Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်ပေါင်း (၈၀) ကျော် သုတေသနပြုထားသော ဂျပန်နိုင်ငံ ထိပ်တန်း နို့ချဉ်

ဂျပန်နိုင်ငံတွင် ထိပ်တန်းနို့ချဉ်အမှတ်တံဆိပ်ဖြစ်သည့် ယာခုရုတိုကို ပထမဆုံးအကြိမ်မိတ်ဆက်ခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့ ၊ နံနက်ပိုင်းက အဆိုပါစက်ရုံ တည်ရှိရာနေရာ ရန်ကုန်မြို့၊ သီလဝါ စက်မှု့ဇုန်တွင် ပြုလုပ်ခဲ့ပါတယ်။

 

အရည်အသွေးစိစစ်ထိန်းချုပ်ထားပြီး မြန်မာလူမျိုးများအတွက် ထုတ်လုပ်ထားသည့် ယာခုရုတိုမြန်မာ၏ အဆင့်မြင့်အရည်အသွေးမြင့် ယာခုရုတိုနို့ချဉ်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် နှင့် စက်ရုံတွင် လည်ပတ်ဆောင်ရွက်နေသော အဆင့်မြင့် နည်းပညာများကို မီဒီယာအဖွဲ့ဝင်များက လေ့လာခဲ့ ပါတယ်။

 

အဆိုပါ သတင်းမီဒီယာ မိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာလူမျိုးများ အနေဖြင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနည်းတူ အရည်အသွေးမြင့်ယာခုရုတို နို့ချဉ်များကို သောက်သုံးနိုင်ရန်အတွက် အတွေ့အကြုံ ပြည့်ဝသော ကျွမ်းကျင် ဂျပန်ပညာရှင်များမှ  စနစ်တကျ အရည်အသွေးစိစစ်ထိန်းချုပ်ထုတ်လုပ်နေပုံ အဆင့်ဆင့်ကို သတင်း မီဒီယာအဖွဲ့များမှ လေ့လာခဲ့ကြပါတယ်။

 

ထို့နောက်တွင် ယာခုရုတို၏ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိချက်များ နှင့် ယာခုရုတို သမိုင်းကြောင်း ဗီဒီယိုမှတ်တမ်းအားလည်း ကြည့်ရှုခဲ့ကြ ပါတယ်။

 

“ကျွန်ပ်တို့သည် လူနေမှုဘဝသိပ္ပံနှင့် အဏုဇီဝဆိုင်ရာ စဉ်ဆက်မပြတ် သုတေသန လေ့လာ တွေ့ရှိချက်များအပေါ် အခြေခံ၍ ကမ္ဘာပေါ်ရှိလူသားအားလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေး  ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်” ဟူသော ခံယူချက်ဖြင့် ယာခုရုတိုသည် လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်းများစွာ၊ နေရာဒေသပေါင်း များစွာသို့ ဈေးကွက် ချဲ့ထွင်ကာ ၎င်း၏ ထုတ်ကုန်များကို ရောင်းချလျက် ရှိပါတယ်။

 

Read More >>>>>   ရခိုင်အစားအစာ သီးစုံရခိုင်လှော်ဟင်း

 

ယခုအခါ ယာခုရုတို ထုတ်ကုန်များသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၃၉) နိုင်ငံတွင် ဖြန့်ချိရောင်းချနေပြီဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ယာခုရုတိုကို ဝယ်ယူရရှိနိုင်သော (၄၀) မြောက် နိုင်ငံ ဖြစ်လာပါတယ်။

 

အာဆီယံနိုင်ငံများအတွင်း ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယာခုရုတိုသည်လည်း မြန်မာနိုင်ငံတွင် ယာခုရုတိုမြန်မာကို စတင်လာခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် ယာခုရုတိုကို စတင်ဖြန့်ချိသည့်အချိန်တွင်လည်း မြန်မာအိမ်ထောင်ရှင်အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယာခုရုတိုအမျိုးသမီးဟု ခေါ်သော Yakult Ladies များက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသောစနစ်ဖြင့် ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 01 August 2019 14:13
Rate this item
(0 votes)