Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးကြီးမှုကြောင့် နှမ်းတစ်အိတ် ကျပ်တစ်သောင်းခွဲအထိ ဈေးတက်

မိုးသည်းထန်စွာရွာသွန်း မှုကြောင့် နှမ်းစိုက်ခင်းများရေနစ် မြုပ်ပျက်စီးပြီး နှမ်းတစ်အိတ် လျှင် ကျပ်တစ်သောင်းခွဲခန့် ဈေး တက်ခဲ့ကြောင်း

မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာက ထိန်တော်အသင်းဒုတိယဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

 

အခု မိုးရာသီမှာ နှမ်းဈေး တွေတက်လာတယ်။ အရောင်း  အ၀ယ်ကတော့ ပုံမှန်ပါပဲ။ နှမ်း ဈေးထပ်တက်၊ မတက်တော့ ခန့် မှန်းလို့မရသေးပါဘူး။ ဒီမိုးကုန် အောင် တစ်ချက်စောင့်ကြည့်ရ ဦးမှာပါ’ ဟု ဦးဌေးအောင်ကပြောသည်။

 

နှမ်းဖြူတစ်အိတ် (၄၅ ပိဿာ)လျှင်ယခင်က ကျပ် တစ် သိန်းလေးသောင်းခန့်ရှိရာမှ ယခု ချိန်တွင် ကျပ် တစ်သိန်းခွဲခန့် ပေါက်ဈေးရှိသဖြင့် ကျပ် တစ် သောင်းခွဲခန့််ဈေးတက်လာသည်။ နှမ်းနက်တစ် အိတ် (၄၅ ပိဿာ) လျှင်ယခင်က  ကျပ် တစ်သိန်း လေးသောင်းခန့်မှ ယခု ကျပ် တစ် သိန်းလေးသောင်းငါးထောင်ခန့် ရှိ၍ ကျပ်ငါးထောင်ခန့် ဈေးတက် လာသည်။

 

ယခုနှစ် မိုးရာသီရေ ကြီးမှုကြောင့် နွေစပါး၊ မိုးစပါးနှင့် ပဲတီစိမ်း စိုက်ဧက အနည်းငယ် လည်း ပျက်စီးမှုရှိကြောင်းမွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းကဆိုသည်။

 

မိုးရွာသွန်းမှုကြောင့် နှမ်း စိုက်ဧရိယာ ငါးသောင်းကျော် ပျက်စီးပြီး နှမ်းအဓိက စိုက်ပျိုး သည့် စစ်ကိုင်းတိုင်းဒေသကြီး တွင် ပျက်စီးမှုအများဆုံးဖြစ်ကာ ကျန်တိုင်းနှင့် ပြည်နယ်များတွင် လည်း ပျက်စီးမှုအနည်းငယ်ရှိ ကြောင်း ဦးမျိုးတင့်ထွန်းက ပြောသည်။

 

‘‘ပျက်စီးတဲ့ နှမ်းစိုက်ဧက တွေက အချိန်ကျော်သွားပြီဆို တော့ နှမ်းပြန်စိုက်လို့တော့မရ ဘူး။

 

အဲဒီတော့မိုးစပါးစိုက်မလား ပေါ့။ စိုက်မယ်ဆိုရင် ၀န်ကြီးဌာန အနေနဲ့က မျိုးပေးတာတို့၊ ထွန် ယက်ရေးကူညီတာတို့ လုပ်ပေး မယ်။ အဲဒါလေးကို အစီအစဉ် ဆွဲနေတယ်’’ ဟု ဦးမျိုးတင့်ထွန်း ကဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 12:52
Rate this item
(4 votes)