Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခြောက်ဝယ်လိုအား နည်းပါးနေ

Unicode >>>>>

ငါးခြောက်ဝယ်လိုအား နည်းပါးနေ


ယခုနှစ်  သင်္ကြန်ပွဲတော်ရက်နီးလာသော်လည်း   ငါးခြောက်ဝယ်လိုအား  နည်းပါးနေပြီး ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အသင်းမှ သိရပါတယ်။


Condensed Milk နို့ဆီ/ နို့စိမ်းလုပ်ငန်းများ (၁၂၉) ခုကိုရှာရန်နှိပ်ပါ။


ယခင်နှစ်များက သင်္ကြန်ကာလနီးချိန် တွင် ရဟန်းခံရှင်ပြုနှင့် အလှူများအတွက် ငါးကြီးခြောက်များ အဝယ်များပြီး ယခုနှစ်တွင်  ယခင်နှစ်ကာလတူကဲ့သို့  အဝယ် မများကြောင်း၊ တခြားငါးခြောက်များလည်း ဈေးကျပြီး အဝယ်နည်းနေကြောင်း  သိရပါတယ်။


လက်ရှိတွင် ငါးခြောက်အရောင်း အဝယ်ပါးသော်လည်း  ငါးပိ၊ ငံပြာရည်မှာ ပုံမှန်အတိုင်း အရောင်းအဝယ်ရှိနေပါတယ်။


ယခုနှစ်တွင် ငါးမဖမ်းရရာသီကို အပြည့် ပိတ်လိုက်သည့်အတွက် ငါးဖမ်းရာသီပြန် ဖွင့်ချိန်တွင် ငါးအဝင်များသဖြင့် ငါးခြောက်ကုန်ကြမ်းများပြီး   ဈေးနှုန်းအနည်းငယ် ကျဆင်းရခြင်းဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>    CDC မှထုတ်ပြန်ထားသော အဆိပ်သင့်ခြင်းဖြစ်စေနိုင်သည့် အပ်မှိုနှင့် Listeria ရောဂါပိုးအကြောင်း


လတ်တလောတွင်  ငါးခြောက်အမျိုးအစားနှင့်   အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာလျှင်  ငွေကျပ်  ၁ဝဝဝဝ မှ ၃ဝဝဝဝ အထိရှိပြီး ပင်လယ်ရေငန်  ငါးခြောက် ငါးလေးခြောက်များမှာ တစ်ပိဿာလျှင် ငွေကျပ်  ၄ဝဝဝ မှ ၆ဝဝဝ အထိရှိကြောင်း သိရပါတယ်။


#MFID

 

Home Page Food

Zawgyi >>>>>

 


 


 


 


 


 


 


 


 

#MFID

Read times Last modified on Wednesday, 18 March 2020 13:42
Rate this item
(0 votes)