျေးကောင်းရရှိလာကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) မှ သိရသည်။

 

Source: YDNP
Myanmar Food Industry Guide

Read times Last modified on Friday, 18 November 2022 14:48
Rate this item
(0 votes)