Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပေါ်ဆန်းဆန်ချောဈေး ၅၀ ရာခိုင်နှုန်းတက်

ထုတ်လုပ်မှု မြှင့်တင်နိုင် ခြင်းမရှိဘဲ ပြည်တွင်း စားသုံးမှု တိုး လာခြင်းကြောင့် ယခုနှစ် ရှစ် လအတွင်း ပေါ်ဆန်းကဲ့သို့ ဆန်ချောတစ်အိတ်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စက်တင်ဘာလဆန်းပိုင်း တွင် ထုတ်ပြန်သည့် လအလိုက်ဆန် ဈေးနှုန်းများစာရင်း၌ ဧရာဝတီတိုင်းတွင် စိုက်ပျိုးထုတ်လုပ်သည့် ပေါ်ဆန်းတစ်အိတ် တန်ဖိုးကျပ် ၃၃,၀၀၀ ကျပ် မှ ၅၀,၀၀၀ ကျပ်သို့ မြင့်တက်လာကြောင်း ဖော်ပြထားသည်။  နာမည်ကြီး ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆,၀၀၀ မှ ကျပ် ၆၂,၀၀၀ သို့ မြင့်တက်လာသည်။

 

 ‘‘ဆန်ချော စားသုံးမှုက တက် လာတဲ့အချိန်မှာ ထုတ်လုပ် မှုက မလိုက်နိုင်တော့ ဈေးတက် တဲ့သဘောပါ။ နောက် ၂ နှစ် လောက်ဆိုရင် မျှခြေတစ်ခုရောက်ပြီး ဈေးပြန်ငြိမ်သွားမယ် ထင် တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက  ပြောကြားသည်။

 

ဆန်စားသုံးမှုနှင့် ပတ်သက် ၍ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်က ၂၀၁၅ တွင် ကောက်ယူ သော စစ်တမ်းအရ မြန်မာနိုင်ငံ  လူဦးရေ၏ ၂၀ ရာခိုင်နှုန်းက ဆန်ချောစားသုံးသည်ဟု ဖော်ပြ ကြောင်း မြန်မာနိုင်ငံ ဆန်ကုန် သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

 

မြန်မာနိုင်ငံ၌ ဆန်ချောစိုက်ပျိုးသည့် စိုက်ဧကသည် မိုးစပါး စိုက်ပျိုးမှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ပေါ်ဆန်းကဲ့သို့ ဆန်ချောစပါးများကို ဧရာဝတီတိုင်းရှိ ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်မြို့နယ်တို့တွင် အဓိကစိုက်ပျိုးသကဲ့သို့ မြန်မာပြည်အလယ်ပိုင်း ရွှေဘိုမြို့ ၌လည်း စိုက်ပျိုးသည်။

 

 ‘‘အသစ်ပေါ်လာရင်တော့ ဆန်ချောဈေးက ကျသွားမှာပါ’’ ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်  အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် ပေါ်ဆန်း ကဲ့သို့ ဆန်ချောအသစ်သည် နိုဝင်ဘာနောက်ပိုင်း၌စတင်ပေါ် ထွက်လေ့ရှိကြောင်း ဆန်ကုန်သည်အ ချို့က ပြောသည်။


ဆန်ချော ဈေးနှုန်း၌ မြင့် တက်နေသော်လည်း ပြည်ပသို့ တန်ချိန်များစွာ တင်ပို့နေသည့် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းခန့်သာ မြင့်တက် သည်။ အာဖရိကနိုင်ငံများသို့ အ များဆုံးတင်ပို့ရောင်းချနေရသည့် ၂၅ မှတ် (အကျိုးအကြေ ၂၅ ရာခိုင်နှုန်း) ဆန်တစ်အိတ်ဈေးနှုန်း ၂၀၁၈ဇန်န၀ါရီတွင်ကျပ် ၁၉,၀၀၀ မှကျပ် ၂၁,၀၀၀ သို့ မြင့်တက်ခဲ့သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:06
Rate this item
(1 Vote)