Food & Livestock



မလေးရှားတွင် ဆန်လှောင်မှုဖြင့် ဆန်မက်ထရစ်တန် ၁၈၀ သိမ်းဆည်း အရေးယူ

မလေးရှားတွင် ဆန်လှောင်မှုဖြင့် ဆန်မက်ထရစ်တန် ၁၈၀ သိမ်းဆည်း အရေးယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်းမှ Kedah ပြည်နယ်ရှိ ဆန်စက်တစ်ခုအတွင်း ဝှက်ထားသော ပြည်တွင်းထွက်ဆန်ဖြူ တန်ချိန် ၁၈၀ ကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။

ကာလတန်ဖိုး ရင်းဂစ် ၄၀၅,၀၀၀ ရှိပြီး ဈေးကစားရန် လှောင်ထားသည့် ဆန်များ ရှာဖွေဖော်ထုတ်သည့် စစ်ဆင်ရေးကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိရာ၌ ၎င်းဆန်များကို ဝါးကျီများဖြင့် ထည့်သွင်း သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

ဆန်လှောက်မှုကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သဖြင့် ဆန်စက်အမည်နှင့် တည်နေရာတို့ကို ထုတ်ဖော်ပြောကြားခြင်း မပြု‌ပါ။

ဆန်များ သိုလှောင်ခြင်း၊ ထုပ်ပိုးမှုပုံစံပြောင်းလဲခြင်းနှင့် ပြည်တွင်းဆန်ဖြူများကို ပြည်ပမှ တင်သွင်းလာသော ဆန်ဖြူနှင့် ရောစပ်ခြင်း စသည်တို့ ကျူးလွန်ခြင်း ရှိမရှိကို Kedah ပြည်နယ်ရှိ ဆန်လက်ကားရောင်းချသူ (၈)ဦးနှင့် ဆန်ထုတ်လုပ်သူ (၆)ဦးတို့ကို စစ်ဆေးရေး ဝင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဒုတိယဝန်ကြီး Datuk Chan Foong Hin က ပြောသည်။

 

လယ်သမားများက စပါးဈေး တိုးမြှင့်ပေးရန်  တောင်းဆိုမှုအပေါ်  မှတ်ချက်ပေးရာတွင် ၎င်း၏ ဝန်ကြီးဌာနက ၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာများကို နားလည်သဘောပေါက်ပြီး ပြဿနာကို ဖြေရှင်းရန် အမြဲတမ်း နည်းလမ်းရှာနေကြောင်း၊ သို့သော်လည်း လက်ကားရောင်းချသူများနှင့် ဆန်ထုတ်လုပ်သူများသည် အစိုးရ သတ်မှတ်ပြဋ္ဌာန်းထားသည့် ဈေးဖြင့် ရောင်းချသည့်အခါ မဆုံးရှုံးစေရန်အတွက် ချိန်ညှိပေးရကြောင်း၊ စပါး ဝယ်ယူသည့်စျေးနှုန်းကို ပြုပြင်ပြောင်းလဲပါက စားသုံးသူများအပေါ် ရောင်းချသည့် လက်လီစျေးနှုန်းများနှင့် ကိုက်ညီမှုရှိရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် မကြာသေးမီက ဩဂုတ်လတွင်  စပါး မက်ထရစ်တစ်တန်လျှင် ရင်းဂစ် ၃၆၀ မှ  ရင်းဂစ် ၅၀၀ သို့ တိုးမြှင့်ခဲ့ကြောင်း Chan က ပြောကြားသည်။

 

“လောလောဆယ်မှာ နှုန်းထားကို တိုးမြှင့်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်တဲ့အတွက်ကြောင့် ဆန်စပါးလုပ်ငန်းမှာ ပါဝင်ပတ်သက်သူအားလုံး၊ သက်ဆိုင်သူအားလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ"ဟု Chan က ပြောကြားသည်။

 

Source Bernama


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 12 October 2023 19:31
Rate this item
(1 Vote)