Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီကို တရုတ်၊ အိန္ဒိယ တို့မှ တရားဝင် တင်သွင်းခွင့်ပြုထားခြင်းမရှိသေးဟုဆို

ပြည်တွင်းကြက်သွန်နီ ဈေးမြင့်တက်ခြင်းကြောင့် တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ တင်သွင်းမှုများရှိ နေသော်လည်း

ယနေ့အထိ အစိုးရက တရားဝင် ခွင့်ပြုထားခြင်းမရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

လက်ရှိတွင် ပြည်တွင်းစားသုံးမှုအတွက် လက်ကျန်ကြက် သွန်ပမာဏသည် ရက် ၂၀ စာခန့်သာ ကျန်ရှိချိန်တွင် ရန်ကုန်လက်လီဈေးကွက်၌ တစ်ပိသာလျှင် ကျပ် ၂,၅၀၀ မှ ကျပ် ၃,၀၀၀ ခန့်သို့ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်သည်များက  ပြောသည်။

 

ထိုသို့ ပြည်တွင်းလက်ကျန် နည်းပြီး ဈေးနှုန်းမြင့်တက်နေခြင်း ကြောင့် ကြက်သွန်နီအသစ်မပေါ် မီ ပြည်တွင်း၌ ဈေးနှုန်းများထပ်မံ မြင့်တက်ခြင်းကို ရှောင်ရှားနိုင်ရန် ပြီးခဲ့သည့်နှစ်ကဲ့သို့ အခွန် ၁၀ ရာ ခိုင်နှုန်း ကောက်ခံပြီး တရားဝင် တင်သွင်းခွင့်ကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ခွင့်ပြုပေးရန်လိုကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဝင်တစ်ဦးက ပြောသည်။

 

‘‘မနှစ်က ဒီလိုကြက်သွန်ဈေး တက်ချိန်မှာတော့အသင်း ထောက် ခံချက်နဲ့ ပြည်ပက တင်သွင်းခွင့်ပေးခဲ့တာရှိပါတယ်။ လောလောဆယ်တော့ ဒါမျိုး ဆောင်ရွက်ထားတာမရှိသေးဘူး’’ ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ် ဒီဇင်ဘာလ၀န်းကျင်မှသာ မိုးကြက်သွန်နီထွက်ရှိမည်ဖြစ်သဖြင့် လက်ကျန်ပမာဏ လောက်ငမှု မရှိ၍ ယခုထက်ဈေးပိုမိုမြင့်တက်မည်ကို စိုးရိမ်နေကြောင်း တောင်တွင်းကြီးမြို့ရှိ ကြက်သွန် ကုန်သည်တစ်ဦးက ပြောသည်။

 

တရုတ်၊ အိန္ဒိယနိုင်ငံမှတင် သွင်းထားသည့် ကြက်သွန်နီဈေး နှုန်းသည် လက်ရှိတရားမ၀င်တင် သွင်းချိန်တွင် တစ်ပိသာလျှင် ကျပ်၆၀၀ မှ ကျပ် ၇၀၀ အကြားဈေးရှိ ပြီး ပြည်တွင်း  ကြက်သွန်နီဈေးဖြင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်ကျပ်  ၁,၅၀၀ ခန့်ကွာနေသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးမှုအတွက် အစိုးရကပြည်ပမှ တင်သွင်းခွင့်ပြုမည်ဆိုပါက မိုးကြက်သွန်မပေါ်မီအတွင်းသာ ခွင့်ပြုသင့်ကြောင်း ကုန်သည်အချို့က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:34
Rate this item
(1 Vote)