Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မျိုးအခက်အခဲကြောင့် သခွားမွှေး စိုက်ပျိုးမှုလျော့နည်းနိုင်

မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်ထားသည့်အတွက်  ဖရဲစိုက်ပျိုးမှုလျော့ကျခြင်း မရှိနိုင်သော်လည်း   မျိုးအခက်အခဲကြောင့် သခွားမွှေးစိုက်ပျိုးမှု လျော့နည်းနိုင်ကြောင်း  မြန်မာနိုင်ငံ ဖရဲ၊  သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်း၏ပြောပြချက်အရ သိရပါတယ်။

 

''အချိန်ကျလာပြီဆိုရင်  ဖရဲ၊  သခွားတွေလည်း မစိုက်ဘဲ မနေနိုင်ကြဘူး။ အခု မြေထွန်ယက်နေသူတွေလည်း  ထွန်ယက် နေကြတယ်။ စိုက်တဲ့သူတွေလည်းစိုက်နေကြတယ်။ 

 

သိပ်တော့  လျော့သွားစရာ    အကြောင်းမရှိပါဘူး။ မျိုးရရှိမှုအခြေအနေကတော့ ဖရဲက  ပုံမှန်လောက်ပဲရှိမှာပါ။ သခွားမွှေးကတော့     ရွှေဆင်မျိုးကနည်း နည်းအခက်အခဲရှိမယ်'' ဟု  ဦးနိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

 

Rice Products (Mohinga) မုန့်ဟင်းခါးရနိုငသောဆိုင်ပေါင်း ၁၈၅ ခုကိုရှာရန်နှိပ်ပါ။

 

ဖရဲ၊ သခွားများ စိုက်ပျိုးရာတွင် တရုတ် နိုင်ငံမှမျိုးများဖြင့် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်အတွက် အစိမ်းရောင်ဝူခုန်း သခွားမျိုးများသည် အခက်အခဲမရှိသော်လည်း အဝါရောင်မျိုးဖြစ်သည့် ရွှေဆင်သခွားမျိုးများသည် မျိုးပျိုးချိန်တွင် ရာသီဥတု အခက်အခဲ ရှိခဲ့ခြင်း ဖြစ်ပါတယ်။

 

Rice Warehouses ဆန်သိုလှောင်ရုံပေါင်း ၅၈၆ ခုရှာရန်နှိပ်ပါ။

 

လတ်တလောတွင်     တရုတ်နိုင်ငံသို့  ရာသီချိန်အတွင်း ယခင်နှစ်များကကဲ့သို့ ဖရဲ၊ သခွား တင်ပို့နိုင်ရန်မျှော်မှန်းထား သည့်အတွက်   စိုက်ပျိုးသူများအနေဖြင့်    ဈေးကွက်အခြေအနေကို    လေ့လာကာ တိုင်ပင်စိုက်ပျိုးရန်လိုအပ်ကြောင်း  သိရပါတယ်။

 

Read More >>>>>  ရေထွက်ကုန်များကို စွန့်ပစ်ရသည်အထိတွေ့ကြုံခဲ့ရတဲ့အတွက် မူဆယ်၌ ကုန်တင်ရန် မန္တလေးမှ ကုန်မပါသည့် ယာဉ်များ သွားရောက်မှုရှိ


Source: Myawady

Read times Last modified on Thursday, 29 August 2019 09:09
Rate this item
(0 votes)