Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်ဆန် ဈေးကောင်းရဖို့ trademark မြှင့်တင်ရေး ဆောင်ရွက်ပေးမည်

 ဗီယက်နမ်ဆန် ဈေးကောင်းရဖို့ trademark မြှင့်တင်ရေး ဆောင်ရွက်ပေးမည်

 

မကြာသေးမီလများအတွင်း ဗီယက်နမ်ဆန် ဈေးနှုန်းများက ထိုင်းနှင့် အခြားဆန်မျိုးကွဲများကို ကျော်လွန်၍ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ 

 

ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂျုံထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့် ဂျုံအစား ဆန်မှတစ်ပါး အခြားရွေးစရာ ကောက်ပဲသီးနှံ မရရှိနိုင်တာကြောင့် ဆန်ကို အဝယ်လိုက်လာခဲ့ရာမှာ ဗီယက်နမ်ဆန်အတွက် အခြေအနေကောင်းနေစေခဲ့ပါတယ်။ 

 

ဇွန်လမှာ ဗီယက်နမ်ဆန် အရည်အသွေးမြင့် အမျိုးအစားများ တစ်တန် ကန်ဒေါ်လာ ၁၀-၁၅ မြင့်တက်ခဲ့ပြီး သာမန်အဆင့်အတန်းဆန် တစ်တန် ကန်ဒေါ်လာ ၄၃၀-၄၄၀၊ ဆန်မွှေး တစ်တန် ကန်ဒေါ်လာ ၅၄၀-၅၅၀ နှင့် Number 5451 ဆန်ဖြူ တစ်တန်  ကန်ဒေါ်လာ ၄၈၀-၄၉၀ အထိ မြင့်တက်ခဲ့ပါတယ်။ 

 

၂၀၂၂ ပထမ ၅ လမှာ ဆန်တန်ချိန် ၂.၇၇ သန်း တင်ပို့ခဲ့ပါတယ်။ ယခင်နှစ် ပထမ ၅ လထက် ၆.၆ % ပိုများခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁.၅၃ ဘီလျံဖိုး တင်ပိုခဲ့ပါတယ်။ 

 

အာဖရိကသို့ ဆန်တင်ပို့မှု ၇၆% မြင့်တက်ခဲ့ပါတယ်။ ဗီယက်နမ်ဆန် အဓိကဝယ်လက်ဖြစ်တဲ့ ဖိလစ်ပိုင်သို့ တင်ပို့မှု ၃၄.၆% ပိုများခဲ့ပြီး မလေးရှားသို့ တင်ပို့မှု ၁၉% ပိုများခဲ့ပါတယ်။ 

 

 ဥရောပမှ ဂျာမနီ၊ ဆွီဒင်နှင့် ပိုလန် အပါအဝင်  အမြင့်တန်းဆန် ဝယ်ယူတဲ့ နိုင်ငံအချို့က ဗီယက်နမ်ဆန်ကို ဝယ်ယူမှု မြင့်တက်နေပါတယ်။ ဇွန်လဆန်မှာ Department of Crop Production က ဆန်ပို့ကုန်လုပ်ငန်း ၈ ခုကို ဆန်တင်ပို့ရန် ခွင့်ပြုမိန် ၁၄၉ ခု ချပေးခဲ့ပါတယ်။ ဥရောပဈေးကွက်ထဲသို့ တင်ပို့မယ့် ဆန်တန်ချိန် ၁၅,၁၀၀ ကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ 

 

အာဖရိကမှ ဝယ်လက်အချို့ကတော့ ဗီယက်နမ် ဈေးမြင့်နေလို့ ဗီယက်နမ်ဆန်လောက် အရည်အသွေး မကောင်းသော်လည်း ဈေးပိုသက်သာတဲ့အပြင် သယ်ယူမယ့် ပင်လယ်ရေကြောင်းခရီးလည်း ပိုနီးနေတဲ့ အိန္ဒိယမှ ဆန်ကို ဝယ်ယူကြပါတယ်။ 

 

“ ဗီယက်နမ်ဆန်က အနိမ့်တန်းအဆင့်ကနေ တန်ဖိုးကြီးတဲ့အပိုင်းအကန့်ကို ပြောင်းသွားတဲ့အတွက် အိန္ဒိယဆန်ဟာ စျေးနှုန်အရ သိသိသာသာ အားသာချက်ရှိပါတယ်" လို့ Trung An High-tech Farming JSC လုပ်ငန်းမှ အထွေထွေ ညွှန်ကြားရေးမှူး Phạm Thái Bình က  VNS သတင်းဌာနကို ပြောကြားပါတယ်။ 

 

 စပါးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားများအဖို့ ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် အမြတ်ရရှိတာ လျော့နည်းကုန်ကြောင်း၊ သင်္ဘောတင်တာမှာ CIF  ဖြင့် တင်တဲ့အတွက်ကြောင့်လည်း အရှုံးပေါ်ကြတဲ့သူများ ရှိနေကြောင်း Bình က ပြောကြားပါတယ်။ 

လယ်သမားများက ကုန်ကျစရိတ် မြင့်တက်နေတဲ့အတွက် စပါးဈေးကို ဈေးတင်ပြီး ရောင်းချရတဲ့အခါ ပြည်ပတင်ပို့တဲ့ ဆန်ဈေးလည်း မြင့်တက်လာမှာ ဖြစ်လို့ ပြည်ပဝယ်လက်များက အခြားဈေးသက်သာတဲ့ဆီကို ပြောင်းလဲ ဝယ်ယူကြလိမ့်မယ်လို့ Bình က ပြောကြားပါတယ်။ 

အမြင့်တန်း ဆန်ဈေးကွက်မှာ နေရာရဖို့ ဆန်မွှေးစိုက်ပျိုးကြဖို့ သူက တိုက်တွန်းပါတယ်။  နောက်တစ်ချက်က ဆန်အတွက် trademark ထားရှိပြီး တင်ပို့ပေးခြင်းဖြင့် trademark နာမည်ရလာတဲ့အခါ ဈေးပိုတင်လို့ ရမှာဖြစ်ကြောင်း Bình က ပြောကြားပါတယ်။ 

လူသိများတဲ့ trademark ဖြင့် ဆန်ကို ရောင်းချတဲ့အခါ ရောင်းဈေးကို ၁၀ ~၂၀ % ဈေးပိုတင်ပြီး ရောင်းချနေကြကြောင်း ဆန်ချင်း အတူတူ ဖြစ်သော်လည်း လူမသိသည့် trademark ထက် လူသိများတဲ့ trademark ဖြင့် ရောင်းပါက ဈေးပိုရရှိကြောင်း  Bình က ပြောကြားပါတယ်။ 

 

စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက trademark လူသိများအောင် မြှင့်တင်ရေးအတွက် အကူအညီပေးမယ့် မူဝါဒများကို အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုဝန်ကြီး Phùng Đức Tiến က ပြောကြားပါတယ်။ 

 

#MyanmarFoodGuide

Telegram Channel
https://t.me/Guid4U

Source: VNS

Read times
Rate this item
(0 votes)