Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီးနဲ့ သရေစာတွေ ဘယ်လိုလုပ်စားကြမလဲ

ငှက်ပျောသီးနဲ့ သရေစာတွေ ဘယ်လိုလုပ်စားကြမလဲ Google

ကိုဗစ် ပြန်ထလာတဲ့အချိန်မှာ အစိုးရရဲ့ lockdownကြောင့် အိမ်တွင်းအောင်းနေကြရပါတယ်။ ဒါ့ကြောင့် အိမ်မှာနေရင်းမပျင်းရအောင် မုန့်တွေလုပ်စားရင်း အချိန်တွေကုန်ဆုံးနိုင်ပါတယ်။

 

ယခုမျှဝေပေးသွားမယ့် မုန့်လုပ်နည်းကတော့ အာဟာရဓာတ်မျာစွာပါဝင်တဲ့ ငှက်ပျောသီးကို အခြေခံပြီး လုပ်တဲ့ သရေစာလုပ်နည်းတွေပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကရှာရလွယ်ပြီး ပြုလုပ်ဖို့လွယ်ကူတဲ့အပြင် အရသာရှိရှိစားသုံးနိုင်မှာလည်းဖြစ်ပါတယ်။

 

ငှက်ပျောသီးပေါင်း

 

Image may contain: food


အိမ်မှာနေရင်း အလွယ် လုပ်စားနိုင်ဖို့ ငှက်ပျောသီးပေါင်း ပြုလုပ်နည်းလေးပါ။ ရခိုင်ငှက်ပျောသီးအမှည့်ကိုပဲ သုံးပြီး လုပ်လေ့ရှိတယ်။ ငှက်ပျောသီးက မမှည့်ရင် လုပ်စားလို့မကောင်းပါဘူး။ ဒါကြောင့် ရခိုင်ငှက်ပျောသီးမှည့်ကိုသာ သုံးပါ။

 

ပါဝင်ပစ္စည်းများ


• ရခိုင်ငှက်ပျောသီး - ၁ ဖီး (မှည့်ပြီးသား)
• အုန်းသီး - ၁ လုံး (အရည်ညှစ်ထားပါ)
• အုန်းနို့ခရင်မ် - ၂ဝဝ မီလီလီတာ
• သကြား - ၂ဝဝ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
• သစ်ကြံပိုးခေါက် - ၂ ခု
• Pandan အရည် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (optional)

 

ပြုလုပ်နည်း


၁။ ဦးစွာ ဒယ်အိုးထဲ အုန်းနို့ခရင်မ်နှင့် အုန်းနို့ရည်ကိုထည့်ပြီး ဆူအောင် တည်ထားပါ။


၂။ ဆူလာလျှင် သကြား၊ သစ်ကြံပိုးခေါက်၊ ဆားနှင့် Pandan အရည်တို့ကို ထည့်ပြီး ရောမွှေပါ။


၃။ ပြီးလျှင် ရခိုင်ငှက်ပျောသီးများကို ထည့်ပြီး အရည်နည်းနည်းကျန်သည်အထိ တည်ပါ။


၄။ အရည်နည်းနည်းကျန်လျှင် မီးပိတ်လိုက်ပါ။


၅။ အရသာထူးခြားကောင်းမွန်တဲ့ ငှက်ပျောသီးပေါင်းကို သုံးဆောင်နိုင်ပါပြီ။

Ref:Wutyee Food House

 

ငှက်ပျောပေါင်းအိအိလေး

 

Image may contain: food

 

ပါဝင်သောပစ္စည်းများ


အုန်းနို့- ၁ လီတာ
ငှက်ပျောသီး - ၁၀ လုံး
ဆား - အနည်းငယ်
သကြား - လိုသလို
ရေ - ၃ လီတာ
အစားအစာသုံးအရောင်မှုန့် ( အဝါ ) - အနည်းငယ်
ကော်မှုန့် - အနည်းငယ်

 

ပြုလုပ်နည်း

 

