Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုဝင်ဘာမိုးကြောင့် ဆန်ချောစပါး ပျက်စီးမှုများ ကြုံတွေ့

 နိုဝင်ဘာအတွင်း ရွာ သွန်းသည့်မိုးကြောင့် ပေါ်ဆန်း ကဲ့သို့ အချိန်ကြာမြင့်စွာ စိုက်ပျိုး ရသည့် ဆန်ချောအမျိုးအစား

ထွက်ရှိသောစပါးများသည် ပျက် စီးဆုံးရှုံးမှုများ ကြုံ့တွေ့နေရ ကြောင်း ဧရာဝတီတိုင်းဒေသကြီး မှ လယ်သမားများက ပြောသည်။

 

အဆိုပါပေါ်ဆန်းအမျိုးအ စား (သက်ကြီးစပါး)သည် ပုံမှန် ရာသီဥတုတွင် စိုက်ပျိုးပါက တစ် ဧကလျှင် စပါး ၄၅ တင်းမှ ၅၀ တင်းအကြား ထွက်သော်လည်း  နိုဝင်ဘာတွင် မိုးရွာသွန်းမှုများ ကြောင့် အပင်များလဲပြီး ပျက်စီးခြင်း၊ ရိတ်သိမ်းထားသည့် ကောက်လှိုင်းတချို့ပျက်စီးခြင်း တို့ဖြစ်ပေါ်ခဲ့သဖြင့် စပါး ၂၅ တင်းမှ တင်း ၃၀ ၀န်းကျင်ကြား သာရရှိသည်ဟု ဘိုကလေးမြို့ နယ်မှ လယ်သမားဦးအောင်သိန်း နိုင်က ပြောသည်။

 

‘‘လယ်သမားတွေအတွက် နိုဝင်ဘာမိုးက ထိုးနှက်ချက်တစ် ခုပဲ’’ ဟု ဓနုဖြူမြို့နယ်မှ လယ်သ မားဦးသိန်းအောင်က ပြောသည်။

 

စိုက်ပျိုးရက်တိုသည့် ဆန် ကြမ်းအမျိုးအစားထွက်ရှိသော (ရက်တိုစပါး) အများစုသည် လက်ရှိတွင် ရိတ်သိမ်းပြီး ဖြစ်သဖြင့် နိုဝင်ဘာ မိုးလွတ်သွား သော်လည်း ကျန်ရှိနေသည့်စပါး အချို့ ထိခိုက်မှုများရှိနိုင်ကြောင်း ၎င်းက ပြောသည်။

 

လက်ရှိကျန်ရှိနေသည့် ဆန် ကြမ်းအမျိုးအစား စပါးများကို ရေနက်ကွင်းတွင် စိုက်ပျိုးသည် ဟု ဧရာဝတီတိုင်းမှ လယ်သမား အချို့က ပြောသည်။

 

နိုဝင်ဘာအတွင်း မိုးရွာရက် ဆက်နေခြင်းကြောင့် စပါးရိတ် သိမ်းနေချိန်တွင် ရေစိုပျက်စီးမှု များလည်း ရှိသည်ဟု ဒေးဒရဲမြို့ နယ်မှ လယ်သမားဦးအောင်ဆိုင် က ပြောသည်။ စပါးရေစိုပျက်စီး မှုကြောင့် ဆန်စက်များသို့ ရောင်း ချရာတွင်လည်း ဒေသပေါက်ဈေး မရကြောင်း ၎င်းကပြောသည်။

 

ဧရာဝတီတိုင်းတွင် ပေါ် ဆန်းအမျိုးအစားဈေးနှုန်းသည် နိုဝင်ဘာလဆန်းတွင် တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းလေးသောင်း ရှိနေရာကနိုဝင်ဘာ ၂၃ ရက်တွင် ကျပ်ခုနစ်သိန်းခန့်သို့ ဈေး ကျဆင်းလာသည်။

 

ဆန်ကြမ်းအမျိုးအစား စပါးဈေးနှုန်းက ကျပ်ငါးသိန်းခွဲဝန်းကျင်ဈေးရှိသည်။ စပါးတွင် အစိုဓာတ်ပါဝင်မှုများပါက အဆိုပါပေါက်ဈေးအောက်ဈေးလျှော့ပြီး ရောင်းချနေရသည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ဆိုသည်။

 

ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်များမှ လေဖိအားနည်း ရပ်ဝန်းများ ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အ ပြားတွင် နိုဝင်ဘာလကုန်အထိ အချိန်အခါမဟုတ်မိုးရွာသွန်းနိုင် သဖြင့် ရိတ်သိမ်းဆဲသီးနှံများအ မိုးအကာအောက် ပို့ဆောင်ထား ရန် မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်က သတိပေးထား သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(1 Vote)