Food & Livestock
ထန်တလန်မြို့နယ်တွင် ၄ လအတွင်း ဝက် ၁၈၇ ကောင်သေဆုံးမှုဖြစ်ပွား
ချင်းပြည်နယ် ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှ မေ ၂၉ ရက် ညနေအထိ
Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါကြောင့် ဝက် ၁၈၇ ကောင် သေဆုံးမှုဖြစ်ပွား ခဲ့ပြီး တစ်ပတ်အတွင်း ထပ်မံရောဂါကူးစက်ခံရသည့် ဝက်ကောင်ရေ ၁၃ ကောင်ရှိကြောင်း၊ ထန်တလန် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးလျန်ဘွေးက ဆင်ဟွာကို မေ ၃၀ ရက်တွင်ပြောသည်။
ဦးလျန်ဘွေးက “၂ လပိုင်းလောက်မှာ ဝက်တွေစာရင်း ကောက်ရင်း သိလာရတာဖြစ်တယ်။ဒီရောဂါက ဝက်တုပ်ကွေး နဲ့ တော့ မတူဘူး။ အရင် က ထန်တလန်မှာ မဖြစ်ဖူးဘူး။ တစ်ချို့ တိုင်းဒေသကြီး တွေမှာ တော့ တခါတလေ ဖြစ်တာတွေ့ရတတ်တယ်။ ဝက်တွေက ရောဂါကူးစက်ခံရပြီး ၂ ရက် ၃ ရက် အတွင်းမှာ သေဆုံးတာပါ။ ကျွန်တော်တို့ ဖေဖော်ဝါရီမှာ ဝက်သေတာ တွေစဖြစ်တော့ ကျန်းမာရေးမကောင်းတဲ့ အိမ်မွေးဝက်သုံးကောင်ရဲ့ သွေးနမူနာများ ရယူပြီး မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့တဲ့အခါ ဝက်အားနည်းရောဂါဖြစ်တယ် ဆိုတာ သိရပါတယ်’’ ဟုပြောသည်။
အဆိုပါ Porcine Circovirus Type-2 (PCV-2) ဝက်အားနည်းရောဂါ သည် ဝက်မှ ဝက်သို့ ကူးစက်နိုင်ကြောင်း၊ လူသို့ မကူးစက်နိုင်ကြောင်း ဆိုသည်။ဝက်အားနည်းရောဂါသည် အိမ်မွေးဝက်နှင့်တောဝက်များတွင်အဖြစ်များပြီး ရောဂါလက္ခဏာအနေဖြင့် အစာမစား ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါများဝင်ရောက်၍ သေဆုံးခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက် သေဆုံးခြင်း စသည့်ရောဂါလက္ခဏာများတွေ့ရကြောင်း သိရသည်။
ဦးလျန်ဘွေးက “ကျွန်တော်တို့ အနေနဲ့ ရောဂါထိန်းချုပ်ဖို့အတွက် ဝက်ခြံတွေ မှာ ပိုးသတ်ဆေးတွေ လိုက်ဖျန်းပေးပါတယ်။ ပိုးသတ်ဆေးဖျန်းတဲ့အခါ လည်း တစ်နေ့ ၂ ခြံလောက် ဖျန်းပေးနေပါတယ်။ ဝက်မွေးသူတွေအနေနဲ့ လည်းဌာန နဲ့ ပူးပေါင်းစေချင်ပါတယ်။ ထန်တလန်မြို့နယ်မှာ ဝက်အကောင်ရေ ၁၉၂၅ ရှိပါတယ်။ ရောဂါထိန်းချုပ်ရေးတွေ ကို ဂရုတစိုက်ဆောင်ရွက်နေလို့ ထပ်မံ ကူးစက်ခံရမှု နည်းသွားပါပြီ’’ ဟုဖြည့်စွက်ပြောကြားသည်။
အဆိုပါ ဝက်အားနည်းရောဂါ အားကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မွေးမြူ ရေးတိရစ္ဆာန်များကို လုံခြုံသောခြံဝင်းဖြင့် သီးခြားထားရှိခြင်း၊ ခြံအတွင်းသို့ လူ၊ ယာဉ်၊ ပစ္စည်းအဝင်၊ အထွက်ထိန်းချုပ်ခြင်း၊ ဝက်ခြံသန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း များလုပ်ရန် ပညာပေးအစီအစဉ်များဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဝက်မွေးမြူရေးခြံများတွင် ပိုးသတ်ဆေး ဖျန်းပေးခြင်းအပြင် ဝက်အားနည်းရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(Xinhua)
ထန္တလန္ၿမိဳ႕နယ္တြင္ ၄ လအတြင္း ဝက္ ၁၈၇ ေကာင္ေသဆုံးမႈျဖစ္ပြား
ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕၌ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ မွ ေမ ၂၉ ရက္ ညေနအထိ Porcine Circovirus Type-2 (PCV-2) ဝက္အားနည္းေရာဂါေၾကာင့္ ဝက္ ၁၈၇ ေကာင္ ေသဆုံးမႈျဖစ္ပြား ခဲ့ၿပီး တစ္ပတ္အတြင္း ထပ္မံေရာဂါကူးစက္ခံရသည့္ ဝက္ေကာင္ေရ ၁၃ ေကာင္ရွိေၾကာင္း၊ ထန္တလန္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန႐ုံးမွ လက္ေထာက္ႀကီးၾကပ္ေရးမႉး ဦးလ်န္ေဘြးက ဆင္ဟြာကို ေမ ၃၀ ရက္တြင္ေျပာသည္။
ဦးလ်န္ေဘြးက “၂ လပိုင္းေလာက္မွာ ဝက္ေတြစာရင္း ေကာက္ရင္း သိလာရတာျဖစ္တယ္။ဒီေရာဂါက ဝက္တုပ္ေကြး နဲ႔ ေတာ့ မတူဘူး။ အရင္ က ထန္တလန္မွာ မျဖစ္ဖူးဘူး။ တစ္ခ်ိဳ႕ တိုင္းေဒသႀကီး ေတြမွာ ေတာ့ တခါတေလ ျဖစ္တာေတြ႕ရတတ္တယ္။ ဝက္ေတြက ေရာဂါကူးစက္ခံရၿပီး ၂ ရက္ ၃ ရက္ အတြင္းမွာ ေသဆုံးတာပါ။ ကြၽန္ေတာ္တို႔ ေဖေဖာ္ဝါရီမွာ ဝက္ေသတာ ေတြစျဖစ္ေတာ့ က်န္းမာေရးမေကာင္းတဲ့ အိမ္ေမြးဝက္သုံးေကာင္ရဲ႕ ေသြးနမူနာမ်ား ရယူၿပီး မႏၲေလး တိရစာၦန္ေရာဂါရွာေဖြေရး ဓာတ္ခြဲခန္းကို ေပးပို႔စစ္ေဆးခဲ့တဲ့အခါ ဝက္အားနည္းေရာဂါျဖစ္တယ္ ဆိုတာ သိရပါတယ္’’ ဟုေျပာသည္။
အဆိုပါ Porcine Circovirus Type-2 (PCV-2) ဝက္အားနည္းေရာဂါ သည္ ဝက္မွ ဝက္သို႔ ကူးစက္ႏိုင္ေၾကာင္း၊ လူသို႔ မကူးစက္ႏိုင္ေၾကာင္း ဆိုသည္။ဝက္အားနည္းေရာဂါသည္ အိမ္ေမြးဝက္ႏွင့္ေတာဝက္မ်ားတြင္အျဖစ္မ်ားၿပီး ေရာဂါလကၡဏာအေနျဖင့္ အစာမစား ျခင္း၊ အသည္းေရာင္အသားဝါျဖစ္ျခင္း၊ အျပာကြက္မ်ားထျခင္း၊ ေရာဂါျပင္းထန္ၿပီး အျခားေရာဂါမ်ားဝင္ေရာက္၍ ေသဆုံးျခင္း၊ ေရာဂါလကၡဏာမျပဘဲ ႐ုတ္တရက္ ေသဆုံးျခင္း စသည့္ေရာဂါလကၡဏာမ်ားေတြ႕ရေၾကာင္း သိရသည္။
ဦးလ်န္ေဘြးက “ကြၽန္ေတာ္တို႔ အေနနဲ႔ ေရာဂါထိန္းခ်ဳပ္ဖို႔အတြက္ ဝက္ၿခံေတြ မွာ ပိုးသတ္ေဆးေတြ လိုက္ဖ်န္းေပးပါတယ္။ ပိုးသတ္ေဆးဖ်န္းတဲ့အခါ လည္း တစ္ေန႔ ၂ ၿခံေလာက္ ဖ်န္းေပးေနပါတယ္။ ဝက္ေမြးသူေတြအေနနဲ႔ လည္းဌာန နဲ႔ ပူးေပါင္းေစခ်င္ပါတယ္။ ထန္တလန္ၿမိဳ႕နယ္မွာ ဝက္အေကာင္ေရ ၁၉၂၅ ရွိပါတယ္။ ေရာဂါထိန္းခ်ဳပ္ေရးေတြ ကို ဂ႐ုတစိုက္ေဆာင္႐ြက္ေနလို႔ ထပ္မံ ကူးစက္ခံရမႈ နည္းသြားပါၿပီ’’ ဟုျဖည့္စြက္ေျပာၾကားသည္။
အဆိုပါ ဝက္အားနည္းေရာဂါ အားကာကြယ္ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေမြးျမဴ ေရးတိရစာၦန္မ်ားကို လုံၿခဳံေသာၿခံဝင္းျဖင့္ သီးျခားထားရွိျခင္း၊ ၿခံအတြင္းသို႔ လူ၊ ယာဥ္၊ ပစၥည္းအဝင္၊ အထြက္ထိန္းခ်ဳပ္ျခင္း၊ ဝက္ၿခံသန႔္ရွင္းမႈရွိေအာင္ ေဆာင္႐ြက္ျခင္း မ်ားလုပ္ရန္ ပညာေပးအစီအစဥ္မ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔အျပင္ ဝက္ေမြးျမဴေရးၿခံမ်ားတြင္ ပိုးသတ္ေဆး ဖ်န္းေပးျခင္းအျပင္ ဝက္အားနည္းေရာဂါဆိုင္ရာ အသိပညာေပးလက္ကမ္း စာေစာင္မ်ားျဖန႔္ေဝျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
(Xinhua)