-ငှက်ပျောပေါင်းပြုလုပ်မည့် ရေ ၅လီတာလောက်ဆံ့တဲ့အိုးထဲမှာ ရေ၊ အစားအစာသုံးအရောင်မှုန့် ( အဝါ ) ၊ သကြား၊ ဆားအနည်းငယ်ကို တည်ပါ။


-ပြီးရင် ငှက်ပျောသီးများထည့်ပြီး နာရီဝက်ခန့်မီးအေးအေးဖြင့် တည်ထားပါ။ အရည် အ၇မျးပဈသှား၇ငျေ၇အနညျးငယျထပျထညျ့ပါ။ ငှက်ပျောသီးများပျော့ပြီး အချိုရည်များဝင်သွားပါလိမ့်မည်။

 

ပြီးရင် အုန်းနို့ကို အိုးတလုံးသပ်သပ်ဖြင့် ထည့်ပြီး မီးအေးအေးနှင့် တည်ပါ။ ကော်မှုန့်အနည်းငယ်ရေဖျော်ပြီး ထည့်ပါ။ ခပ်ပျစ်ပျစ်ရလာချိန်တွင် ခုနကတည်ထားတဲ့ ငှက်ပျောသီးကို ထည့်ပြီး မီးဖိုပေါ်မှချပြီး သုံးဆောင်နိုင်ပါတယ်။ အုန်းနို့အိုးထဲကို ငှက်ပျောသီးမထည့်ဘဲ ငှက်ပျောသီးပေါ်ကို အုန်းနို့ဆမ်းပြီးစားလည်း ငှက်ပျောပေါင်းက အရမ်းကို စားကောင်းစေမှာပါ။

#Credit

 

ငှက်ပျော ဆနွင်းမကင်း

 

Image may contain: food

ပြုလုပ်နည်း

 

၁▪ငှက်ပျောသီး အခွံနွှာပြီးသား ၁ ပိဿာ


၂▪သကြား ၂၅ ကျပ်သား


၃▪ကြက်ဥ ၅ လုံး


၄▪ထောပတ် ၅ ကျပ်သား(ကိုယ်က boss သုံးတယ် မထည့်လဲရတယ်)


၅▪ဆီ ၁၀ သား


၆▪နို့ဆီ ၁/၃ ဗူး


၇▪ဆား ၂ ဇွန်း လက်ဖက်ရည်ဇွန်း (အားလုံးရောနယ် အကုန်ကြေပြီဆိုမှ)

 

၈▪ဂျုံ ၂၀ သားထည့်နှံ့အောင် နယ်ထား ဖုတ်မယ့်ဗန်းထဲ ဆီသုတ်ပြီး နယ်ထားတဲ့မုန့်နှစ်ကိုထည့် ဘိန့်စေ့ဖြူးပေး အပေါ်အောက် မီး ၁၆၀°C ဖြင့် မိနစ် ၇၀ ဖုတ်ပါ။
(မီးသွေးမီးဖိုနဲ့လဲ ဖုတ်လို့ရပါတယ်နော်)


မွှေးမွှေးအိအိ ဆနွင်းမကင်းလေး ကိုယ်တိုင်လုပ်ပြီး မိသားစုကို ကျွေးမွှေးခြင်းဖြင့် ကိုဗစ်ကာလကို ခွန်အားပြည့်ဝစွာ ဖြတ်ကျော်နိုင်ကြပါစေ။
#asohcsinstitute

 

ငှက်ပျောသီးလိပ် ချောကလက်လိပ်

 

Image may contain: food


ပါဝင်ပစ္စည်း


-ဂျုံ ထမင်းစားဇွန်း ၅ဇွန်း
-ကြက်ဥ ၄လုံး
-သကြား ထမင်းစားဇွန်း ၂ဇွန်း
-ပျားရည် ထမင်းစားဇွန်း ၁ဇွန်း
-ထောပတ် ထမင်းစားဇွန်း ၂ဇွန်း
-နွားနို့ ၃၀၀ml
-ဆား အနည်းငယ်
-ငှက်ပျောသီး ၃လုံး
-ချောကလက် ၂ တောင့်

