Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးသူကာကွယ်ရေးအသင်း ထုတ်ပြန်ချက်ကို ပဲ၊ နှမ်းအသင်း ကန့်ကွက်

စားသုံးသူကာကွယ်ရေးအသင်း ထုတ်ပြန်ချက်ကို ပဲ၊ နှမ်းအသင်း ကန့်ကွက် google.com

မတ်ပဲ၊ ပဲစင်းငုံအပါအ၀င် ပဲမျိုးစုံဝယ်ယူနေသည့်နိုင်ငံများ အထင်အမြင်လွဲမှား၍ ၀ယ်ယူမှုလျော့ကျနိုင်သဖြင့်

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းက ဇန်န၀ါရီ ၆ ရက်တွင် သဘောထား ထုတ်ပြန်သည်။

 

ပိုးသတ်ဆေး ဓာတ်ကြွင်းများနေသော ပဲများကို ပြည်တွင်း စားသုံးသူများထံ ရောင်းချရန် ရည်ရွယ်၍ ပဲစားပွဲတော်များ၊ ပဲ စားသုံးမှုမြှင့်တင်ရေးပွဲများပြုလုပ်နေခြင်းကြောင့် စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူများသည် စားသုံးသူများကို ကာကွယ်ပေးရ မည့်အစား ပဲစိုက်ကုန်သည်များ နှင့် တောင်သူများ မျက်နှာတစ်ခုတည်းကိုကြည့်ပြီး ပြည်တွင်းပဲစားသုံးမှု မြှင့်တင်ရေး ပွဲတော်များ ကျင်းပနေကြောင်း၊ ထိုသို့လုပ် ဆောင်ခြင်းကို မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေးအသင်းက ကန့် ကွက်ကြောင်း ကြေညာချက်ကို ဒီဇင်ဘာ ၂၆ ရက်ကထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ပဲ၊ နှမ်းအသင်းက ကန့်ကွက်ခြင်းဖြစ်သည်။

 

‘‘နိုင်ငံခြားတင်ပို့နေတဲ့ပဲကို  အခြေအမြစ်မသိဘဲ ရမ်းထုတ်လိုက်တော့ တကယ်ဝယ်ယူနေတဲ့ သူက သံသယ၀င်သွားရင် နိုင်ငံတော်ရော၊ တောင်သူရောထိခိုက်မှာပါ’’ ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေးမှူးဦးမင်းကိုဦးက ပြောကြား သည်။

 

လက်ရှိအချိန်သည် ပဲစင်းငုံအသစ်ပေါ်နေပြီး လာမည့်မတ်လတွင်လည်း မတ်ပဲအသစ်ပေါ်ချိန် ဖြစ်သောကြောင့် နိုင်ငံတကာဈေးကွက်များ ထပ်မံဆုံးရှုံးမည်ဆိုလျှင်တောင်သူလယ်သမားများ အခက်အခဲကြုံတွေ့နိုင်ကြောင်း  ၎င်းကပြောသည်။

 

အိန္ဒိယအစိုးရက ပဲတင်သွင်းမှုကန့်သတ်ခြင်းသည် ပိုးသတ်ဆေး ဓာတ်ကြွင်းများကြောင့် မဟုတ်ဘဲ အိန္ဒိယတောင်သူများ၏ အကျိုးစီးပွားကာကွယ်ရန် မတ်ပဲ၊ ပဲစင်းငုံနှင့်ပဲတီစိမ်း တို့ကို တင်သွင်းမှုကန့်သတ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

 

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း သဘောထား ထုတ်ပြန်ချက်သည် အသင်းဝင်များ၏ သဘောဆန္ဒဖြစ်ကြောင်း ဦးမင်းကိုဦးကပြောသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနက ပဲစားပွဲတော်များပြုလုပ်ခြင်းကို မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ ကန့်ကွက်သော သဘောထားကြေညာချက်ထုတ်ပြန်ခဲ့မှု နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြန်လည်တောင်းပန်ရန် ဒီဇင်ဘာ ၂၉ ရက်က အသိပေး စာထုတ်ပြန်ခဲ့သည်။

 

စားသုံးသူ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအပေါ် တိကျသေချာမှုမရှိဘဲ နိုင်ငံတော်အစိုးရကို တာဝန်ခံပြီး ဆောင်ရွက်နေသော ဦးစီးဌာနအပေါ် အများပြည်သူ အကြည်ညိုပျက်စေမည့်ရေးသားမှု၊ စွပ်စွဲမှုများ၊ အစိုးရနှင့် ပြည်သူများအကြား သဘောထားကွဲလွဲ မှုဖြစ်ပေါ်နိုင်သည့် အသုံးအနှုန်းများပါဝင်ခြင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကို ပြန်လည်တောင်းပန်ရန်နှင့် သတ်မှတ်ရက်အတွင်း မတောင်းပန်လျှင် တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:26
Rate this item
(2 votes)