Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက်အတွင်း စားအုန်းဆီဈေးမြင့်တက်လာ

Unicode


ရန်ကုန်ဈေးကွက်အတွင်း စားအုန်းဆီဈေးမြင့်တက်လာ


ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဆီကုန်သည်များထံမှ သိရသည်။

 

"စားအုန်းဆီဈေးတက်တာက ပြည်ပဈေးကွက်ပေါ်မူတည်ပြီးတော့ အပြောင်းအလဲဖြစ်တာပါ။  အခု တရုတ်နိုင်ငံက စားအုန်းဆီပိုမိုတင်သွင်းတဲ့အတွက် ဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။ နောက်တစ်ခုက ဆီကိုအများဆုံး စားသုံးနေတဲ့ အိန္ဒိယနိုင်ငံက ဒီနှစ်မှာ သီးနှံအထွက်လျော့တဲ့အတွက် စားအုန်းဆီကိုပဲ အဓိကထား ဝယ်ယူတင်သွင်းတဲ့အတွက် ဒီရက်ပိုင်းမှာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်ကပြောသည်။

 

နိုဝင်ဘာလဆန်းပိုင်းက စားအုန်းဆီလက်ကားတစ်ပိဿာလျှင် ငွေကျပ် ၁၆၃၅ ကျပ်ရှိရာမှ လက်ရှိတွင် ငွေကျပ် ၁၇၅၀ သို့ မြင့်တက်လာခြင်းဖြစ်သည်။ လက်လီဈေးကွက်တွင်လည်း ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးကွက်အနေအထားမှာ မှန်းဆမရနိုင်သော အခြေအနေမျိုးဖြစ်သည်။

 

Read More >>>>>  ျမန္မာ့ထုတ္ကုန္အမ်ဳိးအစား ၃၀ ခန္႕ကို ထိုင္းေစ်းကြက္ျဖန္႕ခ်ိသူမ်ားႏွင့္ ခ်ိတ္ဆက္ေပးမည္

 

 

"လောလောဆယ် ဈေးကွက်ထဲမှာ စားအုန်းဆီက ပိုပြီး အရောင်းသွက်ပါတယ်။ ဈေးကလည်း ဒီရက်ပိုင်းနည်းနည်းတက်တယ်။ အရောင်းအဝယ်က ပုံမှန်တော့မရှိပါဘူး"ဟု လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေး အတွင်း စားအုန်းဆီလက်လီ၊ လက်ကားရောင်းချနေသည့် ဦးခင်ဇော်က ပြောသည်။

 

လတ်တလောတွင် ရန်ကုန်မြို့ ညောင်ပင်လေးဈေးရှိ စားသုံးဆီဆိုင်များသို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ လာရောက်ဝယ်ယူမှုရှိသော်လည်း ယခင်ထက်ဝယ်ယူမှု နည်းပါးကြောင်း သိရသည်။

 

Source: Myawady

 

 

 

ရန္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီေစ်းျမင့္တက္လာ

 

ယခုရက္ပိုင္းအတြင္း ရန္ကုန္ေစ်းကြက္တြင္ စားအုန္းဆီေစ်းႏႈန္းမ်ား အနည္းငယ္ျမင့္တက္လာေၾကာင္း ဆီကုန္သည္မ်ားထံမွ သိရသည္။

 

"စားအုန္းဆီေစ်းတက္တာက ျပည္ပေစ်းကြက္ေပၚမူတည္ၿပီးေတာ့ အေျပာင္းအလဲျဖစ္တာပါ။  အခု တ႐ုတ္ႏိုင္ငံက စားအုန္းဆီပိုမိုတင္သြင္းတဲ့အတြက္ ေစ်းေတြျမင့္တက္လာတာျဖစ္ပါတယ္။ ေနာက္တစ္ခုက ဆီကိုအမ်ားဆံုး စားသံုးေနတဲ့ အိႏိၵယႏိုင္ငံက ဒီႏွစ္မွာ သီးႏွံအထြက္ေလ်ာ့တဲ့အတြက္ စားအုန္းဆီကိုပဲ အဓိကထား ဝယ္ယူတင္သြင္းတဲ့အတြက္ ဒီရက္ပိုင္းမွာ စားအုန္းဆီေစ်းႏႈန္းေတြ ျမင့္တက္လာတာျဖစ္ပါတယ္ " ဟု ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမွဴး ဦးပိုင္ၿဖိဳးသန္႕ကေျပာသည္။

 

ႏိုဝင္ဘာလဆန္းပိုင္းက စားအုန္းဆီလက္ကားတစ္ပိႆာလွ်င္ ေငြက်ပ္ ၁၆၃၅ က်ပ္ရွိရာမွ လက္ရွိတြင္ ေငြက်ပ္ ၁၇၅၀ သို႕ ျမင့္တက္လာျခင္းျဖစ္သည္။ လက္လီေစ်းကြက္တြင္လည္း ေစ်းႏႈန္းမ်ား ျမင့္တက္ခဲ့ၿပီး ေစ်းကြက္အေနအထားမွာ မွန္းဆမရႏိုင္ေသာ အေျခအေနမ်ဳိးျဖစ္သည္။

 

Read More >>>>>  ျမန္မာ့ထုတ္ကုန္အမ်ဳိးအစား ၃၀ ခန္႕ကို ထိုင္းေစ်းကြက္ျဖန္႕ခ်ိသူမ်ားႏွင့္ ခ်ိတ္ဆက္ေပးမည္

 

"ေလာေလာဆယ္ ေစ်းကြက္ထဲမွာ စားအုန္းဆီက ပိုၿပီး အေရာင္းသြက္ပါတယ္။ ေစ်းကလည္း ဒီရက္ပိုင္းနည္းနည္းတက္တယ္။ အေရာင္းအဝယ္က ပံုမွန္ေတာ့မရွိပါဘူး"ဟု လမ္းမေတာ္ၿမိဳ ႔နယ္ ေညာင္ပင္ေလးေစ်း အတြင္း စားအုန္းဆီလက္လီ၊ လက္ကားေရာင္းခ်ေနသည့္ ဦးခင္ေဇာ္က ေျပာသည္။

 

လတ္တေလာတြင္ ရန္ကုန္ၿမိဳ ႔ ေညာင္ပင္ေလးေစ်းရွိ စားသံုးဆီဆိုင္မ်ားသို႕ ဧရာဝတီျမစ္ဝကြ်န္းေပၚေဒသမွ လာေရာက္ဝယ္ယူမႈရွိေသာ္လည္း ယခင္ထက္ဝယ္ယူမႈ နည္းပါးေၾကာင္း သိရသည္။

 

Source: Myawady

Read times Last modified on Thursday, 06 February 2020 15:10
Rate this item
(0 votes)