Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်တွင် မိုးများသောကြောင့် မက္ကဒေးမီးယား အသီးထွက်နှုန်း ကျဆင်း

Unicode


ယခုနှစ်တွင် မိုးများသောကြောင့်  မက္ကဒေးမီးယား အသီးထွက်နှုန်း ကျဆင်း


ပြည်ပဈေးကွက်နှင့် ဝယ်လိုအား များလာသည့်  မက္ကဒေးမီးယားသီးကို  ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးသော်လည်း ပန်းပွင့်ချိန်တွင်  မိုးများသောကြောင့်   အသီး အထွက်နှုန်း ကျဆင်းခဲ့ကြောင်း  နောင်ချိုမြို့နယ်  မက္ကဒေးမီးယား စီမံကိန်း မန်နေဂျာ  ဦးတင်နိုင်ထွန်း၏ ပြောပြချက်အရ သိရသည်။

 

ယခုနှစ်တွင် မက္ကဒေးမီးယားပင် ဧက  ၇ဝဝဝ  အထိ  တိုးချဲ့စိုက်ပျိုးလာရာ  စုစု ပေါင်း ပျမ်းမျှစိုက်ဧက  ၁၉ဝဝဝ   ကျော် အထိရှိလာ၍     အထွက်နှုန်းတန်ချိန် ၁ဝဝဝ ဝန်းကျင်အထိ  ထွက်ရှိရန်မျှော်မှန်း သော်လည်း  တန်ချိန်  ၄ဝဝ  မှ  ၅ဝဝ  ဝန်းကျင်သာ ထွက်ရှိနိုင်ကြောင်း    သိရ သည်။

 

Fish Gravy, Fish Paste Warehouses ငါးပိစိမ္းစား၊ ငါးပိသိုေလွာင္႐ံုေပါင္း ၁၂၇ ခုကိုရွာရန္ႏွိပ္ပါ။

 

''ဒီနှစ်ရဲ့ ပန်းပွင့်နှုန်းနဲ့ဆိုရင် မနှစ်ကထက် အသီးအထွက်နှုန်း နှစ်ဆလောက် ပိုမယ် မှန်းထားပေမယ့် ဒီနှစ်မှာ ရာသီဥတုကြောင့် အထွက်နှုန်း လျော့သွားတယ်'' ဟု  ဦးတင်နိုင်ထွန်း ကပြောသည်။

 

အဆိုပါသီးနှံသည် ဇူလိုင်လမှ  စက်တင်ဘာလကုန်အထိ ထွက်ရှိပြီး ဇူလိုင်လနှင့်   သြဂုတ်လတို့တွင်  ကြွေကျသည့် အသီးများ ကောက်ချိန်ဖြစ်၍ စက်တင်ဘာလတွင် အသီးရင့်ကာ အပင်တွင်ကျန်ရှိသည့် အသီးများကို     ခူးဆွတ်လေ့ရှိသည်။

 

Marine Products  ေရေၾကာင္းကုန္ပစၥည္းလုပ္ငန္းေပါင္း ၁၅၀ ခုရွာရန္ႏွိပ္ပါ။

 

''အခုချိန်က အသီးခူးပြီး အရောင်းအဝယ် ပြုလုပ်တဲ့ကာလပါ။အဲဒီတော့ ဈေးကွက်ပိုင်းကလည်း နည်းနည်းတက်လာပါပြီ။ ရာသီကုန်ချိန်မှာ ပြီးခဲ့တဲ့နှစ်ဈေးကို ရနိုင်ပါတယ်'' ဟု ဦးတင်နိုင်ထွန်းက ပြောသည်။

 

မက္ကဒေးမီးယားပင်ကို  ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့်   ချင်းပြည်နယ်တို့၌ အမှန်တကယ် စိုက်ပျိုးနိုင်သည့်  ဧရိယာမှာ ဧကသုံးသိန်းခန့် ရှိသော်လည်း  လတ်တလောတွင်  ဧကနှစ်သောင်း ဝန်းကျင်သာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

Read More >>>>>  ထန္းရည္မွ သၾကားထုတ္လုပ္ရန္ ကိုရီးယားနိုင္ငံက လာေရာက္ေလ့လာ

 

မက္ကဒေးမီးယားသည် ဈေးကွက်ဝင်သီးနှံဖြစ်၍  တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း မက္ကဒေးမီးယားကို  ၁၉၈၂  ခုနှစ်မှစ၍  ပြည်တွင်း၌ စိုက်ပျိုးခဲ့သော်လည်း လတ်တလောတွင်    တိုးချဲ့စိုက်ပျိုးမှု နည်းပါးကြောင်းနှင့်  ယင်းသီးနှံသည်  ဈေးကွက်ဝင် သီးနှံဖြစ်သည့်အတွက်  တရုတ်နိုင်ငံ၌  လက်ရှိအချိန်တွင်  ဧက  ၁၆  သိန်း ဝန်းကျင် တိုးချဲ့စိုက်ပျိုးထားကြောင်း သိရ သည်။

 

Source: Myawady

Myanmar Food Industry Directory

 

 

ယခုႏွစ္တြင္ မိုးမ်ားေသာေၾကာင့္  မကၠေဒးမီးယား အသီးထြက္ႏႈန္း က်ဆင္း

 

