Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေဖရုံသီးမုန့် အချိုပွဲ ပြုလုပ်နည်း

အချိုပွဲအဖြစ်ပါ သုံးဆောင်နိုင်တဲ့ ရွှေဖရုံသီးမုန့်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများကတော့
ခြောက်သွေ့သောတဆေး တစ်ထုပ်
ရေနွေး ၈၃ မီလီလီတာနှင့် နွားနို့နွေးနွေး ၁၂၅ မီလီလီတာ
သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
ပြောင်းဖူးဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ရွှေဖရုံသီးအနှစ်နွေးနွေးလေး ၁၂၈ ဂရမ်
ဂျုံမှုန့် ၃၂ ဂရမ်နှင့် ကောက်ညှင်းဆန်မှုန့် ၉၆ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မြေပဲ စားပွဲတင်ဇွန်း ၃ ဇွန်း
သကြား ၃၂ ဂရမ်နှင့် သကြားညို ၃၂ ဂရမ်
သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Vanilla Extract လက်ဖက်ရည်ဇွန်းတစ်ဝက် တို့ဖြစ်ပါတယ်။

 

241291154_1836240023235354_1226480989245045681_n.jpg

 

241459365_1836240009902022_7547633438133207293_n.jpg

 

241301301_1836240046568685_81524777201932191_n.jpg

 

241419979_1836240063235350_2321649319605640892_n.jpg

 

241265398_1836240073235349_1576360796816687046_n.jpg

 

ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးအကြီးတစ်လုံးကို နွေးသွားအောင် ရေနွေးဖြင့် ဆေးကြောပေးလိုက်ပါ။ ထို့နောက် ရေနွေးနွေး ၈၃ မီလီလီတာ လောင်းထည့်လိုက်ပါ။ သကြား၊ ဆီနှင့် တဆေးတို့ထည့်ကာ သမအောင် ရောနယ်ပေးလိုက်ပါ။ ၁၀ မိနစ်ခန့် နှပ်ထားပြီးတဲ့အခါမှာတော့ တဆေးက ပူစီဖောင်းများ ထလာပါလိမ့်မယ်။
၂။ အခြားပန်းကန်လုံးတစ်လုံးထဲသို့ ဂျုံမှုန့်၊ ကောက်ညှင်းဆန်မှုန့်နှင့် ဆားတို့ကို ဆန်ခါပေါက်ဖြင့်စစ်ကာ သမအောင် နယ်လိုက်ပါ။ ရရှိလာတဲ့ဂျုံမှုန့်အရောအနှောကို တဆေးပန်းကန်လုံးထဲထည့်ပါ။ ရွှေဖရုံသီးအနှစ်နှင့် နွားနို့ပူပူလေးတို့ပါ ပေါင်းထည့်ပြီးနောက် သမအောင် ရောနယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ စေးကပ်ကပ်ဂျုံလုံးတစ်ခု ရရှိလာပါလိမ့်မယ်။
၃။ ထိုဂျုံလုံးကို ပလစ်စတစ်ဖြင့် ဖုံးအုပ်ပြီးနောက် ခြောက်သွေ့သောနေရာတွင် တစ်နာရီခန့် ထားထားလိုက်ပါ။
၄။ ထိုအချိန်တွင် မြေပဲကို ထောင်းထားလိုက်ပါ။ ထို့နောက် သကြားဖြူ၊ သကြားညို၊ သစ်ကြမ်းပိုးခေါက်၊ Vanilla Extract နှင့် မြေပဲတို့ကို ပန်းကန်လုံးတစ်လုံးတွင် သမအောင် ရောနယ်ပေးလိုက်ပါ။
၅။ တစ်နာရီပြည့်သွားပါက ဂျုံလုံးကို ထပ်မံနယ်ပေးလိုက်ပါ။ ထို့နောက် နောက်ထပ် မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။
၆။ သတ်မှတ်ထားသောအချိန်ပြည့်သွားပါက ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ သင့်ရဲ့လက်ကိုလည်း ဆီအနည်းငယ် သုတ်လိမ်းပြီးနောက် ဂျုံနှစ်အနည်းငယ်ကို လက်ဖဝါးပေါ် တင်ကာ စက်ဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်လိုက်ပါ။ ထို့နောက် ဂျုံလုံးအလယ်တည့်တည့်တွင် မြေပဲအရောအနှောများထည့်ကာ ဂျုံလုံးကို ပိတ်လိုက်ပါ။ ရရှိလာတဲ့ဂျုံလုံးကို ဆီပူထဲထည့်ပြီးနောက် ဇွန်းအပြားဖြင့် ဖိချလိုက်ပါ။ ဂျုံပြားက ရွှေညိုရောင်သမ်းသွားပါက အခြားတစ်ဖက်သို့ လှန်ကာ ထပ်ကြော်ပေးလိုက်ပါ။ ဂျုံနှစ်များအားလုံးကုန်သွားသည်အထိ ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။ အားလုံကြော်ပြီးသွားတဲ့အခါမှာတော့ အရမ်းအရသာရှိတဲ့ ရွှေဖရုံသီးမုန့် အချိုပွဲလေး ရရှိသွားပါပြီ။

Ref: Koreanbapsang.com

Read times Last modified on Tuesday, 05 October 2021 10:01
Rate this item
(0 votes)