Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးပုစွန်အစာဈေးနှုန်းများတည်ငြိမ်ရေး Buyer Group ဖွဲ့စည်းရန်လိုအပ်

ရေထွက်ကုန်ပစ္စည်းများဖြစ်သော ငါးပုစွန် အစာဈေးနှုန်းများသည် ယခင်နှစ်များထက် ဈေးနှုန်းမြင့်တက်လျက်ရှိသည့်အတွက်

ဈေးနှုန်းတည်ငြိမ်ရေး Buyer Group ဖွဲ့စည်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးပုစွန်အစာထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌထံမှ သိရပါတယ်။

 

ငါးပုစွန်အစာများအဖြစ် အသုံးများသည့် ဖွဲနုဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပြောင်းဈေးမှာလည်း တစ်ပိဿာလျှင် ငွေကျပ် ၅၈၀ မှ ၆၁၀ ကျပ်အထိ မြင့်တက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၆ ခုနှစ်က အလားတူကာလတွင် ပြောင်းဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀ ကျော်သာရှိပြီး ၂၀၁၇ ခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၄၀၀ သာရှိကြောင်း ဆန်ကွဲဈေးမှာ ယခုနှစ်သင်္ကြန်ပြီးကာလတွင် တစ်ပိဿာလျှင် ငွေကျပ် ၅၈၃ ကျပ် အထိ ရှိနေပြီး ယခင်နှစ်အလားတူကာလတွင် ငွေကျပ် ၄၀၀ သာရှိခဲ့သည့် အတွက် ယခုနှစ်တွင် အစာကုန်ကြမ်းအားလုံး၏ ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ယင်းသို့ ဖွဲနုဈေးနှုန်းများ မြင့်တက်နေခြင်းက ပစ္စည်းသိုသှောင်သူများက ၀ယ်ယူသိုလှောင်ထားပြီး ဈေးကစားခြင်းကြောင့် ဖြစ်သကဲ့သို့ ပြောင်းဈေးနှုန်းမြင့်တက်ခြင်းမှာလည်း တရုတ်ဝယ်လက်မှ ကြိုငွေပေးပြီး ၀ယ်ယူခြင်းများကြောင့်ဖြစ်ကြောင်း သိရပါတယ်။

 

ဖွဲနုဈေးက တော်တော်တက်နေပြီး တက်ရတဲ့အကြောင်းက တရုတ်နဲ့လည်း မဆိုင်၊ ၀ယ်လက်တွေရဲ့ လှောင်တဲ့ပုံစံဖြစ်နေပြီး လှောင်တဲ့သူတွေဆီမှာ ဖွဲနုအများကြီးဖြစ်နေကြောင်း သိရပါတယ်။

 

ဖွဲနုက သူ့ရဲ့ Market သဘောအရ အသုံးများရင် များသလို ၀ယ်တဲ့သူတွေက၀ယ်ပြီး လှောင်လိုက်တယ်။ လှောင်ပြီးတော့ ဈေးအတက်အကျကစားနေကြကြောင်း ပြောပြချက်အရ သိရပါတယ်။

 

တိရစ္ဆာန်အစာကုန်ကြမ်းများ ဈေးတက်နေခြင်းကို ထိန်းချုပ်နိုင်ရန် ဖိလစ်ပိုင်နိုင်ငံတွင် အသုံးပြုတဲ့နည်းဖြင့် Buyer Group ဖွဲ့သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ အနေဖြင့် အစာကုန်ကြမ်း၊ ကုန်ချောနှင့် ပတ်သက်ပြီး Workshop တစ်ခု ပူးပေါင်းပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ငါးပုစွန်အစာထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌထံမှ သိရပါတယ်။

 

Source: Myawaddy

 

Read times Last modified on Tuesday, 18 September 2018 13:44
Rate this item
(0 votes)