Food & Livestock
ယူကရိန်းမှ ပထမဆုံးထွက်ခွာသည့် ကုန်တင်သင်္ဘောမှ ပြောင်းများ ဝယ်လက်က ဝယ်ဖို့ ငြင်းဆန်
ယူကရိန်းမှ ပထမဆုံးထွက်ခွာသည့် ကုန်တင်သင်္ဘောမှ ပြောင်းများ ဝယ်လက်က ဝယ်ဖို့ ငြင်းဆန်
ပထမဆုံး ယူကရိန်းပြောင်း ကုန်တင်သင်္ဘောသည် ဆီးရီးယား အနီးသို့ ရောက်ရှိလာသည်ဟု သင်္ဘော သတင်းရင်းမြစ်များက ပြောသည်။
ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံ တင်ပို့မှုများ ပြန်လည်စတင်ရန် လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ကုလသမဂ္ဂမှ ကြားဝင်စေ့စပ်ထားသည့် သဘောတူညီချက်အရ ယူကရိန်းမှ ထွက်ခွာလာခဲ့သည့် ပထမဆုံးသင်္ဘောသည် တနင်္ဂနွေနေ့ (ဩဂုတ် ၁၄ ရက်) တွင် ဆီးရီးယားနိုင်ငံ Tartous ဆိပ်ကမ်းအနီးသို့ ရောက်ရှိကြောင်း သင်္ဘောသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။
ဆီယာရာလီယွန် Sierra Leone အလံလွှင့်တင်ထားသော ကုန်တင်သင်္ဘော Razoni သည် ဩဂုတ်လ ၁ ရက်တွင် ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ပါသည်။
ပြောင်းတန်ချိန် ၂၆၊၀၀၀ ကို လက်ဘနွန်သို့ ပို့ဆောင်ရန် မူလက စီစဉ်ခဲ့ပါသည်။ဘက်ဘနွန်တွင် လူဦးရေ၏ ထက်ဝက်ခန့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ေနစေသည့် ပြင်းထန်သော စီးပွားရေး အကျပ်အတည်းကို ကြုံတွေ့နေရသည်။
သို့သော်လည်း မူရင်းဝယ်သူက ပြောင်းအရည်အသွေးကို စိတ်မချသဖြင့် လက်ခံရယူရန် ငြင်းပယ်ခဲ့ပါသည်။ သို့ဖြစ်ရာ ကုန်တင်သင်္ဘော Razoni သည် တူရကီနိုင်ငံသို့ သွားရောက်ပြီး ဩဂုတ်လ ၁၁ ရက်တွင် Mersin တွင် ရပ်နားထားခဲ့ပါသည်။
Mersin သည် တူရကီနိုင်ငံ တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ ဖြစ်ပါသည်။ မြေထဲပင်လယ်ဘကမ်းခြေတွင် တည်ရှိပါသည်။
နောက်တစ်နေ့တွင် ကုန်တင်သင်္ဘော Razoni သည် ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပါသည်။ သင်္ဘောတည်နေရာ သတင်းပို့သည့် transponder ကို ပိတ်ထားခဲ့ပါသည်။
ယခုအခါ ဆီးရီးယားနိုင်ငံ အနောက်မြောက်ရှိ ဆိပ်ကမ်းဆီသို့ ရောက်လာပြီဖြစ်ကြောင်း သင်္ဘောသတင်းရစ်မြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားပါသည်။
ဖေဖော်ဝါရီက ရုရှားကျူးကျော်ပြီးနောက် ယူကရိန်း သိုလှောင်ရုံများမှ လုယူသည့် ကောက်ပဲသီးနှံ အနည်းဆုံး တန်ချိန် ၁၅၀,၀၀၀ ကို ဆီးရီးယားက တင်သွင်းသည်ဟု ယူကရိန်းက စွပ်စွဲထားသည်။
ယူကရိန်း အရှေ့ပိုင်းဒေသများ ဖြစ်သော Luhansk နှင့် Donetsk ဒေသများ၏ လွတ်လပ်ရေးကို ဆီးရီးယားက အသိအမှတ်ပြုပြီးနောက် ယူကရိန်းသည် ဆီးရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။
ကုန်တင်သင်္ဘော Razoni မှ ပြောင်းများကို ဆီးရီးယား ဝယ်ယူသဖြင့် ကုန်တင်သင်္ဘော Razoni က ခြေရာဖျောက်ပြီး ဆီးရီးယားသို့ သွားရောက်ခြင်း ဖြစ်မည် ဟု ယူဆရပေသည်။
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source: Reuters



