Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတုဖောက်ပြန်မှုကြောင့် တရုတ်နိုင်ငံတွင် စပါးအထွက်ကျနိုင်သဖြင့် မြန်မာ့ဆန်ကို ပိုမိုဝယ်ယူနိုင်

တရုတ်နိုင်ငံတွင် အအေးဓာတ်ပိုကာ ရာသီဥတု ဖောက်ပြန်မှုကြောင့် စပါးအထွက် နှုန်းကျဆင်းဖွယ်ရှိ၍ မြန်မာနိုင်ငံ မှ

ဆန်ဝယ်လိုအား ပိုကောင်းလာ နိုင်သည်ဟု ပြည်ပဆန်တင်ပို့နေ သည့် ကုန်သည်အချို့က ပြော ကြားသည်။

 

လက်ရှိ တရုတ်နိုင်ငံသည် မူဆယ်နယ်စပ်မှတစ်ဆင့် တစ် ရက်လျှင် ဆန်အိတ်ရေ လေး သောင်းခန့် ဝယ်ယူနေပြီး ရှေ့ ဆက်၍ ယင်းပမာဏထက် မြင့် တက်လာနိုင်သည်ဟု ဆန်ကုန် သည်များက ဆိုသည်။

 

ယူနန်ပြည်နယ်က ကုန် သည်များ၏ ဝယ်လိုအားကြောင့် မူဆယ်နယ်စပ်တွင် ဆန်ဈေးနှုန်း သည် တစ်အိတ်လျှင် တရုတ်ငွေ  သုံးယွမ်မှ လေးယွမ်အကြား ဈေး မြင့်တက်လာသည်ဟု မူဆယ်မှ ကုန်သည်အချို့က ပြောကြားသည်။

 

နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု မြင့်တက်လာချိန် တွင် အာဖရိကနိုင်ငံသို့ ရောင်းချ ထားသည့် ဆန်ကြမ်းများ သင်္ဘောတင်ရန် ရှိနေခြင်း၊ တရုတ်နိုင်ငံသို့ တရားဝင် ဆန် တန်ချိန် တစ်သိန်း ရောင်းချမည့် အစီအစဉ်များ ရှိနေခြင်းကြောင့် မိုးစပါးပေါ်ချိန် ဖြစ်သော်လည်း ဆန်ဈေး ယခုထက် ကျဆင်းနိုင် ခြေနည်းသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးနေလင်းဇင်က ခန့်မှန်းသည်။

 

နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချ ခြင်းကို မြန်မာအစိုးရဘက်က တရားဝင်ခွင့်ပြုထားသော်လည်း တရုတ်အစိုးရက ခွင့်ပြုခြင်း မရှိသဖြင့် ဖမ်းဆီးမှုများရှိသည်။ သို့သော် နိုဝင်ဘာအတွင်း ဆန် ကားများကို ဖမ်းဆီးမှု မရှိသေး ကြောင်း မူဆယ်မြို့မှ ကုန်သည် တစ်ဦးက ပြောသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ လလယ်အထိ ပြည်ပသို့ ဆန်တင်ပို့ထားသည့် ပမာဏ တန်ချိန် ၁၆ သိန်းကျော်ရှိပြီး မူဆယ်နယ်စပ်မှ ဆန်နှင့် ဆန်ကွဲတန်ချိန် ကိုးသိန်း ခန့် တင်ပို့ထားသည်ဟု ကုန်သည် အချို့က ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:37
Rate this item
(0 votes)