ျပည္ပေစ်းကြက္ႏွင့္ ဝယ္လိုအား မ်ားလာသည့္  မကၠေဒးမီးယားသီးကို  ယခုႏွစ္တြင္ တိုးခ်ဲ႕စိုက္ပ်ဳိးေသာ္လည္း ပန္းပြင့္ခ်ိန္တြင္  မိုးမ်ားေသာေၾကာင့္   အသီး အထြက္ႏႈန္း က်ဆင္းခဲ့ေၾကာင္း  ေနာင္ခ်ဳိၿမိဳ႕နယ္  မကၠေဒးမီးယား စီမံကိန္း မန္ေနဂ်ာ  ဦးတင္ႏိုင္ထြန္း၏ ေျပာျပခ်က္အရ သိရသည္။

 

ယခုႏွစ္တြင္ မကၠေဒးမီးယားပင္ ဧက  ၇ဝဝဝ  အထိ  တိုးခ်ဲ႕စိုက္ပ်ဳိးလာရာ  စုစု ေပါင္း ပ်မ္းမွ်စိုက္ဧက  ၁၉ဝဝဝ   ေက်ာ္ အထိရွိလာ၍     အထြက္ႏႈန္းတန္ခ်ိန္ ၁ဝဝဝ ဝန္းက်င္အထိ  ထြက္ရိွရန္ေမွ်ာ္မွန္း ေသာ္လည္း  တန္ခ်ိန္  ၄ဝဝ  မွ  ၅ဝဝ  ဝန္းက်င္သာ ထြက္ရိွႏိုင္ေၾကာင္း    သိရ သည္။

 

Fish Gravy, Fish Paste Warehouses ငါးပိစိမ္းစား၊ ငါးပိသိုေလွာင္႐ံုေပါင္း ၁၂၇ ခုကိုရွာရန္ႏွိပ္ပါ။

 

''ဒီႏွစ္ရဲ႕ ပန္းပြင့္ႏႈန္းနဲ႔ဆိုရင္ မႏွစ္ကထက္ အသီးအထြက္ႏႈန္း ႏွစ္ဆေလာက္ ပိုမယ္ မွန္းထားေပမယ့္ ဒီႏွစ္မွာ ရာသီဥတုေၾကာင့္ အထြက္ႏႈန္း ေလ်ာ့သြားတယ္'' ဟု  ဦးတင္ႏိုင္ထြန္း ကေျပာသည္။

 

အဆိုပါသီးႏွံသည္ ဇူလိုင္လမွ  စက္တင္ဘာလကုန္အထိ ထြက္ရိွၿပီး ဇူလိုင္လႏွင့္   ၾသဂုတ္လတို႔တြင္  ေၾကြက်သည့္ အသီးမ်ား ေကာက္ခ်ိန္ျဖစ္၍ စက္တင္ဘာလတြင္ အသီးရင့္ကာ အပင္တြင္က်န္ရိွသည့္ အသီးမ်ားကို     ခူးဆြတ္ေလ့ရိွသည္။

 

 

Marine Products  ေရေၾကာင္းကုန္ပစၥည္းလုပ္ငန္းေပါင္း ၁၅၀ ခုရွာရန္ႏွိပ္ပါ။

 

''အခုခ်ိန္က အသီးခူးၿပီး အေရာင္းအဝယ္ ျပဳလုပ္တဲ့ကာလပါ။အဲဒီေတာ့ ေစ်းကြက္ပိုင္းကလည္း နည္းနည္းတက္လာပါၿပီ။ ရာသီကုန္ခ်ိန္မွာ ၿပီးခဲ့တဲ့ႏွစ္ေစ်းကို ရႏိုင္ပါတယ္'' ဟု ဦးတင္ႏိုင္ထြန္းက ေျပာသည္။

 

မကၠေဒးမီးယားပင္ကို  ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္   ခ်င္းျပည္နယ္တို႔၌ အမွန္တကယ္ စိုက္ပ်ဳိးႏိုင္သည့္  ဧရိယာမွာ ဧကသံုးသိန္းခန္႔ ရိွေသာ္လည္း  လတ္တေလာတြင္  ဧကႏွစ္ေသာင္း ဝန္းက်င္သာ စိုက္ပ်ဳိးႏိုင္ေၾကာင္း သိရသည္။

 

 

Read More >>>>>  ထန္းရည္မွ သၾကားထုတ္လုပ္ရန္ ကိုရီးယားနိုင္ငံက လာေရာက္ေလ့လာ

 

မကၠေဒးမီးယားသည္ ေစ်းကြက္ဝင္သီးႏွံျဖစ္၍  တိုးခ်ဲ႕စိုက္ပ်ဳိးရန္ လိုအပ္ေၾကာင္း မကၠေဒးမီးယားကို  ၁၉၈၂  ခုႏွစ္မွစ၍  ျပည္တြင္း၌ စိုက္ပ်ဳိးခဲ့ေသာ္လည္း လတ္တေလာတြင္    တိုးခ်ဲ႕စိုက္ပ်ဳိးမႈ နည္းပါးေၾကာင္းႏွင့္  ယင္းသီးႏွံသည္  ေစ်းကြက္ဝင္ သီးႏွံျဖစ္သည့္အတြက္  တ႐ုတ္ႏိုင္ငံ၌  လက္ရိွအခ်ိန္တြင္  ဧက  ၁၆  သိန္း ဝန္းက်င္ တိုးခ်ဲ႕စိုက္ပ်ဳိးထားေၾကာင္း သိရ သည္။

 

Source: Myawady

 

 

 

 

 

 

 

 

 

Myanmar Food Industry Directory

Read times Last modified on Tuesday, 25 February 2020 16:50
Rate this item
(0 votes)