ပြုလုပ်နည်း


ငှက်ပျောသီး နှင့် ချောကလက်ကလွဲလို့ ကျန်သည့်ပါဝင်ပစ္စည်းအားလုံးကို ရောမွှေထားပြီး နာရီဝက်လောက် နပ်ထားပါ။

ငှက်ပျောသီးကိုအခွံနွာပြီး၂ ခြမ်းခြမ်းထားပါ။ အကြော်ဒယ်အိုးကို မီးအနေတော် လေးအပူပေးပြီး ထောပတ် အနည်းငယ် သုတ်လိမ်းပြီး မုန့်နှစ် ၂ဇွန်းလောက် ထည့်ကာ မုန့်ပြားပြားလေးရအောင် ဒယ်အိုးကို လှည့်ပေးပါ။


မုန့်သားမကျတ်တကျတ် ဖြစ်လာပါက ခြမ်းထားတဲ့ငှက်ပျောသီး ၁ခြမ်းကို ဒယ်အိုးရဲ့ ဘေးမရောက်တရောက်နေရာလေးမှာတင်ပြီးမီးပိတ်ကာ မုန့်သားရဲ့ဘေးအသားအရှည်လိုက်လေးကနေအရင်သိမ်းပါ ပြီးရင် ငှက်ပျောသီးတင်ထားတဲ့နေရာလေးကဘေးသားကနေ လိပ်ပါ လေမခိုအောင်လိပ်ပေးရပါမယ်။


ချောကလက်လိပ်ကိုတော့ အပေါ်ကနည်းလိုပဲ ငှက်ပျောသီးနေရာကို ချောကလက်အစားထိုးကာလိပ်ရင်ရပါပြီ။ မုန့်သားကို ဟိုဘက်ဒီ ဘက် လှန်ပြီး ကြော်စရာမလိုပါဘူး။ မုန့်နှစ် မကျက် တကျက် ဖြစ်တဲ့ချိန်မှာမီးပိတ်ရပါမယ်။


အားလုံးအဆင်သင့်ဖြစ်ပါက မုန့်လိပ်လေးတွေပေါ်ကို ပျားရည်လေးလောင်းပြီး နွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

Ref:Kong konghi

ငှက်ပျောကိတ်လုပ်နည်း

Image may contain: food

 

လိုအပ်သည့်ပစ္စည်းများ


-ကြက်ဥ ၄လုံး
-ငှက်ပျောသီး.၂လုံး
-ဂျုံမှုန့်.၃ဇွန်း(လက်ဖက်စားဇွန်း)
-ပြောင်းဖူးမှုန့် .၁ဇွန်း(မထည့်လည်းရ)
-ဆော်ဒါမှုန့်(အနည်းငယ်)or yeast(အနည်းငယ်)
-သကြား.၃ဇွန်း(အချိုကြိုက်ရင်ကြိုက်သလောက်ထည့်လို့ရပါတယ်နော်)
-ထောပတ်.၃ဇွန်း
-ဆား(အနည်းငယ်)

 

ပြုလုပ်နည်း

 

ပထမဆုံးအနေနဲ့ကြက်ဥတွေကိုအရင်ကျေတဲ့အထိမွှေပါ။ ငှက်ပျောသီးကိုလည်းပန်းကန်သတ်သတ်နဲ့ ကျေတဲ့အထိချေပါ(blander)နဲ့လည်း(ငှက်ပျောသီးကို)မွှေလိုက်လို့ရပါတယ်။


၂မျိုးလုံးရပြီဆိုရင်ကြက်ဥမွှေထားတဲ့ထဲကို ဂျုံမှုန့်/ပြောင်းဖူးမှုန့်/ဆိုဒါ/သကြား/ဆား ရောမွှေပေးပါကျေအောင် မွှေပြီးသားရရင်ငှက်ပျောသီးထည့်ပြီးမွှေပါ။ ပြီးရင်ထောပတ်ထည့်ပြီးမွှေပါ။ နောက်ဆုံးကတော့စတီးဇလုံထဲထည့်ပြီး Ovenထဲမှာ(မိနစ်၃၀)ထားပေးပါ။

 

