Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မေလတွင် မြန်မာဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲတင်ပို့

မေလတွင် မြန်မာဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲတင်ပို့

 

  • ၂၀၂၂ မေလတွင် မြန်မာဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခွဲတင်ပို့

  • ၂၀၂၂ ပထမ ၅လ ကမ္ဘောဒီယားဆန် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့

 

မြန်မာဆန်

 

၂ဝ၂၂ ခုနှစ်၊ မေလတွင် ကုမ္ပဏီ ၃၆ ခုတို့က 

နိုင်ငံပေါင်း ၂၅ နိုင်ငံသို့  ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲ တင်ပို့ရောင်းချပေးခဲ့သည်ဟု သိရပါသည်။

နိုင်ငံ ၁၆ နိုင်ငံသို့ ဆန်တန်ချိန် ၉၄,၆၉၁ ။ကို လည်းကောင်း၊ နိုင်ငံ ၉ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၈,၈၁၅ ဒသမ ၅  ကိုလည်းကောင်း တင်ပို့ခဲ့ပါသည်။

သို့ဖြစ်ရာ နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၅၃၅ဝ၆ ဒသမ ၅ တင်ပို့ခဲ့ပါသည်။

 

တင်ပို့သည့် လမ်းကြောင်းများအရ ကြည့်လျှင်

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း ၆,၇၅၃ တန်တင်ပို့ခဲ့ပါသည်။ သင်္ဘောဖြင့်  ဆန်နှင့်ဆန်ကွဲတန်ချိန် စုစုပေါင်း ၁၄၆,၇၅၃ ဒသမ ၅ တန် တင်ပို့ခဲ့ပါသည်။ 

 

မြန်မာ့ဆန် ဝယ်ယူသည့် နိုင်ငံများနှင့်  ဝယ်ယူသည့် စုစုပေါင်းတန်ချိန်များမှာ- - -

မာဒါဂါစကာ ၂၂,ဝဝဝ တန်၊

ဖိလစ်ပိုင် ၁၆,၈၁ဝ တန်၊

အီတလီ ၁၅,၆၇၀ တန်၊

ပိုလန် ၁၃,ဝ၃ဝ တန်၊

တရုတ် ၁၁,၈၄၃တန် 

တို့ ဖြစ်ပါသည်။

 

မြန်မာ့ဆန်ကွဲ ဝယ်ယူသည့် နိုင်ငံများနှင့်  ဝယ်ယူသည့် စုစုပေါင်းတန်ချိန်များမှာ- - -

 ဘယ်လ်ဂျီယံ ၂၄,၃ဝဝ တန်၊ 

 တရုတ်  ၁၆,၃၄၆ တန်၊ 

 ပိုလန်  ၁၆,၁ဝဝ တန်၊ 

 နယ်သာလန် ၅၉ဝ တန်

 ပါပူးဝါးနယူးဂီနီ  ၅၂ဝ တန်

 တို့ ဖြစ်ပါသည်။

 

၂၀၂၂ မေလတွင် ပြည်ပတင်ပို့ခြင်း၊ မွေးမြူရေးအစာစပ်ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုခြင်းတို့ကြောင့် ဝယ်လိုအား ကောင်းနေခဲ့သည်။ ပြည်ပတင်ပို့ခြင်း၊ မွေးမြူရေးအစာစပ်ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုခြင်း သုံးမျိုးစလုံးတွင် ဆန်ကွဲ ဝယ်လိုအားကောင်းခဲ့သည်။ ဆန်ကွဲဈေးနှုန်းများမီအဆ ဆန်အဆုံး ဈေးနှုန်းအတက်ဘက်မှာ တောင်လျှောက် ရှိနေခဲ့သည်ဟု သိရပါသည်။

 

ကမ္ဘောဒီးယားဆန်

ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၂၂ ဇန်နဝါရီမှ မေလအထိ ပြည်ပဈေးကွက်သို့ ကမ္ဘောဒီးယားဆန်  တန်ချိန် ၂၈၃,၆၇၅ တင်ပို့ခဲ့ပါသည်။

ကမ္ဘောဒီးယားဆန် တန်ချိန် ၁၄၉,၄၄၇ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ကမ္ဘောဒီးယားဆန် ၅ လတာ တင်ပို့မှုာစုစုပေါင်း၏ ထက်ဝက်ကျော် (၅၂.၆၈%) တင်ပို့ခဲ့သည်။

 

ဥရောပဈေးကွက်သို့ ဆန်တန်ချိန် ၈၁,၉၃၁ ကို လည်းကောင်း၊ အာဆီယံနိုင်ငံများသို့ တန်ချိန် ၂၅,၆၈၁ ကိုလည်းကောင်း တင်ပို့ခဲ့သည်။

အခြားဈေးကွက်များသို့ ဆန်တန်ချိန် ၂၆,၆၀၆ တင်ပို့ ခဲ့သည်။

 

ကမ္ဘောဒီးယား ဆန်အသင်းချုပ် Cambodia Rice Federation အတွင်းရေးမှူး Lun Yeng က "ပြည်ပတင်ပို့တဲ့ ဆန်မွှေးကို အဝယ်လိုက်တယ်။ ဒါပေမဲ့ ဆန်မွှေးက အမြတ်မာဂျင် နည်းတယ်။ ဆန်ဖြူကိုပဲ အများဆုံး တင်ပို့ကြတယ်" ဟု ပြောကြားသည်။

Read times
Rate this item
(0 votes)