Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကန့်သတ်ကာကွယ်ဆေးထိုးထားသော ဝက်သားပေါက်တင်သွင်းသည့် ကုမ္ပဏီ အသိပေးခံရ

ကန့်သတ်ကာကွယ်ဆေးထိုးထားသော ဝက်သားပေါက်တင်သွင်းသည့် ကုမ္ပဏီ အသိပေးခံရ google.com

အစိုးရက ကန့်သတ် ထားသည့် ဝက်နားရွက်ပြာရောဂါ ကာကွယ်ဆေး ထိုးထားသောထိုင်းနိုင်ငံမှ

ဝက်သားပေါက်များ တင်သွင်းသော ပြည်တွင်းကုမ္ပဏီ တစ်ခုကို ယခုလနောက်ဆုံးပတ် က သတိပေးထားကြောင်း မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောသည်။

 

ဝက်နားရွက်ပြာ ကာကွယ် ဆေးကို ဝက်များတွင် ထိုးနှံပါက မူလပိုးမှ အခြားမျိုးကွဲပိုးများပြောင်းလဲပြီး တားဆီးထိန်းချုပ်ရန်ခက်ခဲ သဖြင့် မြန်မာအစိုးရက သုံးစွဲခွင့်ကန့်သတ်ထားခြင်းဖြစ်သည်။

 

‘‘ကုမ္ပဏီကြီးတစ်ခုက သွင်း တော့ ဝက်ပေါက်တွေမှာ ဝက်နား ရွက်ပြာ ကာကွယ်ဆေးထိုးထားတာတွေ့လို့ သတိပေးခဲ့ရတယ်။ ကာကွယ်ဆေးက တခြားရောဂါ မျိုးကွဲတွေ ပြောင်းလဲသွားမှာစိုးလို့ ပေါ့။ ဥပမာ ကြက်ငှက်တုပ်ကွေး ရောဂါလိုပဲ H5N1 ကနေ H7N9 အဖြစ် မျိုးကွဲတွေ ပြောင်းသွား သလိုမျိုးပါ။ လူမသေနိုင်တဲ့ ရောဂါကနေ လူသေနိုင်တဲ့ ရောဂါမျိုး ပြောင်းသွားမှာ စိုးလို့ပါ’’ဟု ဦးဝင်းစိန်က ပြောသည်။

 

‘‘အရင်က ဒိုက်ဦးမြို့မှာ ဝက်မျိုးရင်းခြံရှိတော့ အဆင်ပြေခဲ့ တယ်။ အခုမရှိတော့ ထိုင်းကနေ ဝက်သားပေါက်တွေ တင်သွင်းပြီး မွေးကြတယ်။ ဒါကြောင့် ဝက်သားက ဈေးကွက်ထဲမှာ လုံလုံလောက် လောက်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာမွေးပြီး ဝက်ကြီးလာတဲ့အခါ တရုတ်ပြည်ဈေးကွက်ရော၊ အိန္ဒိ ယရော ရောင်းမယ်ဆိုလည်း ခွင့်ပြုပေးပါတယ်’’ဟု ၎င်းကပြောသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၁ က စတင်၍ နှစ်စဉ်ဝက်နားရွက်ပြာ ရောဂါဖြစ်ပွားသဖြင့် ဝက်ကောင် ရေထောင်ချီသေဆုံးသဖြင့်  ကာကွယ်ဆေးသုံးစွဲခွင့် ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးရန် ဝက်မွေးမြူရေး လုပ်ငန်းရှင်များက တောင်းဆိုခဲ့ရာ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက်နေသည်။

 

အပြင်းစား ဝက်နားရွက်ပြာ ရောဂါကို တိရစ္ဆာန်ကျန်းမာရေး နှင့် ဖွံ့ဖြိုးရေးဥပဒေအရ (က) စာ ရင်းဝင်ရောဂါအဖြစ် ၂၀၁၂ ဇန်န ဝါရီတွင် ထုတ်ပြန်ကြေညာပြီး နောက် ရောဂါထိန်းချုပ်ခြင်းလုပ် ငန်းများကို အလေးထားဆောင် ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ဆိုသည်။

 

Source: 7 days new

Read times Last modified on Monday, 17 September 2018 14:38
Rate this item
(0 votes)