နောက်ဆုံးမှာအရသာရှိတဲ့ငှက်ပျောကိတ်လေးရပါပြီ။
#credit

 

"ငှက်ပျောသီးဂျူံလုံးကြော်" 


ပါဝင်သောပစ္စည်းများ

Image may contain: food


၁.ဂျုံမှုန့် ၂၅ကျပ်သား
၂.ငှက်ပျောသီး(ဖီးကြမ်း)အမှည့်ပျော့ပျော့လေး ၅လုံး
၃.မုန့်ဖုတ်ဆော်ဒါအနဲငယ်
၄.ကြက်ဥ ၁လုံး
၅.ထောပတ်နဲ့ဆီ (ရောထားပါ ကြော်ရန်)

 

ပြုလုပ်နည်း အဆင့်ဆင့်

 

၁.ဂျုံမှုန့် ၂၅ကျပ်သားကို ဇလုံထဲထည့်ထားပါ (နှယ်လို့ကောင်းတဲ့ ဇလုံကျယ်ကျယ်ထဲထည့်ပါ)

 

၂.ဂျုံမှုန့်ထဲကို မုန့်ဖုတ်ဆော်ဒါအနဲငယ်(ပုံပါအတိုင်း)ထည့်ပါ

 

၃.ကြက်ဥ၁လုံးဖောက်ထည့်ပါ

 

၄.ပီးရင် ရေအနဲငယ်ထည့်ပြီး သမအောင်နှယ်ပါ။ ရေထည့်ထည့်ပြီး ဂျုံတွေကျေသည်အထိနှယ်ပေးပါ

 

၅.ငှက်ပျောသီး၅လုံးကို အခွံခွာထားပါ

 

၆.ခုနက ဂျုံတွေကျေနေအောင်နှယ်ထားတဲ့ထဲကို အခွံခွာထားတဲ့ ငှက်ပျောသီးတွေကို တလုံးခြင်းထည့်ပြီးကျေညက်အောင်ချေပြီးနှယ်ပေးပါ

 

၇.ဂျုံနဲ့ ငှက်ပျောသီးတွေရောပြီးနှယ်ထားတဲ့အရည်တွေကို အဖုံးအုပ်ပီး ၁နာရီခန့်နှပ်ထားပေးပါ

 

၈.၁နာရီကြာရင်နှပ်ပြီးတဲ့ မုန့်နှစ်တွေကို စကြော်လို့ရပါပြီ

 

၉.ကြော်မဲ့ဆီထဲကို ထောပတ်အနဲငယ်ရောထည့်ပါ

 

၁၀.ပြီးရင် မုန့်နှစ်တွေကို ဇွန်းဖြင့်ခပ်ထည့်ပီး ရွှေဝါရောင်သန်းသည်အထိကြော်ပေးပါ

 

၁၁.အကုန်ကြော်ပြီးသွားရင် အလယ်ကနေကတ်ကြေးဖြင့် ၂ခြမ်းကိုက်ထားပါ

 

အရသာရှိလှတဲ့ "ငှက်ပျောသီးဂျုံလုံး"ကြော်လေးကို သကြားလေးနဲ့တို့ပြီး သုံးဆောင်လို့ရပါပြီ။

 

အထဲကငှက်ပျောသီးရဲ့အရသာချိုချိုလေးရော အပေါ်ကဂျုံသားအိအိလေးရဲ့အရသာလေးရောနဲ့ စားလို့အရမ်းကိုကောင်းပါတယ်။ ဆီထဲမှာထောပတ်ကိုရောထည့်ပြီး ကြော်ထားလို့ အနံ့လေးကလဲမွှေးနေမှာပါ။  လုပ်ရတာလဲလွယ်ကူပြီး အကြိုက်တွေ့သွားစေနိုင်ပါတယ်။

#Credit

 

ငှက်ပျောသီးပူတင်း

 

Image may contain: food

 

ပါဝင်ပစ္စည်း

 

-ငှက်ပျောသီး ၁လုံး
-နွားနို့ 120 ml (ကြိုပြီးသား)
-ကြက်ဥ ၁လုံး
-ဆား အနည်းငယ်
-သကြား အနည်းငယ်

