Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်ပဲနှင့်ပဲစင်းငုံကို အခြေခံဈေးနှုန်းသတ်မှတ် ၀ယ်ယူနေသော်လည်း ဈေးထပ်မံ ကျဆင်း

မတ်ပဲနှင့် ပဲစင်းငုံကို အခြေခံဈေးနှုန်းသတ်မှတ်၍ စတင်ဝယ်ယူနေသော်လည်း ဈေး နှုန်းထပ်မံကျဆင်းနေကြောင်း

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူးဦးမင်းကိုဦးက ပြောသည်။

 

အခြေခံ ဈေးနှုန်းအောက် ဆက်လက်ကျဆင်းရခြင်းသည် ပြည်ပ၀ယ်ယူမှုလျော့ကျ၍ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

 

လက်ရှိနိုင်ငံခြားက မတ်ပဲ ၀ယ်ယူမှုရှိသော်လည်း အရည်အ သွေးအကောင်းဆုံးအမျိုးအစား ကို ပမာဏအနည်းငယ်သာဝယ် ယူနေကြောင်း ၎င်းကဆိုသည်။

 

မတ်ပဲတစ်တန်လျှင် အခြေ ခံဈေးနှုန်း ကျပ်ငါးသိန်းဖြင့် တန် ချိန်နှစ်သောင်း၊ ပဲစင်းငုံတစ်တန် လျှင် အခြေခံဈေးနှုန်းကျပ်လေး သိန်းဖြင့် တန်ချိန်တစ်သောင်း ၀ယ်ယူပေးမည်ဟု ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်းတည်ငြိမ်ရေးနှင့် ၀ယ်ယူတင်ပို့ရောင်းချရေးအဖွဲ့၊ စီမံခန့်ခွဲမှုကော်မတီက အောက် တိုဘာ ၁၁ ရက် အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့သည်။

 

အခြေခံဈေးနှုန်းဖြင့် ၀ယ်ယူမည်ဟု အစည်းအဝေးဆုံးဖြတ် ချက်ချမှတ်ပြီးနောက် ‘‘အပြင်က (ဈေးကွက်အတွင်း) ၀ယ်တာမရှိ တော့ ပဲစင်းငုံဆိုရင်ရက်ပိုင်းအ တွင်း တန်ချိန်တစ်သောင်းပြည့်သွားတယ်’’ ဟု ဦးမင်းကိုဦးက ပြောသည်။

 

ထိုသို့ အခြေခံဈေးနှုန်းဖြင့် ပဲတစ်မျိုးစီကို တန်ချိန်သတ်မှတ် ၀ယ်ယူနေသော်လည်း ပြင်ပဈေး ကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်တစ်သောင်းကျော်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်နှစ်သောင်းကျော် ထပ်မံကျဆင်းနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးကပြောသည်။

 

လက်ရှိပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် လေးသိန်းရှစ်သောင်း၊ ပဲစင်းငုံတစ်တန်လျှင် သုံးသိန်းကိုးသောင်းခန့်ရှိကြောင်း ၎င်းကဆိုသည်။

 

၂၀၁၇ ဩဂုတ်တွင် အိန္ဒိယ နိုင်ငံမှ ပဲမျိုးစုံတင်သွင်းမှုကန့် သတ်ပြီးနောက် ပြည်တွင်းဈေး ကွက်၌ မတ်ပဲနှင့်ပဲစင်းငုံဈေးနှုန်း ထက်ဝက်ခန့် ကျဆင်းခဲ့သည်။

 

အိန္ဒိယအစိုးရက ပဲတင် သွင်းမှုကန့်သတ်ကြောင်း ကြေ ညာချက်မထုတ်ပြန်မီ မတ်ပဲ တစ် တန်လျှင် ကျပ်ရှစ်သိန်းနှင့် အထက်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်ခုနစ်သိန်းအထက်တွင် ရှိ ကြောင်း ပြည်ပပဲတင်ပို့နေသည့် လုပ်ငန်းရှင်အချို့က ပြောသည်။

 

ထို့နောက် မတ်ပဲနှင့် ပဲစင်း ငုံဈေးနှုန်းသည် ဆက်တိုက်ကျ ဆင်းပြီး အခြေခံဈေးနှုန်းအောက် သို့ ရောက်ရှိလာကြောင်း ၎င်းတို့ က ပြောသည်။

 

မြန်မာနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံသည် စပါးပြီးလျှင်တောင် သူလယ်သမားများ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ် ပြီး ပဲစိုက်ပျိုးမှုဧက ၁၁ သန်း ကျော်တွင် ပဲစင်းငုံ ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်းရှိသည်။

 

လယ်သမားများ၏ ၀င်ငွေ အကျိုးအမြတ်အတွက် အဓိက ထားပြီး စိုက်ပျိုးနေသည့်သီးနှံများ ဖြစ်နေခြင်းကြောင့် ဈေးကွက် ပျောက်ဆုံးနေချိန်တွင် အစိုးရက ပူးပေါင်းပါဝင်လာသည်။

 

ပဲအများဆုံးဝယ်ယူနေသည့် ၀န်ကြီးဌာနအချို့ကို မတ်ပဲနှင့် ပဲ စင်းငုံအစားထိုးဝယ်ယူပေးရန် ဆွေးနွေးနေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ပဲအများ ဆုံးနှစ်စဉ်ဝယ်ယူနေသည့် ၀န်ကြီး ဌာနများသည် ကုလားပဲကိုသာ စားသုံးရန် ၀ယ်ယူခြင်းကြောင့် မတ်ပဲနှင့်ပဲစင်းငုံကို လာမည့် ဘတ်ဂျက်နှစ်၌ အစားထိုးဝယ် ယူပေးရန် ဆွေးနွေးထားကြောင်း ၎င်းကပြောခဲ့သည်။

 

ထို့အပြင် ပြည်တွင်း၌ ပဲစားသုံးမှုမြင့်တက်လာစေရန် တိုင်း နှင့်ပြည်နယ်အချို့တွင် ပဲစားပွဲတော်များပြုလုပ်ရန် အစိုးရက စီစဉ်နေသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:34
Rate this item
(1 Vote)