Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ်းနီးရေပြင်တိုင်စိုက်ဖမ်းဆီးခြင်းနှင့်လေးလက်မအောက်ပိုက်ဖြင့် ဖမ်းဆီးမှုကြောင့် ငါးအထိအမိနည်းလာ

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကမ်းခြေကျေးရွာများ ပင်လယ်ပြင်ငါးဖမ်းဆီးရာ၌

ကမ်းနီးရေပြင်တွင် တိုင်စိုက်ဖမ်းဆီးခြင်းနှင့် လေးလက်မအောက်ပိုက်ဖြင့်ဖမ်းဆီးမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ငါးအအထိအမိ နည်းလာလျက် ရေသယံဇာတလျော့နည်းမှုကြုံနေရကြောင်း ရေလုပ်သားများထံမှ သိရသည်။

သက်ဆိုင်ရာဒေသများရှိ ငါးလုပ်ငန်းဦးစီးဌာနမှ လေးလက်မပိုက်ဖြင့် ဖမ်းဆီးရန် ထုတ်ပြန်ထားသော် လည်း ဒေသအခေါ်ဘောလည်ပိုက်ဟုခေါ်သည့် နှစ်လက်မပိုက်ဖြင့် ဖမ်းဆီးသောကြောင့် တစ်ဆယ်သားအရွယ် ငါးများကိုဖမ်းမိရာ မျိုးပွားမည့်ဥကပ်နေသော ငါးသလောက်အပါအဝင်ငါးများကိုဖမ်းဆီးသည့်အတွက် တစ်နှစ်ထက်တစ်နှစ် ရေသယံဇာတ လျော့နည်းလာမှုကိုဖြစ်စေလျက် လက်ခုပ်ကုန်းကမ်းနီးရေတိမ်ပိုင်း ဖြစ်သော မြစိမ်းသောင်အနီးနှင့် သောင်မဲသောင်အနီး၌ အများဆုံးရှာဖွေဖမ်းဆီးကြောင်း သိရသည်။

“ဒီရွာဆိုရင် ရေလုပ်ငန်းနဲ့အများဆုံးအသက်မွေးကြတာ။ ပင်လယ်ပြင်ဟာ ကျွန်တော်တို့အတွက် ထမင်းအိုးကြီးပါ။ ပြာသိုဆိုရင်ငါးသလောက်နှင်းရေသောက်တဲ့အတွက် အများဆုံးမိတဲ့လမှာမရဘဲပြန်လာ ရတာရှိတယ်။ မိုးအုံ့ပြီးရာသီဥတုပြောင်းလဲမှုကြောင့် ငါးတွေကမ်းကိုအဝင်နည်းလာတယ်။ ပြီးတော့ ကမ်းနီးပင်လယ်ပြင်မှာ တိုင်စိုက်ပြီး‌ဘောလည်ပိုက်ထောင် ဖမ်းတာ၊ သတ်မှတ်ထားတဲ့လေးလက်မပိုက်နဲ့ ဖမ်း ရမယ့်အစားနှစ်လက်မပိုက်နဲ့ဖမ်းတော့ မျိုးပွားမယ့်ငါးနဲ့ငါးအသေးတွေနေ့စဉ်ပျက်ဆီးမှုများလာတဲ့ အတွက် ငါးအထိအမိတစ်နေ့ထက်တစ်နေ့နည်းလာတာလည်းပါတယ်။ အားလုံးတိုက်ဆိုင်သွားတော့ ငါးမိရမယ့် ကာလ မှာလက်ဗလာနဲ့ပြန်လာရတာများတယ်။ ဒါကြောင့်သတ်မှတ်ထားတဲ့ ပိုက်အရွယ်အစားနဲ့လည်းဖမ်းဆီးဖို့လိုတယ်” ဟု ဆယ်အိမ်တန်းကျေးရွာရေလုပ်သားလည်းဖြစ်သည့်အုပ်ချုပ်ရေးမှူးဦးမျိုးနိုင်က ပြောသည်။

ငါးဖမ်းပိုက်များရောင်းချရာတွင် ပိုက်ကိုတစ်ထပ်သာရောင်းချသော်လည်း လေးလက်မ၊ သုံးလက်မနှင့် နှစ်လက်မပိုက်တို့ကို သုံးထပ်ချုပ်၍ဖမ်းဆီးရာ မျိုးပွားနိုင်မည့်ငါးများအပါအဝင်ငါးအကြီး၊အသေးဖမ်းမိလျက် ရှိကြောင်း၊ လေးလက်မ ငါးဖမ်းပိုက်လက်လံ ၅၀၀(ပေ၂၅၀၀)ဖြင့် ဖမ်းဆီးရန် သတ်မှတ်ထားပြီးပင်လယ်ပြင်၌ မျောပိုက်ဖြင့်ဆွဲယူရာတွင် ကမ်းနီးတိုင်စိုက်၍ပိုက်ထောင်သော ဘောလည်ပိုက်တန်းများတိုးမိသည့် အတွက် ငါးဖမ်းပိုက်ပျက်စီဆုံးရှုံးမှုများရှိကြောင်း၊ ကမ်းနီးငါးဖမ်းနိုင်ရန်စက်လှေနှင့်ငါးဖမ်းပိုက် တန်ဖိုးမှာ ၃၆ သိန်းနှင့်အထက်ရှိ၍ ငါးအထိအမိနည်းခြင်းနှင့် ပျက်ဆီးဆုံးရှုံးမှုကြုံရပါက ကမ္ဘာ့ကပ်ရောဂါကာလ၌ ပိုမိုအခက်အခဲရင်ဆိုင်ရလျက်ရှိရာ ကွမ်းခြံကုန်းမြို့နယ် ကမ်းနီးပင်လယ်ပြင်၌ ပေ ၃၀ အနက်တွင် တိုင်စိုက် ဖမ်းဆီးမှုကြောင့် မျှောပိုက်များတိုးမိ၍ ပျက်ဆီးမှုကြုံတွေ့ရသည့်အပြင် သတ်မှတ်ထားသော လေးလက်မ အောက်ပိုက်ဖြင့်ဖမ်းဆီးသည့်အတွက် ငါးသယံဇာတ‌လျော့နည်းလာမှုကို ကြုံတွေ့နေရကြောင်း သိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)