 

ပြုလုပ်နည်း

 

ငှက်ပျောသီးကိုအူတိုင်ဖယ်ပါ။ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ဆား၊ သကြားတို့ကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ပူတင်းလုပ်မယ့် ခွက်ထဲသို့ ကြိတ်ထားသောအရည်များ လောင်းထည့်၍ ၁၀မိနစ်ခန့်ပေါင်းပါ။

#Credit

 

ငှက်ပျောကောက်ညှင်းထုပ်

 

Image may contain: food

 

ပြုလုပ်နည်း

 

ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။ ငှက်ပျောရွက် သို့ ကြံရွက်ကို ရေသေချာဆေးထားပါ။ ဌက်ပျောရွက်ထုပ်ရအဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ် ပြထားပေးပါ။ မီးကင်ပေးပါလို့ပြောတာနော်။

 

ပြီးမှ ငှက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့် ပဲထည့် သကြား နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံသွားအောင်အနည်းငယ်နယ်ပြီး ငှက်ပျောထုပ်ကို နှီးဖြင့်သေချာထုပ်ပါ။

 

ပြီးမှ ပေါင်းအိုးအလယ်ကန့်ကိုအသုံးပြုပြီး ရေနွေးငွေ့ဖြင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့် ကြာအောင် ပေါင်းပေးပါ။ ငှက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီး ပေါင်းပါ။ အတုံးလိုက်ကြီးဆို ဌက်ပျောထုပ် ထုပ်ရတာအဆင်ပြေမှာမဟုတ်ပါဖူး။ ရရင် သကြား အုန်းသီးဖတ်လေးများဖြင့် တွဲစားလို့ရပါပြီ။

#credit

 

" ကြက်ဥ ငှက်ပျောပေါင်း "

 

Image may contain: food

 

ပါဝင်ပစ္စည်းများ

 

ကြက်ဥ - ၂ လုံး
ငှက်ပျောသီး - ၂ လုံး (ချေထားပါ)
သကြား - ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း)
ဆား - အနည်းငယ်
ဂျုံမုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဆော်ဒါမုန့် - အနည်းငယ်


ပြုလုပ်နည်း

 

ကြက်ဥ ၊ ငှက်ပျောသီး တို့ကို အရင်ဆုံး ရောချေထားပါ။ ပြီးလျှင် သကြား ၊ ဆား ၊ ဂျုံမှုန့် ၊ ဆော်ဒါမှုန့် အားလုံးနှင့် သမအောင် ခေါက်ပါ။ ပြီးလျှင် ဆီသုတ်ထားတဲ့ အိုးထဲ ပြောင်းထည့်ကာ အိုးအဖုံး ပိတ်ပြီး ကျက်လာတဲ့အထိ ပေါင်းထားပါ။


ကျက်မကျက် သိချင်လျှင် ဇွန်းနဲ့ စမ်းကြည့်ပါ ။ အထဲမှာ အရည်တွေ မရှိတော့ဘဲ တင်းတင်းလေး ဖြစ်လာရင် ကျက်ပါပြီ။ ပြီးလျှင် ဓားလေးနဲ့ အရာပေးပြီး ပန်းကန် ပေါ်မှောက်ချ ခွဲပြီး သုံးဆောင်နိုင်ပါပြီ။

#credit


ငှက်ပျောသီးပူတင်း

 

Image may contain: food

 

ပါဝင်ပစ္စည်း

 

၁။ငှက်ပျောသီး ( ကြိုက်နှစ်သက်ရာ) ၅လုံး
၂။ကြက်ဥ ၃လုံး
၃။နို့ဆီ ဟင်းစားဇွန်း ၅ဇွန်း
၄။နို့စိမ်း ဟင်းစားဇွန်း ၁၀ဇွန်း
၅။သကြား ဟင်းစားဇွန်း ၂ဇွန်း
၆။ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၇။ self raising flour ဂျုံမှုန့် ၂၅၀ ml ( ကော်ဖီခွက် ၁ခွက်စာ)

 

