Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Mini Market များဖွင့်လှစ်မည်ဆိုပါက လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် g & g, ABC, One Stop Mart စတဲ့ ဆိုင်တွေကို ကုန်မျိုးစုံရောင်းချတဲ့

စတိုးဆိုင်လုပ်ငန်း လိုင်စင်အမျိုးအစားနဲ့ ဖွင့်ခွင့်ပေးထားပြီး လုပ်ငန်းလိုင်စင် ၄၆၀၁၁ ခု ထုတ်ပေးထားတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ဆိုင်ခန်းများနဲ့ ပတ်သက်ပြီး g & g, ABC, One Stop Mart စတဲ့ Convenience Store ဆိုင်များက လုပ်ငန်းလိုင်စင်အမျိုးအစားဖြစ်ပြီး၊ စားသောက်ဆိုင်များက အစားအသောက် လိုင်စင်အမျိုးအစားမှာ ပါဝင်ကြောင်း သိရပါတယ်။

 

Convenience Store ဆိုင်များထက် လုပ်ငန်းပမာဏ ကြီးမားတဲ့ Mini Market, Super Market, Shopping Mall များဟာ ကိုယ်ပိုင်ဈေးလိုင်စင် အမျိုးအစားမှာ ပါဝင်ပါတယ်။

 

၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လိုင်စင်ခွင့်ပြုခဲ့မှု အခြေအနေက အစားအသောက်လိုင်စင် (၈၄၀၈) ခု၊ လုပ်ငန်းလိုင်စင် (၄၆၀၁၁) ခု ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

 

လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေကို လိုင်စင်လျှောက်ထားဖို့ အကြောင်းကြားစာပေးပို့ထားပြီး လိုက်နာခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ ပထမအကြိမ် တရားစွဲဆိုမယ် ထပ်မံကျူးလွန်ပါက ပုဒ်မ ၆၉ နဲ့ လုပ်ငန်း ပိတ်သိမ်းတဲ့အထိ ဒါမှမဟုတ် လိုင်စင် ခွင့်ပြုချက်ရရှိသည်အထိ တရားစွဲဆိုအရေးယူတယ်လို့လည်း မြို့တော်ဝန်က ပြောခဲ့ပါတယ်။

 

ကိုယ်ပိုင်ဈေးလိုင်စင်နဲ့ ဖွင့်ခွင့်ပြုထားတဲ့ Mini Market, Super Market, Shopping Mall   ၈၆ ခု ခွင့်ပြုထားပြီး ရန်ကုန်မှာ လိုင်စင်လျှောက်ထားသူတွေဟာ လိုင်စင်လျှောက်ရမယ့် ပုံစံတွေနဲ့ လျှောက်ထားစေပြီး ပတ်ဝန်းကျင်နဲ့ကိုက်ညီမှုရှိရင် လိုင်စင်လျှောက်ထားမှုကို မြို့တော်စည်ပင်က အမြန်ဆုံးဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။

 

Source: DVB

Read times Last modified on Tuesday, 18 September 2018 13:35
Rate this item
(0 votes)