Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံသို့ အုန်းသီးတင်ပို့မှု ရပ်ဆိုင်းနေဟု ဆို

ပြည်တွင်းအုန်းသီးဈေး မြင့်မားသဖြင့် ထိုင်းနိုင်ငံသို့ တင် ပို့ရောင်းချမှု ရပ်ဆိုင်းနေကြောင်း   အုန်းသီးအစုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုး ၀င်း

ကပြောသည်။လက်ရှိတွင် ပြည်တွင်း၌ အုန်းသီးတစ်လုံး ပေါက်ဈေး ကျပ်ခြောက်ရာခန့် ရှိနေပြီး ထိုင်း နိုင်ငံတွင်ကျပ်လေးရာခန့်ပေါက် ဈေးရှိနေသည်။

 

‘‘ပြည်တွင်းမှာက အုန်းသီး ရှားတဲ့အချိန်ရောက်လာတော့ ဈေးတွေတက်လာတယ်။ ပြီး တော့ ထိုင်းနိုင်ငံကို တရုတ်၊ အင် ဒိုနီးရှားနဲ့ ဗီယက်နမ်က အုန်းသီး တွေ ဈေးနှုန်းချိုချိုနဲ့ဝင်နေတယ်။  အဲဒါကြောင့် အုန်းသီးတင်ပို့ ရောင်းချတာမရှိတော့ဘူး’’ ဟု ဦးမျိုးဝင်းကဆိုသည်။

 

ထိုင်းနိုင်ငံသို့ အုန်းသီးတင် ပို့ရောင်းချမှု ရပ်ဆိုင်းခဲ့သည်မှာ  သုံးလခန့်ကြာမြင့်ပြီဖြစ်ပြီး ပြည် တွင်း၌ အုန်းသီးပေါများစွာ ထွက် ရှိလာပါက ဈေးနှုန်းကျဆင်းလာ ကာ ပြန်လည်တင်ပို့ရောင်းချလာ  နိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဇွန်လမှ ဖေဖော်ဝါရီအတွင်း အုန်းသီးလှိုင် ထွက်ရှိပြီး ဖေဖော်ဝါရီလကုန်မှ  မေလကုန်အထိ အုန်းသီးအတွက် လျော့နည်းကြောင်း၊ လက်ရှိတွင် အုန်းသီးရှားပါးမှုကြောင့် ပြည် တွင်း ဈေးကွက်တွင်ဈေးနှုန်းအ နည်းငယ်မြင့်တက်နိုင်ကြောင်း ဦး မျိုးဝင်းကပြောသည်။

 

မြန်မာနိုင်ငံတွင် အုန်းသီး စိုက်ပျိုးသူများသည် မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးမှု၊ အုန်း ပင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းကြောင်း အသင်းအ ထွေထွေအတွင်းရေးမှူး ဒေါ် စန်းစန်းဟန်က ပြောကြားထား သည်။

ထို့ကြောင့် မျိုးကောင်းမျိုး သန့်အုန်းသီးမျိုးများ စိုက်ပျိုးနိုင် ရန်အုန်းသီးအစုအဖွဲ့က တောင် သူများကို စည်းရုံးပညာပေးမှုများ လုပ်ဆောင်နေကြောင်း ဦးမျိုးဝင်း ကဆိုသည်။

၂၀၀၈ မတိုင်မီက ပြည် တွင်း အုန်းသီးထွက်ရှိမှု အရေ အတွက် သိန်းခြောက်ထောင် ကျော်ရှိသော်လည်း နာဂစ်မုန် တိုင်းအပြီး အုန်းသီးထွက်ရှိမှု အရေအတွက် သိန်းလေးထောင် ကျော်သာရှိကြောင်း  အုန်းသီး အစုအဖွဲ့စာရင်းများ၌ ဖော်ပြ ထားသည်။

 

မြန်မာနိုင်ငံတွင် အုန်းသီး စိုက်ဧက တစ်သိန်းသုံးသောင်း ကျော်ရှိပြီး ဆွတ်ခူးနိုင်ပြီဖြစ် သည့် စိုက်ဧက တစ်သိန်း ကျော်ရှိသည်။

 

စိုက်ပျိုးသည့် အုန်းသီးအ မျိုးအစား၊ ပြုပြင်ထိန်းသိမ်းမှုပေါ် မူတည်၍ စိုက်ဧကတစ်ဧကလျှင်  အုန်းသီးအလုံးရေ တစ်ထောင် ကျော်မှ ငါးထောင်ကျော်အထိ ထွက်ရှိပြီးထွက်ရှိမှုအများဆုံး  ဒေ သသည် ဧရာဝတီတိုင်းဒေသကြီး ဖြစ်ကာ အနည်းဆုံးဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း ဖြစ် ကြောင်းအဆိုပါစာရင်းတွင် ဖော် ပြသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:36
Rate this item
(1 Vote)