Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရှရှား ငါးများ ပြည်တွင်းသို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြန်ပို့ရန်စီစဉ်

ရှရှား ငါးများ ပြည်တွင်းသို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြန်ပို့ရန်စီစဉ်

 

ရုရှားနိုင်ငံတွင် ကျင်းပမည့် Global Fisheries Forum and Seafood Expo Russia ဖိုရမ်သို့ မြန်မာနိုင်ငံမှတက်ရောက်ရန် စီစဉ်လျက်ရှိပြီး ရေထွက်ကုန်နည်းပညာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငါး၊ ပုစွန်မျိုးမြှင့်တင်သော နည်းပညာများအပါအဝင် ရေထွက်ကုန် ကဏ္ဍအသီးသီးကို ဆွေးနွေးသွားရန် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။

 

Fuji Aluminium 

 

အဆိုပါဖိုရမ်ကို ရုရှားနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်သွားရန်ရှိပြီး ယင်းဖိုရမ်သို့ ဝန်ကြီးဌာန အပါအဝင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်များနှင် ရေလုပ်ငန်းကိုယ်စာလှယ်များ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ရေထွက်ကုန်ကဏ္ဍ နှစ်ရပ်နှင့်အတူ ရုရှားနိုင်ငံမှ ပင်လယ်ငါးကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြန်လည်တင်ပို့ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

ထို့အပြင် ရေထွက်ကုန်အတွက် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍအသီးသီးကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်ကျွန်းစုတွင်လည်း ကမ္ဘာ့စျေးကွက်ဝင် အပြာရောင်နှင့် အဝါရောင် တူနာငါးမွေးမြူရန် နေရာကောင်း၍ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်နိုင်သော နေရာကောင်းတစ်ခုဖြစ်ကြောင်း ရေထွက်ကုန်ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ ငါး၊ ပုစွန်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်သည်။

 

Source: MDN

Myanmar Food Industry Guide

Read times Last modified on Tuesday, 27 September 2022 10:30
Rate this item
(0 votes)