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်း ၁မှ၆အထိ blender ထဲ သမအောင်ရောမွှေပါ။ ဂျုံမှုန့် ကို ဇကာချ၍ သမအောင် ရောမွှေပါ။ ဂျုံအခဲမကျန်အောင် သတိထား၍ မွှေပါ။

 

အပေါ်က ဘိန်းစေ့ နဲ့ almond chips လေးတွေဖြူးထားပါတယ်။ (ကိုယ်ကြိုက်နှစ်သက်ရာ ဖြူးနိုင်ပါတယ်။) အပူချိန် ၁၅၀ ဒီဂရီနဲ့ နာရီဝက် ဖုတ်ပါ။ ကျွန်မကတော့ အပေါ်မီးသက်သက်ပဲပါတဲ့ convention oven ကိုသုံးထားပါတယ်။  အောက်ဘက်ကိုလဲ ရိုးရိုး မီးဖိုအပြားပေါ်မှာ မီးငွေ့ငွေ့နဲ့ ခဏပြန်ထားထားပေးပါ။ ပြီးရင်တော့ အရသာရှိလှတဲ့ ငှက်ပျောပြီးပူတင်းကို စားသုံးနိုင်ပါပြီ။

#credit su'homemade

 

ငှက်ပျောအုန်းလုံးကြော်

 

Image may contain: food

 

ပါဝင်ပစ္စည်းနှင့် ပြုလုပ်နည်း

 

ငှက်ပျောသီး - ၄လုံး
ဂျုံ - ၄ ဇွန်း (ဇွန်းမောက်မောက်)
အုန်းသီးဆံ - ပါးပါးလေး လှီး
သကြား - ၁ဇွန်း
ဆား - နည်းနည်း တို့ကို ရောပီးလက်နဲ့ခြေ/ နယ် (ဖျော်စက်ထဲ ထဲ့မကြိတ်ရပါ)ပြီးရင် ဆီပူထဲထဲ့ကြော်ရုံပါပဲ။

#credit


ငှက်ပျောမွှေကြော် အိအိလေး

 

Image may contain: food

 

တစ်ကယ်လို့ အရမ်းချိုတာကို ကြိုက်ရင်တော့ သကြားကို သင့်သလို ထည့်စားနိူင်ပါတယ်။ ဒါကြောင့်မို့လို့ ငှက်ပျောသီး မွှေကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ


ငှက်ပျောသီး - ဆယ်လုံး
တန်ပူရာမှုန့် - တစ်ခွက်ခွဲ (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
ရေ - 200 ml
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆီ - လိုသလောက် သုံးပေးပါ

 

ပြုလုပ်နည်း


ဇလုံတစ်လုံးထဲမှာ ဆား တန်ပူရာမှုန့်နှင့် ရေတို့ကို ရောပြီး အမှုန့်များ ကျေသွားအောင် ချေထားပေးပါ။ နောက်ထပ် ဇလုံတစ်လုံးထဲမှာ ငှက်ပျောသီးများကို အခွံနွာပြီး ကျေသွားတဲ့အထိ ချေထားပါ။ ငှက်ပျောသီးများ ကျေသွားတာနဲ့ အရည် ဖျော်ထားသော

 

မုန့်နှစ်ထဲမှာ သမသွားအောင် မွှေပေးပါ။ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ပေးပြီး ဆီကိုမီးအနေတော်နှင့် အပူပေးပါ။ ဆီပူလာပါက မုန့်နှစ်လူးထားသော ငှက်ပျောသီး မုန့်နှစ်ကို ထမင်းစားဇွန်း ဇွန်းရှည်ဖြင့် တစ်ဇွန်းစာလောက် ခပ်ပေးပြီး ဆီပူထဲကို ထည့်ပေးပါ။ အထက်ပါ နည်းအတိုင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ။


တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ။ ဆီစစ်သွားတဲ့အခါမှာ အိအိလေးနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ငှက်ပျောကြော် အိအိမွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။
#credit

 

By Myanmar Food Guide

 

Source:ESM

Read times Last modified on Sunday, 30 August 2020 13:35
Rate this item
(0 votes)