Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်က သကြားအဝယ်များ၍ ကုန်စည်ပို့ဆောင်ခဈေးတက်

တရုတ်နိုင်ငံသို့ ရောင်းချ ရန် ပြည်တွင်းထုတ် သကြားများ မူဆယ်သို့ တင်ပို့မှုများနေခြင်း

ကြောင့် ကုန်စည်ပို့ဆောင်ခ မြင့် တက်လာကြောင်း မူဆယ်မြို့ရှိ ကုန်သည်အချို့က ပြောသည်။

 

ရန်ကုန်မှ မူဆယ်မြို့သို့ ကုန်စည်ပို့ဆောင်ခသည် တစ်တန် လျှင် ၁၅ ရာခိုင်နှုန်းကျော် ဈေး မြင့်တက်ခြင်းကြောင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု လျော့ကျလာ သည်ဟု ဘုရင့်နောင်မှ ဆန်ကုန် သည်အချို့က ပြောသည်။ သင်္ကြန်ပိတ်ရက်အပြီး ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ခသည် တစ်တန်လျှင် ကျပ် ၆၅,၀၀၀ ခန့်မှ ၇၅,၀၀၀ မြင့်တက်ခဲ့သည်။

 

တရုတ်နိုင်ငံက သကြားအိတ် ရေ ၄၀,၀၀၀ ကျော် နေ့စဉ်ဝယ် ယူနေခြင်းကြောင့် ပြည်တွင်းမှ သကြားတင်ပို့မှုများပြီး ကုန်စည် ပို့ဆောင်ခမြင့်တက်ခြင်းဟု ဘုရင့်နောင်ရှိ ဆန်ကုန်သည်အချို့က ပြောသည်။

 

ယခုရက်ပိုင်းတွင် တရုတ် နိုင်ငံမှ တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးမှုနည်းခြင်းကြောင့် ဆန် အိတ်ရေ ၂၀,၀၀၀ ကျော်၊ သကြားအိတ်ရေ ၄၀,၀၀၀ ကျော်အပါ အဝင် လယ်ယာထွက်ကုန်များ ပုံမှန်ဝယ်ယူနေသည်။ တရုတ်ငွေ တန်ဖိုးသည် မူဆယ်မြို့တွင် တစ် ယွမ်လျှင်  ကျပ် ၂၁၀ ဈေးဖွင့်ခြင်း ကြောင့် မြန်မာနိုင်ငံမှ ပို့ကုန်သမားများအတွက် အဆင်ပြေသည်ဟု မူဆယ်မြို့မှ ကုန်သည်အချို့က ဆိုသည်။

 

‘‘ပြည်တွင်းမှာ နွေစပါးပေါ် တဲ့ ရာသီက ကုန်တော့မှာဆိုတော့ ဆန်ကို ထိန်းရောင်းနေကြတယ်။ ပြည်တွင်း ဆန်လက်ကျန်အခြေ အနေအရ ဆန်ဈေးကတော့ ဒီ ထက်ပိုမကျနိုင်ဘူး’’ ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟို အလုပ်အမှုဆောင် ဦးမျိုးသူရ အေးက ပြောသည်။

 

လက်ရှိ ပြည်တွင်း ဆန်ဈေး ကွက်တွင် တရုတ်နိုင်ငံသို့ တင်ပို့ နေသည့် အရည်အသွေးကောင်း ဆန်ကြမ်းအမျိုးအစား တစ်အိတ် လျှင် ကျပ် ၂၃,၀၀၀ ခန့် ဈေးဖွင့် သည်။ သင်္ကြန်မတိုင်မီက ဆန်တစ်အိတ်လျှင် ကျပ် ၂၁,၀၀၀ ဈေးဖွင့်ခြင်းကြောင့် ၁၀ ရာခိုင် နှုန်းခန့် ဈေးမြင့်တက်လာသည်။

 

စပါးသိုလှောင်သူများခြင်း၊ ဆန်ကြိတ်ခွဲမှုမရှိဘဲ စပါးအတိုင်း ရောင်းချနေခြင်းကြောင့် ရန်ကုန် ဆန်ဈေးကွက်သို့ ဆန်အဝင်နည်းပြီး သင်္ကြန်ကာလအပြီးတွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁,၀၀၀ မှ ၁,၅၀၀ ခန့် ဈေးတက်လာသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:07
Rate this item
(1 Vote)