Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံစိုက်ပျိုးမည့်သူများအတွက် သိန်းရှစ်ထောင်ကျော်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်

ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိန်းရှစ်ထောင်ကျော် ထုတ်ချေးကြောင်း သိရပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်စရိတ်  ထုတ်ချေးဖို့အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၉ အုပ်စုအနက် ကျေးရွာအုပ်စု ၄၇ အုပ်စု၊ အဖွဲ့ဝင်တောင်သူ ခုနှစ်ထောင် အတွက် ငွေကျပ် သိန်းရှစ်ထောင်ကျော် လျာထားပြီး ထုတ်ချေးကြောင်း သိရပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူ ခြောက်ရာကျော်ကို ငွေကျပ် သိန်းခြောက်ရာကျော်ထုတ်ချေးပြီး ကျန်အုပ်စုများကိုလည်း သတ်မှတ်ချက်နှင့်အညီ အမြန်ဆုံး ထုတ်ချေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ချေးငွေကို စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲ၊ နှမ်း၊ မြေပဲ၊ ပဲမျိုးစုံအတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်း လျာထားကြောင်း သိရပါတယ်။

Source: Myawady Newspaper

Read times Last modified on Wednesday, 19 September 2018 13:49
Rate this item
(1 Vote)