Food & Livestock



ဗီယက်နမ် ပို့ကုန်ဆန် ဈေးပြန်ကျ

ဗီယက်နမ် ပို့ကုန်ဆန် ဈေးပြန်ကျ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

ဖိလစ်ပိုင်နိုင်ငံမှ  အမှာစာများ ရုပ်သိမ်းကြသဖြင့်  ဗီယက်နမ်ဆန်ဈေးနှုန်းများ လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျဆင်းခဲ့သည်။

 

ဖိလစ်ပိုင်အစိုးရက ပြည်တွင်းဆန်ဈေးကွက်တွင်  အများဆုံးဈေးနှုန်းများ သတ်မှတ်ပြဋ္ဌာန်းထားသဖြင့် ဈေးမြင့်နေသည့် ဗီယက်နမ်ဆန်ကို တင်သွင်းပြီး ပြည်တွင်းမှာ ရောင်းချလျှင် အစိုးရသတ်မှတ်ဈေးအတိုင်း ရောင်းရမည်ဖြစ်ပြီး အရှုံးပေါ်မှာ သေချာနေသည်။ သို့ဖြစ်ရာ ကုန်သည်များက ဗီယက်နမ်ဆန် အဝယ်ရပ်ထားလိုက်ကြသည်။

 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ဈေးနှုန်းသည် စက်တင်ဘာလ ၇ ရက်တွင် တတန်လျှင် $628 သို့ ကျဆင်းသည်။ လွန်ခဲ့သည့် ၂ ရက်က ဈေးနှုန်းအောက်သို့ ၂.၃% ကျဆင်းခဲ့ခြင်းဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် စားသုံးသူများအား အကာအကွယ်ပေးရန်အတွက် အများဆုံး စျေးနှုန်းများကို စက်တင်ဘာ ၁ ရက်က ချမှတ်ခဲ့ပြီးသည့်နောက်တွင် ဖိလစ်ပိုင်မှ ဗီယက်နမ်ဆန် အမှာစာများကို ရပ်ဆိုင်းခဲ့ကြသည်။

 

photo_2023-09-10_14-18-11.jpg

 

 

ဖိလစ်ပိုင်မှ ဝယ်ယူသူ အများအပြားသည် တင်ပို့မှုကို ဖျက်သိမ်းရန်နှင့် အမှာစာအချို့ ပေးပို့မှုကို ရွှေ့ဆိုင်းထားရန် တောင်းဆိုခဲ့သည်ဟု ဗီယက်နမ်တွင် အကြီးဆုံး ဆန်တင်ပို့သူ ၁၀ ဦးထဲမှ တစ်ဦးဖြစ်သည့် Orico ၏ စီအီးအို Nguyen Viet Anh က ပြောကြားသည်။

 

An Giang ပြည်နယ်မှ း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဖိလစ်ပိုင်ရှိ ၎င်း၏ဖောက်သည် ၄၀ ရာခိုင်နှုန်းသည် အမှာစာများကို ပယ်ဖျက်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားသည်။

အများဆုံး ဈေးနှုန်းသတ်မှတ်ချက်ဖြင့် ရောင်းချပါက များများ ရောင်းလေ များများ ရှုံးလေဟု ဖိလစ်ပိုင်ကုန်သည်တို့က သူ့ကို ရှင်းပြကြသည်ဟု ၎င်းက ပြောကြားသည်။

 

 ဖိလစ်ပိုင်တွင် ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၇၃၈-၈၁၀ ဝန်းကျင်ထက် မပိုရဟု ‌အများဆုံးဈေးနှုန်း သတ်မှတ်ထားသည်။

သွင်းကုန်ဆန်သည် တတန်လျှင် $900 အထိ ကုန်ကျသည်။

သို့ဖြစ်ရာ ဗီယက်နမ်ဆန် တတန်လျှင်  $660 နှင့်အထက်ရှိသော မည်သည့်အမှာစာကိုမဆို ဖျက်သိမ်းရန် ဖိလစ်ပိုင် ဝယ်ယူသူများက တောင်းဆိုခဲ့ကြသည်။ ထို့ထက် ဈေးနိမ့်သော ဗီယက်နမ်ဆန်များကို ပေးပို့ခြင်း မပြုသေးဘဲ အချိန်ရွှေ့ဆိုင်းရန် တောင်းဆိုကြသည်။

 

ဖိလစ်ပိုင် ဆန်အဝယ်ရပ်သွားသော်လည်း ဆန်တင်ပို့သူများသည် တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အာဖရိကတို့မှ ဝယ်လိုအား မြင့်မားနေဆဲဖြစ်သဖြင့် လာမည့်ရက်များအတွင်း ပို့ကုန်ဆန် ဈေးနှုန်းများ ပြန်မြင့်တက်လာမည်ဟု ယူဆကြသည်။

 

ပြီးခဲ့သည့် ရှစ်လအတွင်း ဗီယက်နမ် ပို့ကုန်ဆန်  ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် $542 ဖြစ်ပါသည်။

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 10 September 2023 14:21
Rate this item
(0 votes)