Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန်ကွဲ တရုတ်ပြည်သို့ အများဆုံးတင်ပို့

အိန္ဒိယဆန်ကွဲ တရုတ်ပြည်သို့ အများဆုံးတင်ပို့

တရုတ်နိုင်ငံဟာ အန္ဒိယဆန်ကွဲ အများဆုံးတင်သွင်းနေတဲ့နိုင်ငံ ဖြစ်နေပါတယ်။
ယခင်က အန္ဒိယဆန်ကွဲကို အာဖရိကနိုင်ငံများသို့သာ အဓိကအားဖြင့် တင်ပို့ခဲ့ပါတယ်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံက အိန္ဒိယထံမှ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန် ၁.၆၃၄ သန်း တင်သွင်းခဲ့ပြီး ၉၇% နီးပါးရှိတဲ့ မက်ထရစ်တန် ၁.၅၇၆ သန်းက ဆန်ကွဲ ဖြစ်ပါတယ်။

 

288182877_5245975578773992_3756993415669795_n.jpg

ဆန်ကွဲကို အကြီးအသေး နှစ်မျိုးခွဲခြားရာ၌ ဆန်စေ့အပြည့် အလျား၏ လေးပုံသုံးပုံထက် တိုနေပြီး ထက်ဝက်ကျော်နေပါက အကြီးဟု သတ်မှတ်ပြီး ထက်ဝက်အောက် ဆိုပါက အသေးဟု သတ်မှတ်ကြပါတယ်။ 

ကုန်သွယ်ရေး ကျွမ်းကျင်များက တရုတ်နိုင်ငံက အိန္ဒိယဆန်ကွဲကို ပြည်တွင်း ဝိုင်အရက် ထုတ်လုပ်မှုအတွက် စက်မှုကုန်ကြမ်းအဖြစ် ဝယ်ယူခြင်းအပြင် ခေါက်ဆွဲထုတ်လုပ်ဖို့အတွက်လည်း ဝယ်ယူတယ်လို့ ပြောကြားကြပါတယ်။

အိန္ဒိယ ဆန်တင်ပို့သူများအသင်း  All India Rice Exporters Association ဥက္ကဋ္ဌဟောင်း Vijay Setia က" တရုတ်က ဆန်ကွဲကိုပဲ အဓိကထားပြီး ဝယ်ပါတယ်။ ဆန်ကွဲကို ကုန်ကြမ်းအဖြစ်သုံးစွဲပြီး ဝိုင်ချက်တယ်။ ခေါက်ဆွဲလုပ်တယ်" လို့ ပြောကြားပါတယ်။

Covid-19 ကပ်ရောဂါကာလ မတိုင်ခင်က တရုတ်ကိုယ်စားလှယ်အဖွဲ့ အန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး ဆန်စက်အချို့ကို ကြည့်ရှုခဲ့ကြောင်း သူက ပြောကြားပါတယ်။
ကျွမ်းကျင်သူတို့က ဆန်ကွဲအဝယ်များလာရတာ ယူကရိန်းကို ရုရှားကျူးကျော်စစ် ဆက်နွဲတာကြောင့် ပြောင်းဈေးနှုန်းများ မြင့်တက်တဲ့အတွက်  ဆန်ကွဲကို ပိုအသုံးများလာတယ်လို့ ဆိုပါတယ်။

#MyanmarFoodGuide

 

MFG

Read times Last modified on Thursday, 16 June 2022 19:34
Rate this item
(0 votes)