Food & Livestock
ပြည်ပဆန် တင်သွင်းသဖြင့် အင်ဒိုနီးရှား ပြည်တွင်းဆန်ဈေးကွက် မထိခိုက်ဟု ပြောကြား
ပြည်ပဆန် တင်သွင်းသဖြင့် အင်ဒိုနီးရှား ပြည်တွင်းဆန်ဈေးကွက် မထိခိုက်ဟု ပြောကြား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အင်ဒိုနီးရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း Indonesian Chamber of Commerce and Industry (Kadin) ဥက္ကဋ္ဌ Arsjad Rasjid က အစိုးရအနေဖြင့် ဆန်တင်သွင်းရန် ဆုံးဖြတ်ချက်နှင့် ဆန်တင်သွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့် ဈေးနှုန်းကွာဟမှု၏ သက်ရောက်မှုကို ပိုမိုဂရုပြုမိဖို့လိုအပ်ကြောင်း ပြောကြားသည်။
“ပြည်တွင်းနဲ့ ပြည်ပ ဆန်ဈေးတွေ ဈေးကွာဟချက် အရမ်းကြီးလာရင် ဈေးသက်သာတဲ့ ပြည်ပဆန်ကို တင်သွင်းဖို့ အားသန်လာကြလိမ့်မယ်။ တင်သွင်းဆန်ကို ဝယ်လိုအား ပိုများလာမယ်။ အဲဒီအခြေအနေက ဒေသခံတောင်သူတွေအတွက် စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်”ဟု ထုတ်ပြန်ကြေညာချက်တွင် Arsjad က ပြောကြားထားသည်။
ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ Indonesia Economic Prospect အစီရင်ခံစာအရ အင်ဒိုနီးရှား၏ ဆန်လက်လီဈေးသည် လွန်ခဲ့သည့် တစ်ဆယ်နှစ်တွင် အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံးဖြစ်နေခဲ့သည်။
Food and Agriculture Organization’s Global Information and Early Warning System on Food and Agriculture (FAO-GIEWS) ၏ အချက်အလက်များအရ ကမ္ဘာ့ဘဏ် ခန့်မှန်းသည်မှာ အင်ဒိုနီးရှားနိုင်ငံတွင် ဆန်ဈေးသည် ဖိလစ်ပိုင်နိုင်ငံထက် ၂၈ ရာခိုင်နှုန်း ပိုများသည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့ထက် ၂ ဆကျော် ပိုများသည်။
နိုင်ငံတော် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ State Logistics Agency (Bulog) သည် နိုင်ငံတော် အရန်ဆန် ဖြည့်တင်းရန်အတွက် ယခုနှစ် ဒီဇင်ဘာလတွင် ဆန်တန်ချိန် ၂၀၀,၀၀၀ တင်သွင်းရန် အခွင့်အာဏာ ရရှိခဲ့သည်။ ဆန်တန်ချိန် ၆၀,၀၀၀ ကို တင်သွင်းခဲ့ပြီးပြီ ဖြစ်သည်။ ဒီဇင်ဘာလတွင် အများဆုံးအနေဖြင့် ဆန်တန်ချိန် ၇၀,၀၀၀ ရောက်ရှိလာမည်ဖြစ်ပြီး ဇန်နဝါရီတွင် နောက်ထပ် တင်သွင်းမည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်အစောပိုင်းတွင် အရန်တန်ချိန် ၁ သန်း ရှိခဲ့ရာမှ နိုဝင်ဘာလတွင် တန်ချိန် ၅၈,၇၀၀၀ မျှသာ ကျန်ရှိတော့သဖြင့် ယခုကဲ့သို့ ပြည်ပမှ တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဖူလုံရေးအတွက် အရန်ဆန် အများဆုံး သိုလှောင်မှု ကန့်သတ်ချက်မှာ တန်ချိန် ၁ သန်းခွဲ ဖြစ်သည်။
အစိုးရက ပြည်တွင်းမှ ဝယ်ယူဖြည့်တင်းရန် ကြိုးပမ်းခဲ့သော်လည်း မရနိုင်ခဲ့ချေ။ သို့ဖြစ်ရာ ဆန်လက်လီဈေး မြင့်တက်လာသည်ကို ထိန်းရန် ပြည်ပမှ ဆန်ကို မဖြစ်မနေ တင်သွင်းနေခြင်း ဖြစ်သည်။
အလယ်အလတ်တန်းစား ဆန် တစ်ကီလို ရူပီယာ ၁၂,၆၀၀ (US$0.81) အထိ မြင့်တက်နေသည်။ ဇူလိုင်လတွင် ၎င်းဆန်အမျိုးအစား တစ်ကီလို ရူပီယာ ၁၁,၅၅၀ မှ ၁၁,၇၅၀အထိသာ ရှိခဲ့သည်။ ဆန်ဈေး တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသော ဆန်များကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လိုအပ်ချက်အရ စျေးကွက်တွင် ဝင်ရောက်စွက်ဖက်မှုစသည့် အခြေအနေ အချို့တွင်သာ အသုံးပြုမည်ဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။
ပြည်တွင်း ဆန်ဈေးကွက်ထဲ ပြည်ပဆန်များ မရောက်ရှိအောင် အနီးကပ်စောင့်ကြည့်ပေးနေမည်ဖြစ်ကြောင်း ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၉ မှ ၂၀၂၁ အထိ ပြည်တွင်းဆန်ဖြင့် ဖူလုံခဲ့သည်။ အင်ဒိုနီးရှားတွင် မထွက်သော ဆန်အမျိုးအစားကိုသာ တင်သွင်းခဲ့သည်။ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက်လုပ်ငန်းများ သုံးစွဲရန်အတွက် ဖြစ်သည်။
Source Jakartapost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



