Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိန်တစ်လုံး သရက်သီးများ အထွက်နှုန်း လျော့နည်းနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် စိန်တစ်လုံး သရက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ သရက်စိုက်ခြံများသို့ သရက်သီး ထွက်ရှိနိုင်မှု အခြေအနေများ

သိရှိနိုင်ရေး  ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးသန်းပိုနှင့်   ဝန်ထမ်းများက ကွင်းဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။

 

 ကန့်ဘလူခရိုင်အတွင်း စိန်တစ်လုံးသရက် စိုက်ဧက ၁၈၅ဝ စိုက်ပျိုးထားပြီး အသီးသီးနိုင်သည့် ဧကမှာ ၁၅ဝဝ ခန့်ရှိကြောင်း ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ သိရသည်။

 

ယခုနှစ်တွင် သရက်ပွင့်ချိန် မိုးသက်လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးသီးများ ရိုက်ခတ်ခြင်း စသည့် ရာသီဥတုဒဏ်ကြောင့် သရက်သီး ထွက်ရှိမှု လျော့နည်းနိုင်ကြောင်း သရက်စိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။

 

Read More >>>>>  အိန္ဒိယ အဝယ်ရှိလာ၍ မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်တက်

 

ခရိုင်အတွင်းရှိ   သရက်စိုက်ပျိုးသူ တောင်သူများ၏ သရက်စိုက်ဧက ၁၄၉၉ ဒသမ ၆ ဧကမှ သရက်သီး ထွက်ရှိနိုင်မှု ကွင်းဆင်းစာရင်း ကောက်ယူခဲ့ရာ  အိတ်စွပ်ပြီး သရက်သီးအရေအတွက်မှာ ခန့်မှန်းအားဖြင့် ၉ဝ၆၇ဝဝ ကျော်(မက်ထရစ်တန် ၃ဝ၂ တန်ခန့်) ထွက်ရှိမည်ဟု  ခန့်မှန်းထားကြောင်း  သိရသည်။  

 

Source: Myawaddy

Read times Last modified on Thursday, 02 May 2019 17:13
Rate this item
(1 Vote)