Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်တင်ပို့မှုများကို ထိန်းချုပ်နိုင်ရန် စာရင်းများ ကောက်ယူ

Unicode   >>>>>

ဆန်တင်ပို့မှုများကို ထိန်းချုပ်နိုင်ရန် စာရင်းများ ကောက်ယူ


ပြည်ပသို့  ဆန်တင်ပို့မှုများကို စနစ်တကျ ထိန်းချုပ်နိုင်ရန် ဆန်တင်ပို့သည့် ပို့ကုန်လုပ်ငန်းများ၏ တင်ပို့ရောင်းချသော စာရင်းများကို  မတ်လ ဒုတိယ ပတ်မှစ၍ ကောက်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်)မှ သိရပါတယ်။


Rice Warehouses ဆန်သိုလှောင်ရုံများ ၅၈၆ ခုကိုရှာရန်နှိပ်ပါ။


ပြည်ပသို့ ဆန်တင်ပို့မှုများပါက ပြည်တွင်းစားသုံးမှုကို ထိခိုက်နိုင်သည့်အတွက် စာရင်းကောက်ယူမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။


ပြီးခဲ့သည့် မိုးရာသီက စပါးတင်း ၁ဝဝ လျှင်ငွေကျပ် ငါးသိန်းအောက် ကျဆင်းခဲ့ပြီး ယင်းကာလအတွင်း Exporter များက ပြည်ပဝယ်လက် များသို့ အနိမ့်ဈေးနှုန်းများဖြင့် စာချုပ်ချုပ်ဆိုကာ အမြောက်အမြား ရောင်းချခဲ့ ကြောင်း၊ လတ်တလောတွင် ပြည်ပဝယ်လက်များက ဈေးအမြင့်ဖြင့် ဝယ်ယူ နေသော်လည်း ပြည်တွင်းတွင် နွေစပါးအထွက် နောက်ကျနေတဲ့အတွက် ထွက်ရှိမယ့် အချိန်ကို စောင့်ဆိုင်းနေရကြောင်း သိရပါတယ်။


Read More >>>>>  ငါး၊ ပုစွန်စက်ရုံများသို့ ပြောင်းတင်ပို့မည်


ထိုသို့ ဆန်တင်ပို့မှု စာရင်းကောက်ယူခြင်းဖြင့် ပြည်တွင်းဆန်စားသုံးမှု လုံလောက်တဲ့ အနေအထားကို ချင့်ချိန်နိုင်မည်ဖြစ်ပြီး အလွန်အကျွံ ရောင်းချထားတဲ့ Exporter များကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တင်ပို့ရောင်းချရာတွင် ဆုံးရှုံးမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။


#MFID

 

Home Page Food

Zawgyi >>>>>

 


 


 


 


 


 


 


 

#MFID

Read times Last modified on Monday, 16 March 2020 09:46
Rate this item
(0 votes)