Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်ဆန် တင်ပို့မှု ယခုနှစ် ပိုများမည်

ဗီယက်နမ်ဆန် တင်ပို့မှု ယခုနှစ် ပိုများမည်

ဗီယက်နမ်၏ ဆန်တင်ပို့မှုသည်ယခင်နှစ်က  တန်ချိန် ၆ ဒသမ ၂၄ သန်းမှ ယခုနှစ်တွင် ၀ယ်လိုအား ပြင်းထန်သဖြင့် တန်ချိန် ၆ ဒသမ ၃ သန်းမှ ၆ ဒသမ ၅ သန်းအထိ တိုးလာဖွယ်ရှိကြောင်း ဗီယက်နမ် စားနပ်ရိက္ခာအသင်း Vietnam Food Association ဥက္ကဋ္ဌ Nguyen Ngoc Nam က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

“ဒီနှစ်မှာ အခုအထိတော့ ပို့ကုန်က အားကောင်းနေတယ်။ ဒီနှစ်ရဲ့ ကျန်တဲ့လတွေမှာလည်း အရှိန်အဟုန်နဲ့ ဆက်သွားနေမယ်လို့ မျှော်လင့်ပါတယ်”ဟု Nguyen Ngoc Nam က ပြောကြားသည်။ 

.

ဗီယက်နမ်သည် ကမ္ဘာ့တတိယ ဆန်အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ ယခုနှစ် ပထမရှစ်လအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၄ ဒသမ ၇ သန်းရှိခဲ့သည်။

 

ဗီယက်နမ်ဆန် တင်ပို့မှုဈေးနှုန်းများသည် လာမည့်လများအတွင်း ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းကြောင့် မြင့်တက်လာဖွယ်ရှိပြီး ဆန်စိုက်ပျိုးသည့်နိုင်ငံအများအပြားတွင် ဆိုးရွားသောရာသီဥတုအခြေအနေကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

"ကမ္ဘာ့ငွေကြေးဖောင်းပွမှုဖိအားကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်၊ အထူးသဖြင့် ဓာတ်မြေဩဇာစျေးနှုန်းများ မကြာသေးမီက သိသိသာသာ မြင့်တက်လာပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ ဥရောပနိုင်ငံတချို့မှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတွေနဲ့ ရေလွှမ်းမိုးမှုတွေ တွေ့နေရတယ်၊ ဒါက ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုကို ထိခိုက်နိုင်တယ်" ဟု ဥက္ကဋ္ဌက ပြောကြားသည်။

 

ဖိလစ်ပိုင်သည် ယခုနှစ်တွင်လည်း ဗီယက်နမ်၏ ဆန်အများဆုံး တင်ပို့သည့် ဈေးကွက်အဖြစ် ဆက်လက်ရှိနေဦးမည်ဟု ၎င်းက ဆိုသည်။

 

Source Bangkokpost 

#MyanmarFoodIndustryGuide  

Telegram Channel https://t.me/Guid4U

 

 

Read times Last modified on Friday, 09 September 2022 09:33
Rate this item
(0 votes)