Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုရားဖူးရာသီဖြစ်၍ ဒေသထွက်အစားအစာများနှင့် ရိုးရာအဝတ်အထည်များ ရောင်းအားကောင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရားသို့   နွေရာသီ အားလပ်ရက်များတွင်  ပြည်တွင်းဘုရားဖူး အများအပြား

လာရောက်ဖူးမြော်ကြပြီး ဘုရားဈေးတန်းများ၌ ရောင်းချလျက်ရှိသော ဒေသထွက်ကုန်၊ ရိုးရာအစားအစာများနှင့် ရိုးရာအဝတ်အထည်များ အကြိုက်တွေ့ ဝယ်ယူကြသဖြင့်   အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဘုရားဈေး ဆိုင်တန်းများတွင် ဒေသထွက်ကုန်များ ဖြစ်သော လက်ဖက်ခြောက်၊ လက်ဖက်စို၊ ဂျူးပဲပုပ်ခြောက်၊ ကောက်ညှင်းပဲပုပ်ခြောက် စသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအစာများဖြစ်သော တိုဟူးကြော်၊ ရှမ်းခေါက်ဆွဲနှင့် ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်အကြော်များ၊ ဒေသထွက် သီးနှံများနှင့် ရိုးရာအဝတ်အထည်များကို ရောင်းချပေးလျက်ရှိရာ ပြည်တွင်းဘုရားဖူး ဧည့်သည်များနှင့် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ စားသုံး ဝယ်ယူကြကြောင်း သိရသည်။

 

ဈေးဆိုင်တန်းများတွင် အရွယ်အစား အမျိုးမျိုးဖြင့် ထုပ်ပိုးရောင်းချရာတွင် သင့်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချကြပြီး ဝယ်ယူစားသုံးသူများ အကြိုက်တွေ့ကာ အိမ်အပြန် လက်ဆောင်အဖြစ်  ဝယ်ယူကြသည်။

 

ပင်းတယမြို့နယ်အတွင်း  ရပ်ကွက်၊ ကျေးရွာများရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် ယခုအချိန်၌   အဓိကထွက်ကုန်ဖြစ်သော လက်ဖက်မှာ အကောင်းဆုံး ရွှေဖီမိုးလွတ် လက်ဖက် ထွက်ချိန်ဖြစ်ပြီး အခြားသီးနှံများနှင့် ဟင်းသီး ဟင်းရွက်များ ထွက်ရှိချိန်လည်း ဖြစ်သောကြောင့် ခူးဆွတ်ရောင်းချလျက် ရှိကြောင်းနှင့် ရေနွေးကြမ်းနှင့် ဒေသထွက် အစားအစာများ အမြည်းပေး၍  စားသုံးသူများ အကြိုက်တွေ့မှသာလျှင် ဝယ်ယူနိုင်သော ဓလေ့မှာလည်း ချစ်စရာကောင်းသည့် ဓလေ့တစ်ခုဖြစ်ကြောင်း သိရသည်။  

 

Source: myawaddy

Read times
Rate this item
(1 Vote)