Food & Livestock
ပထမနှစ်ဝက် ကမ္ဘောဒီးယားဆန် တရုတ်က အများဆုံးဝယ်ယူခဲ့
ပထမနှစ်ဝက် ကမ္ဘောဒီးယားဆန် တရုတ်က အများဆုံးဝယ်ယူခဲ့
၂၀၂၂ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန် အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်ပြီး ဆန်တန်ချိန် ၁၆၈,၂၈ဝ ဝယ်ယူခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၁၇ ဒသမ ၄၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။
၂၀၂၂ ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားဆန် တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် ပထမနှစ်ဝက်ထက် ၁၉% ပိုများသည်။
ကမ္ဘောဒီးယားသည် ၂၀၂၂ ပထမနှစ်ဝက်တွင် ဆန်အပြင် စပါးကိုပါ ပြည်ပသို့တင်ပို့ခဲ့ရာ ဆန်နှင့်စပါး တန်ချိန် စုစုပေါင်း ၂.၀၆ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၆၁၆ သန်း ဖြစ်ပါသည်။
ယမန်နှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ကြည့်ပါက တန်ချိန်ပမာဏ ၄.၄၁% ပိုများပြီး တန်ဖိုး ၁၉.၁၈% ပိုများကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ပါသည်။
အဆိုပါ အစီရင်ခံစာတွင် စပါးကို ဗီယက်နမ် တစ်နိုင်ငံတည်းသို့သာ တင်ပို့ခဲ့ပြီး တန်ချိန် ၁,၇၃၃,၁၅၇ တန် တင်ပို့ခဲ့သည်။ တန်ဖိုးစုစုပေါင်းမှာ ကန်ဒေါ်လာ ၃၃၆,၂၃၂,၄၆၅ ဖြစ်သည်။
စပါး တစ်ကီလိုဂရမ် ပျမ်းမျှတန်ဖိုးမှာ ကန်ဒေါ်လာ ၀.၁၉၄၀ ဖြစ်ပါသည်။
ဆန်တင်ပို့မှုမှာ တန်ချိန် ၃၂၇,၂၀၀ ဖြစ်ပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၂၇၉,၇၅၆,၀၀၀ ဖြစ်ပါသည်။ ဆန် တစ်ကီလို ပျမ်းမျှ တန်ဖိုးမှာ ကန်ဒေါ်လာ ၀.၈၅၅ ဖြစ်ပါသည်။
ပြည်ပတင်ပို့သည့် ဆန်များကို အကြမ်းအားဖြင့် အမျိုးအစားခွဲခြားကြည့်ပါက ဆန်မွှေးသည် ရာခိုင်နှုန်း အများဆုံး ဖြစ်သည်ကို တွေ့ရသည်။
ဆန်မွှေးသည် ၆၃.၃၅% ပါဝင်ပြီး တန်ချိန် ၂၀၇,၂၇၁ ရှိပါသည်။
ဆန်ဖြူသည် ၃၄.၇၂ % ပါဝင်ပြီး တန်ချိန် ၁၁၃,၆၁၇ ရှိပါသည်။
ပေါင်းဆန်သည် ၁.၉၃% ပါဝင်ပြီး တန်ချိန် ၁၁၃,၆၁၇ ရှိပါသည်။
ကမ္ဘောဒီးယားဆန် ဝယ်ယူသည့် နိုင်ငံများတွင် တရုတ်နိုင်ငံက အများဆုံး ဖြစ်ပါသည်။ ဆန်ချိန် ၁၆၈,၂၈၀ ဝယ်ယူခဲ့သည်။
အီးယူ ၂၃ နိုင်ငံတို့က တန်ချိန် ၉၈,၆၂၄ ဝယ်ယူခဲ့ကြပါသည်။
အာဆီယံ ၄ နိုင်ငံတို့က တန်ချိန် ၂၈,၆၅၀ ဝယ်ယူခဲ့ကြပါသည်။
အခြား နိုင်ငံ ၁၃ ခုတို့က တန်ချိန် ၃၁,၆၁၆ ဝယ်ယူခဲ့ကြပါသည်။
ကမ္ဘာ့ဈေးကွက်ထဲတွင် ကမ္ဘောဒီးယား ဆန်ဈေးနှုန်းများမှာ ယခင်နှစ်နှင့် မတိမ်းမယိမ်းသာဖြစ်ကြောင်း ကမ္ဘောဒီးယား ဆန် အသင်းချုပ် Cambodia Rice Federation (CRF) အထွေထွေ အတွင်းရေးမှူး Lun Yeng က ပြောကြားပါသည်။
ကမ္ဘောဒီးယား ဆန် အသင်းချုပ် က ယခုနှစ်တွင် ဆန်တန်ချိန် ၇၀၀,၀၀၀~၇၅၀,၀၀၀ တင်ပို့ရန် ရည်မှန်းထားပါသည်။
ယခင်နှစ်က ဆန်တန်ချိန် ၆၁၇,၀၆၉ တင်ပို့ခဲ့ပါသည်။
၂၀၂၀ ခုနှစ်က ဆန်တန်ချိန် ၆၉၀,၈၂၉ တင်ပို့ခဲ့ပါသည်။
#MyanmarFoodIndustryGuide
Telegram Channel
https://t.me/Guid4U
Source: The Phnom Penh Post



