Food & Livestock



ဈေးကွက်ထဲ ဆန်ဖြူ လုံလောက်သဖြင့် အစိုးရအရန်ဆန် ထည့်သွင်းပေးရန် မလိုအပ်ဟု Bernas ပြောကြား

ဈေးကွက်ထဲ ဆန်ဖြူ လုံလောက်သဖြင့် အစိုးရအရန်ဆန် ထည့်သွင်းပေးရန် မလိုအပ်ဟု Bernas ပြောကြား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

မလေးရှားမှ Padiberas Nasional Bhd (Bernas) ကုမ္ပဏီများအုပ်စုသည် ပြည်တွင်း စပါးဝယ်ယူရေးနှင့် ဆန်စီမံဆောင်ရွက်ရာတွင် ပါ၀င်ဆောင်ရွက်ပါသည်။ ထို့ပြင်  ပြည်ပမှ ဆန် တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စျေးကွက်တင်ခြင်းတို့ကိုလည်း လုပ်ကိုင်ပါသည်။

 

ဈေးကွက်ထဲ ဆန်ဖြူ အလုံအလောက် ရှိကြောင်း Padiberas Nasional Bhd (Bernas) က စက်တင်ဘာလ ၂၈ ရက်တွင် လူထုကို အသိပေးကြေညာချက် ထုတ်ပြန်သည်။

 

 ကြေညာချက်တွင် Bernas က လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း ပျမ်းမျှလစဉ်ရောင်းချမှုထက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈လတာအတွင်း ၃၈ ရာခိုင်နှုန်းအထိ ဆန်ဖြန့်ဖြူးမှု တိုးခဲ့ကြောင်း အသိပေးထားသည်။

၈ လတာတွင် ဆန် မက်ထရစ်တန် ၆၃၀,၀၀၀ ဖြန့်ဖြူးခဲ့ပြီး ဆန်တင်သွင်းမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း Bernas က ပြောကြားသည်။ 

 “ဆန်ဖြူ ထောက်ပံ့မှုက အစိုးရရဲ့ အရန်ဆန် ထောက်ပံ့မှုကို သုံးစရာ မလိုဘဲ လုံလောက်ပါတယ်" ဟု ပြောကြားသည်။ 

 

ပြည်တွင်းဆန်ဖြူ ဝယ်လိုအား တိုးလာရခြင်းမှာ ပြည်တွင်းဆန်ဖြူနှင့် ပြည်ပမှ တင်သွင်းလာသော ဆန်ဖြူဈေးနှုန်းများ ကွာခြားမှုကြောင့် ဖြစ်သည်ဟု  ပြောကြားသည်။  

စားသုံးသူတို့သည် ပြည်ပမှ တင်သွင်းသည့်ဆန်များ ဈေးမြင့်တက်သဖြင့် ပြည်တွင်းဆန်ကို ပြောင်းလဲ စားသုံးကြသည်။ စားသောက်ကုန်လုပ်ငန်းများကလည်း ပြည်တွင်းဆန်ကို ပြောင်းလဲသုံးစွဲကြသည်။

 

Bernas သည် ပြည်တွင်းဆန် ဈေးကွက်တွင် ၁၀% ဝန်းကျင်မျှသာ ကိုင်တွယ်ပြီး ကျန်သည့် ၉၀% ကို ပုဂ္ဂလိကဆန်စက်များက စပါးဝယ်ယူပြီး ဆန်စပါး ကြိတ်ခွဲ ထုတ်လုပ်ရေးကို လုပ်ကိုင်ကြသည်ဟု Bernas က ပြောကြားသည်။

သို့သော် ပြည်တွင်းဆန်ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန Ministry of Agriculture and Food Security (MAFS) မှ  ကြားဝင် ဆောင်ရွက်ပေးသည့် အစီအစဉ်များအားလုံးကို အမြဲတစေ ပံ့ပိုးပေးရန် တာဝန်ယူကြောင်း Bernas က ပြောကြားသည်။

 

 နိုင်ငံပိုင်သတင်းဌာန Bernama က စီလန်ဂေါ အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးကော်မတီဥက္ကဋ္ဌ Izham Hashim က အစိုးရသည် Bernas မှတစ်ဆင့် တင်သွင်းလာသော ဆန်ဖြူများကို ယခုနှစ်ကုန်အထိ ငွေကြေးထောက်ပံ့မည်ဟု ပြောကြားခဲ့ကြောင်း သတင်းဖော်ပြသည်။

 

MAFS ဝန်ကြီး Datuk Seri Mohamad Sabu က အိန္ဒိယ၏ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ သက်သာချောင်ချိရေး ၀န်ကြီးနှင့် မကြာမီ တွေ့ဆုံရန် မျှော်လင့်ထားကြောင်း၊ အိန္ဒိယအစိုးရက တင်ပို့ခွင့် ပိတ်ပင်ထားသော အိန္ဒိယဆန်ဖြူ ဝယ်ယူခွင့် ရရန်ဆွေးနွေးမည်ဟု ပြောကြားသည်။

 Source malaymail


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 28 September 2023 21:12
Rate this item
(0 votes)