Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်ကုန်သွယ်ရေး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရေထွက်ပစ္စည်း စသည့်ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ် ထုတ်ပြန်ချက်

နယ်စပ်ကုန်သွယ်ရေး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရေထွက်ပစ္စည်း စသည့်ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ် ထုတ်ပြန်ချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

နယ်စပ်ကုန်သွယ်ရေး ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စာအမှတ်၊ အက်ဖ်သီး - ၁/ ပက/ ၃၃၆၅ ကို  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


အကြောင်းအရာ၊ နယ်စပ်ကုန်သွယ်ရေးမှရရှိသည့် ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ

 

ရည် ညွှန်း ချက် ။  (၁) (၁၈-၈-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၆/ ၂ဝ၂၂) ၏ အစည်းအဝေးဆုံးဖြတ်ချက်

.

(၂) (၁၅-၁၁-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၈/ ၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်

.

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၂) ဆုံးဖြတ်ချက် အပိုဒ် ၁ (၄) တွင် “ပြည်ပသို့ နယ်စပ်မှ တင်ပို့သည့် အောက်ဖော်ပြပါပစ္စည်းများ၏ ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ အဆိုပါရငွေသည် အမေရိကန်ဒေါ်လာနှင့်ပေးချေရန် ခက်ခဲနေသည့် ကုန်ပစ္စည်းများအတွက်ဖြစ်ပါက ယွမ်နှင့်ဖြစ်စေ၊ ဘတ်နှင့်ဖြစ်စေ ပေးချေရန်နှင့် အဆိုပါ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအား အမေရိကန်ဒေါ်လာဖြင့် တွက်ချက်၍ ညီမျှသောပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ဈေးနှုန်းဖြင့် အလုပ်လုပ်ရက် (၁) ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူရန်နှင့် ကျန် ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် ရက် ၃ဝ အတွင်း မိမိကိုယ်တိုင်အတွက် လွတ်လပ်စွာသုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းကို ဆောင်ရွက်ရန်-

.

(က) ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ)

( ခ )ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း).

( ဂ ) ပြောင်း

(ဃ) ရာဘာ

( င ) ရေထွက်ပစ္စည်း (ငါးမျိုးစုံ၊ ပုဇွန်၊ ဂဏန်း၊ ငါးရှဉ့်)

( စ ) တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း (ကျွဲအရှင်၊ နွားအရှင်၊ ဆိတ်အရှင်၊ ကျွဲ သားရေ၊ နွားသားရေ၊ ဆိတ်သားရေး အမဲသားနှင့် အသားခြောက်)*

ဟု ဆုံးဖြတ်ခဲ့ပါသည်။

.

၂။ ထို့ပြင် FESC (၆၈/၂၀၂၂) ဆုံးဖြတ်ချက်အပိုဒ် ၁ (၀) တွင် * E5C (၆၆/၂၀၂၂) ဆုံးဖြတ်ချက် အပိုဒ် ၁ (၄) ပြင်ဆင်ချက်နှင့်ပတ်သက်၍ ပြည်ပသို့ နယ်စပ်မှတင်ပို့သည့် ပစ္စည်းများအတွက် တရုတ်ယွမ်ထိုင်းဘတ်နှင့်ရရှိသည့် ပို့ကုန်ရငွေများအနက် ၁၅ % မှာ လွတ်လပ်စွာ ရောင်းချနိုင်ပြီး ၆၅ % ကို usb convert ပြုလုပ်ပြီး FESC သို့ တင်ပြရန်၊ ၆၅ % အတွက် တရုတ်ယွမ်နှင့် ထိုင်းဘတ်ကို မြန်မာကျပ်ငွေပြောင်းလဲရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် တင်ပို့သူအား ပေးချေရန်" ဟု ဆုံးဖြတ်ခဲ့ပါသည်။

.

၃။ သို့ဖြစ်ပါ၍ FESC ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နယ်စပ်တွင် အထက်အပိုဒ် (၁) ပါ ကုန်စည်များအား တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း ညွှန်ကြားပါသည်

.

(က) ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်တင်ပို့ခြင်းမှ တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ % အား အလုပ်လုပ်ရက် (၁) ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တွင် နေ့စဉ်ထုတ်ပြန်ကြေညာသည့် နိုင်ငံခြားငွေအမျိုးအစားအလိုက် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူရန်၊

.

( ခ ) ဝယ်ယူထားသည့် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့အား အမေရိကန်ဒေါ်လာနှင့် တန်ဖိုးသင့်၍ ဘဏ်မှ ရောင်းချနိုင်သည့်ပမာဏအဖြစ် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြရန်၊

.

( ဂ ) ပိုကုန်ရငွေ၏ ၃၅ % အား ပို့ကုန်တင်ပို့သူ ကိုယ်တိုင်အတွက်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရ ဘဏ်သို့ ရောင်းချခြင်းစသည့် Transaction များကို ဆောင်ရွက်ပေးရန်၊

.

(ဃ) ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေ ဝယ်ယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် ၎င်းတို့ ဝယ်ယူထားသည့် ပို့ကုန်ရငွေကို မိမိကိုယ်တိုင်အတွက်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များများသို့ ပြန်လည်ရောင်းချခြင်းကိုသာ ဆောင်ရွက်ပေးရန်၊

.

( င ) အထက်အပိုဒ် ၃ (ခ) နှင့် (ဂ) ပါ အတိုင်း ဆောင်ရွက်ခြင်းကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက်ပေါင်း (၃၀) အတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်ပေါင်း (၃၀) ပြည့်ပြီး သုံးစွဲမှု မရှိသော ကျန်ငွေကို AD လိုင်စင်ရဘဏ်များက ဝယ်ယူရန်၊

.

(စ) တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အစီအစဉ်အောက်မှဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားငွေဆိုင်ရာဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ Electronic Reporting System (ERS) of Statistics Module con Border Trade Inward/ Outward & Special Study Border Module apo Utilization of Export Proceeds ကို အသုံးပြု၍ ညွှန်ကြားချက်များနှင့်အညီ မပျက်မကွက် သတင်းပေးပို့ရန်။

.

၄။ ဤညွှန်ကြားချက်အား (၂၁-၁၁-၂၀၂၂)ရက်နေ့မှစ၍ လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း အကြောင်းကြားပါသည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 23 November 2022 07:16
Rate this item
(0 votes)