Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကောသောင်းမြို့ ဒီရေတောအတွင်း ဂျင်းခရုမျိုးများ စိုက်ထည့်

ပင်လယ်ရေထွက် သယံဇာတများ ထိန်းသိမ်းရေး နှင့် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ကာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာရှိ ဒီရေတောအတွင်းသို့ ဂျင်းခရုမျိုးများ စိုက်ထည့်ပေးခဲ့ကြပါသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပင်လယ်ရေထွက်ပစ္စည်းများ ရေရှည်စားသုံးနိုင်ရေးနှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၏ မြို့နယ်များတွင် ရေသတ္တဝါ အမျိုးအစားအလိုက် မျိုးပွားရာသီ(Close Season) သတ်မှတ်တားမြစ်ခြင်း၊ ငါးမဖမ်းရ ရာသီ သတ်မှတ် တားမြစ်ခြင်း၊ ရှပ်ခရု (Hard Clan) ကောက်ယူခြင်း မပြုရ ရာသီ သတ်မှတ်တားမြစ်ခြင်း၊ ဂဏန်းဘေးမဲ့ဇုန်များ၊ ကျောက်ပုစွန်ဘေးမဲ့ဇုန်များ သတ်မှတ်တားမြစ်ခြင်း နှင့် ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများဖြင့် ပင်လယ်သဘာဝ ရေသယံဇာတများအား ထိန်းသိမ်းနိုင်ရန် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများက ဂျင်းခရု ၁၀ ကီလိုခန့်အား စိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း အသေးစား ရေလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့များမှ ထွက်ရှိသည့် ရေထွက်ကုန် ပစ္စည်းများဖြစ်သော ဂျင်းခရု၊ ဂဏန်း၊ အေးခဲကင်းမွန် စသည့် ရေထွက်ကုန်များကို ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချနိုင်မည့် ကော့သောင်းမြို့သို့ မော်တော်ယာဉ်များဖြင့် သယ်ယူကာ ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံဈေးကွက်သို့ တရားဝင်တင်ပို့ ရောင်းချလျက်ရှိကြောင်းလည်း သိရပါသည်။

MDN

ကျော်စိုး(ကောသောင်း)

Read times Last modified on Wednesday, 27 January 2021 15:59
Rate this item
(0 votes)