Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ကြက်သွန်နီတရားဝင် တင်သွင်းခွင့်ပြုသော်လည်း လျှောက်ထားသူ မရှိသေး

ပြည်ပမှ ကြက်သွန်နီတရားဝင် တင်သွင်းခွင့်ပြုသော်လည်း လျှောက်ထားသူ မရှိသေး google.com

အစိုးရက ပြည်ပမှကြက် သွန်နီတင်သွင်းခွင့် တရားဝင်ခွင့် ပြုသော်လည်း တင်သွင်းခွင့် လျှောက်ထားသူ

မရှိသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

ကြက်သွန်နီ ပြည်ပမှ တရား ၀င်တင်သွင်းခွင့်ကို နိုဝင်ဘာ ၂၇ ရက်က အစိုးရကခွင့်ပြုပေးခြင်း ဖြစ်သည်။

 

‘‘အခုထိတော့ ကြက်သွန်နီ ကို တင်သွင်းခွင့်လာလျှောက်တဲ့ သူ မရှိသေးဘူး။ ဒါပေမဲ့ အခု တရုတ်ပြည်က ကြက်သွန်နီတွေ ၀င်နေတာတွေ့ရတယ်။ အဲဒီ ကြက်သွန်နီတွေက မူဆယ် ၁၀၅ မိုင်ဘက်က ၀င်တာမဟုတ်ပါဘူး။ အဲဒီလမ်းကြောင်းက တရားဝင် ၀င်လာရင် ကျွန်တော်တို့သိမှာပါ’’ ဟု ၎င်းကဆိုသည်။

 

ဈေးကွက်တွင်း ၀င်ရောက် နေသည့် ကြက်သွန်နီများသည် တရားမ၀င် ကြက်သွန်နီများဖြစ် ပြီး နမ့်ခမ်းမြို့ဘက်မှ ၀င်ရောက် ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

 

တရုတ်ပြည်မှ ကြက်သွန်နီ များ ပြည်တွင်းသို့ယခင်ကပင် ၀င် ရောက်မှုများ ရှိနေပြီး တစ်ပိဿာ လျှင် သုံးထောင်ခန့်ပေါက်ဈေး ရှိသည့် ကြက်သွန်နီနှင့် အရွယ် အစားတူ ပြည်ပမှ ၀င်ရောက်လာ သည့် ကြက်သွန်နီသည် ၁,၇၀၀ ကျပ်သာ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် စားဖိုချောင်သီးနှံစိုက် ပျိုးထုတ်လုပ်ရောင်းချသူများအ သင်း ဥက္ကဋ္ဌဦးခင်ဟန်က ဆို သည်။ပြည်တွင်း ကြက်သွန်နီဈေး သည် စက်တင်ဘာအတွင်း နှစ်ဆ  ခန့်ဈေးတက်ပြီးနောက် လက်လီ ဈေးကွက်အတွင်း အ၀ယ်လျော့ လာသဖြင့် အရောင်းအ၀ယ်ပြန် အေးခဲ့သည်ဟု ဘုရင့်နောင်ကုန် စည်ဒိုင်ရှိ ကြက်သွန်ဒိုင်များက ပြောသည်။

 

‘‘အခုထိတော့ ကြက်သွန်နီ ဈေးက အတက်၊ အကျမရှိဘူး။ ပုံမှန်ပဲဖြစ်နေတယ်။ ကြက်သွန်နီ အသစ်တွေကတော့ ဈေးကွက်ထဲ ကို ၀င်နေပြီ’’ဟု ကြက်သွန်နီဒိုင် တစ်ဦးက ပြောသည်။

 

လက်ရှိ  ဘုရင့်နောင် ဒိုင် ပေါက်ဈေးသည် ကြက်သွန်နီတစ် ပိဿာလျှင် ၂,၁၀၀ ကျပ်မှ ၃,၀၅၀ ကျပ်အထိ  ရှိနေပြီး  လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် ၂,၅၀၀  ကျပ်မှ ၃,၆၀၀ ကျပ်အထိ ပေါက်ဈေးရှိသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:44
Rate this item
(0 votes)