Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံလက်ကျန်များ၍ ပဲပေါ်ရာသီတွင် တန်ချိန်လေးသိန်းခန့်အထိ ရှိလာနိုင်

အိန္ဒိယက ပဲအဝယ်ကန့် သတ်ခဲ့ခြင်းကြောင့် ပြည်တွင်း၌ ရောင်းမထွက်သည့် ပဲစင်းငုံတန်ချိန် တစ်သိန်းခန့်ရှိနေပြီး

နိုဝင်ဘာပဲပေါ်သည့်ရာသီတွင် တန်ချိန် လေးသိန်းခန့်အထိ မြင့်တက်လာ နိုင်ကြောင်း မန္တလေးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးတစ် ခုတည်းတွင် ပဲစင်းငုံ တန်ချိန် ၄၇,၀၀၀ ခန့်ကျန်ရှိနေပြီး လာမည့် ပဲပေါ်ရာသီတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းမှ သုံးသိန်းအထိ ထွက်ရှိ နိုင်ကာ ဈေးနှုန်း ပိုမိုကျဆင်းဖွယ်ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။

 

‘‘ဒီပဲက အိန္ဒိယတစ်ခုပဲ အဓိ ကစားတာ။ ကျန်တဲ့ နိုင်ငံတွေက သိပ်မစားဘူး။ ပြည်တွင်းမှာပဲ ပုံနေဦးမှာပဲ။ တောင်သူတွေက လည်း ဒီဈေးဆိုရင် ရှုံးပြီလေ။ အိန္ဒိယက မဝယ်ရင် ဒီဈေးက လည်း တက်မှာမဟုတ်တော့ဘူး။ ဒီနှစ်ကတော့ တောင်သူတွေက လည်း စိုက်ပြီးသွားပြီ။ နောက်နှစ် ကျရင်တော့ တစ်မျိုးပြောင်းပြီး စီစဉ်ရမှာပေါ့’’ဟု ဦးကျော်သွင်က ဆိုသည်။

 

အိန္ဒိယနိုင်ငံက ပဲအဝယ်မ ကန့်သတ်မီ ပြည်တွင်းဈေးကွက် တွင် ပဲစင်းငုံသုံးတင်းတစ်အိတ် လျှင် ကျပ်ရှစ်သောင်းခန့်ဈေးရှိရာ မှ လက်ရှိတွင် သုံးတင်းတစ်အိတ် လျှင် ကျပ် ၃၇,၀၀၀ ခန့်သာပေါက် ဈေးရှိပြီး အရောင်းအဝယ်မရှိ သလောက် ဖြစ်နေကြောင်း မန္တလေးကုန်စည်ဒိုင်တာဝန်ရှိသူများက ပြောသည်။

 

‘‘အိန္ဒိယကလည်း နောက်နှစ်ထိအောင် ဝယ်ဖို့ အစီအစဉ်မရှိ သေးဘူး။ သူတို့ကတောင် ပြန် ထုတ်ရောင်းနိုင်တဲ့အခြေအနေမှာ ရှိနေတယ်’’ ဟု ဦးကျော်သွင်က ပြောသည်။

 

စိုက်ပျိုးပြီး မကြာမီထွက်ရှိလာမည့်ပဲများကို တောင်သူမရှုံး နိုင်သော ဈေးနှုန်းတစ်ခုသတ်မှတ် ဝယ်ယူပေးရန် စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။

 ထို့အပြင် အိန္ဒိယနိုင်ငံသို့ ပဲဆက်လက် တင်ပို့ရောင်းချနိုင် ရန်နှင့် ပြည်တွင်း၌ ပဲအစားထိုးသီးနှံများစိုက်ပျိုးနိုင်ရန် စီစဉ်နေ ကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူ များက ပြောကြားထားသည်။

 

မန္တလေးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးချွန်က ‘‘အိန္ဒိယကလည်း သူတို့ ဘက်မှာ ပိုလျှံနေတော့ မဝယ်ဘူးပေါ့။ ကျွန်တော်တို့ဆီမှာ မဝယ်ဘဲအာဖရိကဘက်မှာ လယ်တွေငှား ပြီးတော့ စိုက်နေတယ်ဆိုတာက လည်း သတိထားရမယ့်အချက်ပဲ။ အခု နောက်ထွက်လာမယ့် ပဲစင်း ငုံတွေကျရင် တောင်သူတွေမှာ သွားပြီး ထိခိုက်နိုင်ပါတယ်’’ ဟု ပြောသည်။

 

မြန်မာအပါအဝင်ပြည်ပနိုင်ငံများမှ ပဲမျိုးစုံတင်သွင်းနေသော အိန္ဒိယနိုင်ငံက ပြီးခဲ့သည့်သြဂုတ်မှစကာ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့်မတ် ပဲတင်သွင်းမှုတန်ချိန် ပမာဏကို ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:36
Rate this item
(1 Vote)