Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးမွေးမြူရေးဇုန်ဖော်ဆောင်မည့် မြေနေရာတွင် နိုင်ငံပိုင်မြေများ ပါဝင်လျှင် အစိုးရပိုင်ရှယ်ယာအဖြစ် ရင်းနှီးမြှုပ်နှံမည်

ငါးမွေးမြူရေးဇုန်ဖော် ဆောင်မည့်သတ်မှတ်မြေနေရာ များတွင် နိုင်ငံပိုင်မြေများပါဝင်ပါ က အစိုးရပိုင်ရှယ်ယာသတ်မှတ် ကာ

ယင်းမြေများကို ငါးမွေးမြူ ရေးဇုန်အတွက် အသုံးပြုခွင့်ပေးမည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

 

“တချို့ မြေနေရာတွေက အမည်ပေါက်တာတွေရှိတယ်။ အမည်မပေါက်တာတွေရှိတယ်။ အမည်မပေါက်တဲ့ မြေနေရာတွေ က နိုင်ငံတော်ပိုင်ဖြစ်တဲ့အတွက် အစိုးရပိုင်ရှယ်ယာအဖြစ် ငါးမွေး မြူရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမယ်’’ ဟု ဦးထွန်းဝင်းမြင့်က ပြောသည်။ငါးမွေးမြူရေးဇုန်သတ်မှတ် ဧရိယာတွင် ပါဝင်သည့် လယ်ပိုင် ရှင်များသည် ယင်းတို့၏မြေကို ရောင်းချသည်ထက် စာချုပ်စာ တမ်းနှင့်တကွ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့်အနေအထားကို အစိုးရအနေဖြင့် ပိုမိုအားပေးကြောင်း ၎င်းက ဆိုသည်။

 

ငါးမွေးမြူရေးဇုန်ကို အစိုးရ၊ ငါးမွေးမြူရေးဇုန်ဧရိယာအတွင်း ရှိ လယ်ပိုင်ရှင်များနှင့် ငါးလုပ်ငန်း ရှင်များပူးပေါင်း၍ အများပိုင်ကုမ္ပ ဏီအဖြစ် ဆောင်ရွက်မည်ဟု မြန် မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အလုပ်အမှုဆောင်အရာရှိ ဦးကြီးငွေက ပြောသည်။  ‘‘ရန်ကုန်တိုင်းအစိုးရက ဇုန်အတွက် မြေရှာခိုင်းတယ်။ မုတ္တမ ပင်လယ်ကွေ့ရန်ကုန်တိုင်းအတွင်းက ငါးမွေးမြူဖို့ သင့်တော်တဲ့နေရာမှာပါ။ ရှာတွေ့ထားတဲ့နေ ရာမှာ မြေလွတ်၊ မြေရိုင်းလည်း ပါတယ်။ လယ်မြေတွေလည်း ပါ ကောင်းပါမယ်’’ဟု ဦးကြီးငွေက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုး ရပိုင်မြေများ ဇုန်ဧရိယာအတွင်း ပါဝင်ပါက မြေတန်ဖိုးသတ်မှတ် ၍ အများပိုင်ကုမ္ပဏီအဖြစ် ဖော် ဆောင်မည့် ငါးမွေးမြူရေးဇုန်တွင် ရှယ်ယာ ပြန်လည်ထည့်ဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

လက်ရှိတွင် ကွမ်းခြံကုန်းနှင့် သုံးခွမြို့နယ်များ၌ ငါးမွေးမြူရေး ဇုန်ဖော်ဆောင်မည့် ဧရိယာတစ် သောင်းခွဲခန့်စီကို ရန်ကုန်တိုင်း အစိုးရထံ တင်ပြထားပြီး အစိုးရက စိစစ်နေဆဲဖြစ်ကြောင်း ဦးကြီးငွေက ပြောသည်။

 

ယင်းပင်မစီမံကိန်းကို ပြီးခဲ့ သည့် ဇန်နဝါရီ ၂ ရက်က ပြည် ထောင်စုအစိုးရသို့ တင်ပြထားပြီး ဇုန်တည်ထောင်ခွင့် ခွင့်ပြုမိန့်ရရှိ ပြီးဖြစ်သည်။

 

ယင်းစီမံကိန်း ဆောင်ရွက် ပြီးပါက အလုပ်အကိုင်အခွင့်အ လမ်းများ တိုးပွားလာခြင်း၊ ပြည် တွင်းစားနပ်ရိက္ခာဖူလုံလာခြင်း၊ နိုင်ငံခြားဝင်ငွေတိုးပွားလာခြင်း၊ နိုင်ငံစီးပွားရေးတိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားထားသည်။

 

စီမံကိန်းဖော်ဆောင်ရန် အသေးစား၊ အလတ်စားချေးငွေ ဖြင့် လုံလောက်မှုမရှိဘဲ ဘဏ် များက ကူညီဆောင်ရွက်ပေးရန် လိုအပ်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကိုလည်း ဖိတ်ခေါ်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:19
Rate this item
(1 Vote)