Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုကာကိုလာက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒီဇိုင်းအသစ်သုံး ဘူးဖုံး စတင်သုံးစွဲ

ကိုကာကိုလာက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒီဇိုင်းအသစ်သုံး ဘူးဖုံး စတင်သုံးစွဲ

ကိုကာကိုလာ ပလတ်စတစ်ဘူးအဖုံး ဒီဇိုင်းအသစ်ဖြင့် ကိုကာကိုလာဖျော်ရည်ဘူးများကို ယခု သီတင်းပတ်မှာ ကိုကာကိုလာက ယူကေမှာ စတင်ဖြန့်ဖြူးပါတယ်။ ဘူးအဖုံးကို လည့်ဖွင့်လိုက်ပြီးရင် အဖုံးတခြား ဘူးတခြား ဖြစ်မသွားတော့ဘဲ ဘူးနဲ့ အဖုံး တွဲလျက်သား ဆက်ဖြစ်နေမယ့် ဒီဇိုင်း ဖြစ်ပါတယ်။
အသေးအမွှားလို့ ထင်စရာ ရှိပေမဲ့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူး ရှိတယ်လို့  ယူကေရှိ Coca-Cola ကုမ္ပဏီမှ ထွေ/ဂျာ Jon Woods က ပြောကြားပါတယ်။ 

 

pasted_image_0.png

အဖုံးတွေက အဖုံးတခြား ဘူးတခြား ဖြစ်နေတဲ့အတွက် ဘူးက တစ်ဖန်ပြန်သုံး recycle လုပ်ကိုင်တဲ့ဆီသို့ ရောက်မလာဘဲ အမှိုက်အဖြစ် ကျန်ရစ်ပါတယ်။ ယခု တွဲလျက်သား ဆက်ရှိနေတဲ့အတွက် ဘူးခွံနဲ့အတူ အဖုံးလည်း တွဲလျက်သားဖြင့် တစ်ဖန်ပြန်သုံးမည့် စက်ရုံဆီကို ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ်။ 

Coca-Cola က ပလတ်စတစ်ဘူးတွေ ထုတ်လုပ်ပုံကိုလည်း recycle  လုပ်ဖို့ လွယ်ကူပြီး အကုန်အကျသက်သာအောင် ပြောင်းလဲထုတ်လုပ်ထားကြောင်း ပြောကြားပါတယ်။
ဘူးအသစ် အဖုံးအသစ်တွေက လာမယ့်နှစ်နှစ်အတွင်း တိုးချဲ့သုံးစွဲသွားမှာ ဖြစ်ပြီး Coke, Coke Zero Sugar, Diet Coke, Fanta, Sprite and Dr. Pepper တို့အတွက် ပလတ်စတစ်ဘူးများမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ယူကေမှာပဲ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

 

pasted_image_0_1.png


 အီးယူ European Union မှာ တစ်ခါသုံးပလတ်စတစ်ဘူးတွေမှာ  အဖုံးက တွဲလျက်သား ဖြစ်နေစေရမယ်လို့ ပြဋ္ဌာန်းထားပြီး ကုမ္ပဏီများအနေဖြင့် ၂၀၂၄ ခုနှစ် နောက်ဆုံးထားပြီး  အကောင်အထည်ဖော်ကာ လိုက်နာကြရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)