Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်က စိန်တစ်လုံးသရက်တွေ ပြည်တွင်းဈေးကွက်ကို ထိုးဖောက်လာမှာစိုးရိမ်နေ

တရုတ်နိုင်ငံမှာ စိုက်ပျိုးတဲ့ စိန်တစ်လုံးသရက်တွေ ပြည်တွင်းဈေး ကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာ မှာ ကို လုပ်ငန်းရှင်အချို့က စိုးရိမ်နေပါ တယ်။

 

'ရှေ့မှာလဲ အဲဒီလို ဥပမာတွေ ရှိတယ်၊ ပန်းသီးဆိုရင် ချင်းပြည်နယ်က ပန်းသီးက အကောင်းဆုံးပဲ၊နောက်ပိုင်းတရုတ်က နေ ပြီးတော့ ပန်းသီးပြန်သွင်းတာ ၊ သရက်သီး တောင် ပြန်မသွင်းဘူးလို့ မပြောနိုင်ဘူး”လို့ သရက်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်း ချသူတွေထဲမှာ လူသိများထင်ရှားတဲ့ မန္တ လေးမြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါ တယ်။

 

တရုတ်ပြည် လုကျန့်ပါက စိန်တစ် လုံးတဲ့ မန်စီသစ်သီး ကွင်း မှာ ရောင်းနေတာ”ဟု ဆို ကာ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တဲ့ ပို့စ် တစ် ခု ဖေ့စ် ဘုတ်ခ်စာ မျက် နှာမှာ တက် လာ ခဲ့ပြီး နောက် ဒါ ဟာ မြန်မာ့သ ရက်ပြည်ပ တင်ပို့တဲ့ ဈေး ကွက် အ တွင်း စိုးရိမ်စရာ တစ်ခု ဖြစ်တယ် လို့ လုပ်ငန်းရှင်အချို့က ရှုမြင်ယူဆလာ ကြ တာပါ။

 

ကျွန်တော် ပြောခဲ့တယ် နော် မကြာတဲ့ကာလ တစ် ခုမှာ မြန်မာစိန် တစ် လုံး ကို တရုတ် ပြည်က ပြန် သွင်း လာ လိမ့်မယ်လို့ ရှေ့ မှာ လိမ္မော်သီး တွေ၊ သစ်တော် သီး တွေ ပန်းတွေသာဓက ရှိတယ်ဗျ လို့ “တ ရုတ်ပြည် လုကျန့်ပါက စိန်တစ်လုံး က မန်စီ သစ်သီးကွင်းမှာ ရောင်းနေတာ˘ လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ တဲ့ ပို့စ်ကို ပြန် လည် ဖော်ပြပြီး သစ်သီးစိုက် ပျိုးထုတ် လုပ် ရောင်းချသူက ရေးသားမျှ ဝေ ပါတယ်။

 

မြန်မာ့သရက်ပြည်ပတင်ပို့တဲ့ ဈေး ကွက်ချဲ့ထွင်နိုင်ရေးအတွက် အဘက် ဘက်က ဝိုင်းဝန်းကြိုးပမ်းနေသလို အိမ်နီး ချင်းနိုင်ငံတွေရဲ့ စိုက်ပျိုးထုတ် လုပ် နိုင်စွမ်းနဲ့ ထွက်ရှိမှုကလည်း အံ့မခန်းတိုး တက် နေ တယ်။ သည်အခြေအနေကို အမီ လိုက်ဖို့ လိုအပ်ပါတယ်။

 

ဒါကြောင့်စိတ်ချရတဲ့    အိတ်စပို့ကွာလတီ အရည်အသွေး၊ထုပ်ပိုးမှုနည်းစနစ်၊ ဈေးကွက်အလားအလာ စတာတွေကို အ ခြေခံတောင်သူတွေ သိရှိအောင် ပညာပေး မှုတွေ၊ ဆွေးနွေးပို့ချမှုတွေလုပ်ဖို့ လိုအပ် နေပါတယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အ တွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောပါ တယ်။

 

Source: Kumudra

Read times Last modified on Tuesday, 18 September 2018 13:08
Rate this item
(4 votes)