Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေါ်လာဈေး မြင့်နေသဖြင့် ပြည်ပမှ ပဲပုပ်မှာယူ တင်သွင်းနေသူများ အခက်တွေ့နေ

ပြည်တွင်း၌ ဒေါ်လာဈေး အမြင့်ပိုင်းတွင် ဆက်လက် ရပ်တည်နေသောကြောင့် ပြည်ပမှ  ပဲပုပ်မှာယူ တင်သွင်းနေသူများ အခက်တွေ့နေကြောင်း 

မြန်မာနိုင်ငံ ပဲပုပ်စိုက်ပျိုး ထုတ်လုပ်သူအများပိုင် ကုမ္ပဏီ၏  Chief   Director  ဦးဝင်းဇော်အေးထံမှ   သိရသည်။


ပြည်တွင်း၌   ပဲပုပ်ကို   တိရစ္ဆာန်အစာ လိုအပ်ချက်အပြင်  ကုန်ချောပါ ထုတ်လုပ်နေသည့် အတွက် အမေရိကန်၊ အာဂျင်တီးနား၊   အာဖရိကနှင့်   ထိုင်းနိုင်ငံတို့မှ တင်သွင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။


''တစ်လတစ်လ ပဲပုပ်စိုက်တဲ့ နိုင်ငံတွေကနေ  တင်သွင်းနေရတာက  မနည်းဘူး။အခု သူတို့တွေက  ဒေါ်လာဈေးတက်တာနဲ့ ကုန်ချောရောင်းရတဲ့ နှုန်းနဲ့ မကိုက်တဲ့အခါ ပြည်တွင်းမှာ စိုက်မယ်ဆိုရင် စိုက်သလောက် ဝယ်မယ့် အနေအထား ရှိနေပါတယ်။ ဝယ်လက်တွေက ပြည်တွင်းဈေးကွက်မှာ ကုန်ချောထုတ်နေတာ ဖြစ်တဲ့အတွက် တောင်သူတွေ အနေနဲ့ တိုးချဲ့စိုက်မယ်၊ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ ကြိုးစားမယ်ဆိုရင်တော့  တောင်သူတွေအတွက် အဆင်ပြေမှာပါ'' ဟု ဦးဝင်းဇော်အေး ကပြောသည်။


လတ်တလောတွင် ပြည်တွင်း၌ ပဲပုပ်ကို ပဲပြားအစို၊ ပဲနို့လုပ်ငန်း၊ ပဲပုပ်ဆီအဖြစ် ထုတ်လုပ်သည့်  ဆီစက်လုပ်ငန်း၊  ပဲပုပ်မှ ဆီထုတ်ပြီးပါက ကုန်ကြမ်းအဖြစ် ထွက်ရှိလာသည့် ပဲပုပ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် ထုတ် လုပ်နေသောကြောင့် ပြည်တွင်း လိုအပ်ချက် များပြားသည့်အတွက်  နိုင်ငံတကာ ဈေးကွက်ကို မျှော်ရန် မလိုကြောင်း သိရသည်။


ပြည်တွင်းရှိ ပဲပုပ်ဈေးနှုန်းသည် ယခင်က နိုင်ငံတကာဈေးထက်  ပိုမိုမြင့်ခဲ့သော်လည်း ဒေါ်လာဈေးနှုန်း အတက်အကျများကြောင့် ပြည်တွင်းရှိ ပဲပုပ်ဈေးနှုန်းများသည် နိုင်ငံတကာနှင့်  ယှဉ်လာနိုင်ကြောင်း  သိရသည်။


လတ်တလော ပဲပုပ်ပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၃ဝဝ ဝန်းကျင် ရှိသည့်အပြင်  တောင်သူအများပိုင် ကုမ္ပဏီမှလည်း ကြမ်းခင်းဈေး ပိဿာ ၂ဝ လျှင် ငွေကျပ် ၁၈ဝဝဝ ဖြင့် စာချုပ်ချုပ်ဆို ဝယ်ယူလျက် ရှိကြောင်း သိရသည်။


လက်ရှိတွင် ပြည်တွင်း၌  ပဲပုပ်တန်ချိန် ခြောက်သောင်းဝန်းကျင်သာ ထုတ်လုပ်နိုင် သေးကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(1 Vote)