Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖိလစ်ပိုင်က ဗီယက်နမ်ဆန် တင်သွင်းမှု ရပ်ဆိုင်း

ကမ္ဘာ့ဆန်အများဆုံးတင်သွင်းတဲ့ နိုင်ငံများမှာ ပါဝင်တဲ့ ဖိလစ်ပိုင်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ ဆန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။

စိုက်ပျိုးရေးဌာနမှ ဆန်တင်သွင်းခွင့်အတွက် ထုတ်ပေးတဲ့ Sanitary and Phytosanitary Import Clearance (SPSIC) ယာယီရပ်ဆိုင်းထားပါတယ်။

လက်ရှိအခြေအနေမှာ ပြည်ပမှ ဆန်တင်သွင်းဖို့ မလိုအပ်သေးဘဲ ဖူလုံနေတဲ့အတွက် ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ယခုနှစ် ပထမနှစ်ဝက်မှာ စပါးတန်ချိန် ၁၁ သန်း ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ တစ်နှစ်တာမှာ တန်ချိန် သန်း ၂၀ ကျော် ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဗီယက်နမ်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံဟာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဆန်တင်ပို့မှု စုစုပေါင်းရဲ့ ၄၀% ကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ပါတယ်။
ယခုနှစ် ၁၀ လအတွင်း ဗီယက်နမ်မှ ဖိလစ်ပိုငမသို့ ဆန်တန်ချိန် ၂.၀၉ သန်း တင်ပို့ခဲ့ပြီးပြီ ဖြစ်ပါတယ်။

Read 1561 times Last modified on Saturday, 27 November 2021 15:09
Rate this item
(0 votes)