Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ နယ်စပ်မှ ကျွဲ၊ နွား တရားဝင်တင်ပို့နိုင်မည်ဟုဆို

တရုတ်နိုင်ငံသို့ နယ်စပ်မှ ကျွဲ၊ နွားများ မကြာမီတရားဝင် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

 

မြန်မာ၊ တရုတ်နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ တိရစ္ဆာန် ရောဂါကင်းရှင်းမှုနှင့်ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် တရားဝင်တင်ပို့နိုင်မည်ဟု ၎င်းကပြောကြားသည်။

 

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းမှုသည်နောက်ဆုံးအဆင့် ရောက်ရှိနေပြီဟု ဆိုသည်။ မြန်မာနိုင်ငံမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယူနန်ပြည်နယ်အစိုးရနှင့် ကူမင်းမြို့တွင် သွားရောက်ညှိနှိုင်းထားသည်ဟု ဦးခင်မောင်လွင်က ပြောသည်။

‘‘လက်မှတ်ထိုးပြီးပြီဆိုရင် တရားဝင်သွားလို့ ရပါပြီ’’ဟု ၎င်းက ပြောသည်။

 

တရုတ်နိုင်ငံ၏ တရားမ၀င် ကုန်သွယ်မှုတားဆီးရေး စီမံချက်ကြောင့် မြန်မာနိုင်ငံမှ ကျွဲ၊ နွား ရောင်းချမှုလုပ်ငန်းများ ၂၀၁၉ ဖေဖော်ဝါရီ စတင်ရပ်ဆိုင်းခဲ့သည်။ ထို့ကြောင့် ယခုရက်ပိုင်းတွင် မူဆယ်မြို့၌ ကျွဲ၊ နွားကောင်ရေများစွာ ပိတ်မိနေကြောင်း ကုန်သည်များက ပြောသည်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားနှင့် သိုး၊ ဆိတ် အပါအ၀င် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ကန်ဒေါ်လာသန်း ၂၇၀ ခန့် ရှိခဲ့သည်။

 

တရုတ်နိုင်ငံသည် ကျွဲ၊ နွား အကောင်ရေ နှစ်သိန်းခန့်ကို နယ် စပ်ကုန်သွယ်ရေးဖြင့် တရားဝင်ဝယ်ယူရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ကမ်းလှမ်းထားသည်။ တရုတ်နိုင်ငံ စစ်ဆောင်ပန်းနား ပြည်နယ်ခွဲမှ ကုန်သည်များက မြန်မာနိုင်ငံမှ ကျွဲ၊ နွားများ တရားဝင်ဝယ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

 Read More >>>>>  ပန်းသီး၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ

ပြည်တွင်း ကျွဲ၊ နွားစားသုံးမှုသည် တစ်နှစ်လျှင် အကောင်ရေ သုံးသိန်းကျော်ရှိပြီး နှစ်စဉ်အကောင်ရေ ခုနစ်သိန်းကျော်ပိုနေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောထားသည်။

၂၀၁၄ ယာယီ တိရစ္ဆာန်သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် ကျွဲ၊ နွားအကောင်ရေ ၁၁ သန်းခွဲခန့်ရှိသည်ဟု မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနစာရင်းများတွင် ဖော်ပြထားသည်။

 

ကျွဲ၊ နွားများ ပြည်ပသို့ တင် ပို့ခွင့်ပြုခြင်းသည် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရောင်းလိုအားနှင့် ၀ယ်လိုအားဖြစ်ပေါ်နေသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်ရန်၊ မွေးမြူရေးတောင် သူများဝင်ငွေနှင့် အလုပ်အကိုင်  အခွင့်အလမ်းများ ပိုမိုရရှိစေရန် နှင့် တောင်သူများ၏ အကျိုးစီးပွား ပိုမိုကာကွယ်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဆိုသည်။

 

လက်ရှိတွင် တရုတ်သို့ ကျွဲ၊ နွားများ တရားဝင်တင်ပို့ခွင့် မပြုသေးသော်လည်း တရားမ၀င် တင်ပို့မှု ရှိနေသည်။

 

Source: 7 day news

Read times Last modified on Tuesday, 26 March 2019 11:05
Rate this item
(1 Vote)